Wednesday, February 5, 2020

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ရာထူးအား ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ခန့်အပ်ရန်စီစဉ်



ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော်သံဃမဟာနာယကက သဘောတူထားပြီး ရာထူးတရားဝင် အတည်ပြုဖို့ ပြည်တောင်စုအစိုးရကို စာပို့ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အခုလို ဆရာတော်ကို ဒုတိယပါမောက္ခချုပ်အဖြစ်ခန့်အပ်ဖို့စီစဉ်ရတာဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှာ ပါမောက္ခချုပ် ဆရာတော်ရာထူးကို ဆက်လက်ခန့်ထားဖို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်းဒုတိယပါမောက္ခချုပ်အဖြစ် အစမ်းတစ်နှစ်ခန့်ထားတာဖြစ်တယ်လို့လည်း သူက ရှင်းပြထားပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာသာသနာပြုတက္ကသိုလ် ဥပဒေအရ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ခန့်အပ်ဖို့ ကျောင်းကောင်စီက အဆိုပြုရပြီး သြဝါဒစရိယဖြစ်တဲ့ နိုင်ငံတော်သံဃမဟာနယက ဆရာတော်တွေထံမှာ သြဝါဒခံယူရမှာ ဖြစ်ပါတယ်။

အဲဒီ အဆင့်တွေပြီးရင်တော့ ပြည်ထောင်စုအစိုးရအဖွဲ့က ဒီလိုခန့်အပ်မှုကို အတည်ပြုပေးရမှာဖြစ်ပြီး အစိုးရက အတည်ပြုပေးဖို့ သာသနာရေးဝန်ကြီးဌာနကတဆင့်ပေးပို့ထားတယ်လို့လည်း ဦးဇာနည်ဝင်းက ပြောပါတယ်။ ဒုတိယပါမောက္ခချုပ်အဖြစ် ရာထူးအတည်ပြုဖို့အတွက် နှစ်ပတ်တစ်ကြိမ်ကျင်းပတဲ့ ကက်ဘိနက်အစည်းအဝေးက အတည်ပြုမှ ဖြစ်တာကြောင့် မကြာမီထုတ်ပြန်နိုင်မယ်လို့ ယူဆကြောင်းလည်း သူကပြောပါတယ်။
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၄ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသဟာ ၂၀၁၉ နိုဝင်ဘာအတွင်းက အနားယူခဲ့ပြီး ပါမောက္ခချုပ်ရာထူး လစ်လပ်ခဲ့ပါတယ်။
ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဟာ အသည်းမှာဖြစ်နေတဲ့အကြိတ်အတွက် ဆေးကုမှုခံယူဖို့ ရာထူးကနေ အနား ယူလိုက်တာလို့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ စန္ဒာဝရာဘိဝံသလည်း ၂၀၁၉ အောက်တိုဘာအတွင်းမှာ အနားယူခဲ့ပါတယ်။

ဒုတိယပါမောက္ခချုပ်ရာထူးအတွက် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သဘောတူပြီးဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒဟာ လက်ရှိ အဲဒီ တက္ကသိုလ်မှာ တရားဝင်ရာထူးက ပါမောက္ခ မဟာဌာနမှူး တာဝန်ယူထားပြီးတော့ ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်တာဝန်တွေကို တွဲဘက်ပြီး တာဝန်ထမ်းနေပါတယ်။
၂၀၀၆ -၀၇ မှာ ထေရဝါဒ သာသနာပြုတက္ကသိုလ်က Ph.D. ဘွဲ့ကိုလည်းရရှိခဲ့ပါတယ်။၂၀၁၈ ဒီဇင်ဘာလ ၁၁ ရက်က ပြဌာန်းခဲ့တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေမှာ တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ သတ်မှတ်တဲ့အရည်အချင်းတချို့နဲ့ ဒေါက်တာအရှင်ဆေကိန္ဒက မပြည့်မီတဲ့ အပိုင်းရှိတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးဇာနည်ဝင်းက ဒေါက်တာအရှင်ဆေကိန္ဒ မှာ အခြားသောသတ်မှတ်ဂုဏ်အင်္ဂါ အကုန်ပြည့်စုံပြီး ပရိယတ္တိမှာ ဘိဝံသ ဘွဲ့ မရရှိတာက လွဲလို့ ကျန်တဲ့ အချက်တွေမှာ အကုန်ပြည့်စုံတယ်လို့ ပြောပါတယ်။

" အခြားစာသင်တိုက်တွေမှာ ဒီဘွဲ့က အရေးကြီးကောင်း ကြီးလိမ့်မယ် ဒီထေရဝါဒ သာသနာပြုတက္ကသိုလ် ဥပဒေမှာ အင်္ဂလိပ်လို သင်ကြားပို့ချတော့ အင်္ဂလိပ်လိုကလည်း အရေးကြီးတယ်။ သို့သော်လည်း လက်ရှိမှာတော့ ပါချုပ်လည်းမရှိ၊ ဒုပါချုပ်လည်းမရှိတော့ ဒီအချက်ကိုထောက်ပြီး ဆရာတော်ကြီးတွေက သဘောတူလိုက်တာပါ" လို့ ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒဟာ လက်ရှိမှာလည်းပရဟိတလုပ်ငန်းတွေ လုပ်နေသလို လူပေါင်းစုံ အဖွဲ့ အစည်းပေါင်းစုံ နဲ့ ဆက်သွယ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

အရှင်ဆေကိန္ဒ ကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာ ဖွားမြင်ပါတယ်။ သက်တော် ၆၂ ရှိပြီးတော့ နိုင်ငံတော်အစိုးရက ဆက်ကပ်တဲ့ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က M.A. (Buddhism) နဲ့ ၂၀၀၆ -၀၇ မှာPh.D. ဘွဲ့တို့ကိုလည်း ရရှိခဲ့ပါ တယ်။ ဆရာတော်ဟာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘွဲ့ကိုလည်း အခုနှစ်ထဲမှာရရှိခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် နဲ့ ဒုတိယပါမောက္ခချုပ် ရာထူးအတွက် သက်တော် ၅၀ နှစ်၊ သိက္ခာ တော် ဝါ ၃၀ ရှိရန်၊ ပါရဂူဘွဲ့ ရရှိပြီးဖြစ်ရန်၊ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရန်၊ ရဟန်းရှင်လူတို့ လေးစားထိုက်သော ကျမ်းစာအုပ် ကို ရေးသားပြုစုဖူးသော ဆရာ တော်ဖြစ်ရန်လို့ တက္က သိုလ် ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် သတ်မှတ် ပရိယတ္တိစာမေးပွဲ အနည်းဆုံး သုံးခုအောင်မြင်ရမယ်လို့လည်း ပါရှိပါတယ်။
<<Zawgyi>>
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ရာထူးအား ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ခန့်အပ်ရန်စီစဉ်
Thursday , February 6 , 2020
ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကက သဘောတူထားပြီး ရာထူးတရားဝင် အတည်ပြုဖို့ ပြည်တောင်စု အစိုးရကို စာပို့ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အခုလို ဆရာတော်ကို ဒုတိယပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ရတာဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှာ ပါမောက္ခချုပ် ဆရာတော်ရာထူးကို ဆက်လက်ခန့်ထားဖို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း ဒုတိယပါမောက္ခချုပ်အဖြစ် အစမ်းတစ်နှစ်ခန့်ထားတာဖြစ်တယ်လို့လည်း သူက ရှင်းပြထားပါတယ်။

ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ် ဥပဒေ အရ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ခန့်အပ်ဖို့ ကျောင်းကောင်စီက အဆိုပြုရပြီး သြဝါဒစရိယဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနယက ဆရာတော်တွေထံမှာ သြဝါဒခံယူရမှာ ဖြစ်ပါတယ်။

အဲဒီ အဆင့်တွေပြီးရင်တော့ ပြည်ထောင်စုအစိုးရအဖွဲ့က ဒီလိုခန့်အပ်မှုကို အတည်ပြုပေးရမှာ ဖြစ်ပြီး အစိုးရ က အတည်ပြုပေးဖို့ သာသနာရေး ဝန်ကြီးဌာနကတဆင့် ပေးပို့ထားတယ်လို့ လည်း ဦးဇာနည်ဝင်းက ပြောပါတယ်။ဒုတိယ ပါမောက္ခချုပ်အဖြစ် ရာထူးအတည်ပြုဖို့ အတွက် နှစ်ပတ်တစ်ကြိမ်ကျင်းပတဲ့ ကက်ဘိနက် အစည်းအဝေးက အတည်ပြုမှာ ဖြစ်တာကြောင့် မကြာမီ ထုတ်ပြန်နိုင်မယ်လို့ ယူဆကြောင်းလည်း သူကပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၄ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသဟာ ၂၀၁၉ နိုဝင်ဘာ အတွင်းက အနားယူခဲ့ပြီး ပါမော က္ခချုပ် ရာထူး လစ်လပ်ခဲ့ပါတယ်။
ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသဟာ အသည်းမှာဖြစ်နေတဲ့ အကြိတ်အတွက် ဆေးကုမှု ခံယူဖို့ ရာထူးကနေ အနားယူလိုက်တာလို့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ စန္ဒာဝရာဘိဝံသလည်း ၂၀၁၉ အောက်တိုဘာအတွင်းမှာ အနားယူခဲ့ပါတယ်။

ဒုတိယ ပါမောက္ခချုပ် ရာထူးအတွက် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က သဘောတူပြီးဖြစ်တယ်လို့ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒဟာ လက်ရှိ အဲဒီ တက္ကသိုလ်မှာ တရားဝင် ရာထူးက ပါမောက္ခ မဟာဌာနမှူး တာဝန်ယူထားပြီးတော့ ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်တာဝန်တွေကို တွဲဘက်ပြီး တာဝန်ထမ်းနေပါတယ်။
၂၀၀၆ -၀၇ မှာ ထေရဝါဒ သာသနာပြု တက္ကသိုလ် က Ph.D. ဘွဲ့ကိုလည်း ရရှိခဲ့ပါ တယ်။၂၀၁၈ ဒီဇင်ဘာလ ၁၁ ရက်က ပြဌာန်းခဲ့တဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဥပဒေမှာ တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ သတ်မှတ်တဲ့ အရည်အချင်းတချို့နဲ့ ဒေါက်တာအရှင်ဆေကိန္ဒက မပြည့်မီတဲ့ အပိုင်းရှိတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးဇာနည်ဝင်းက ဒေါက်တာအရှင်ဆေကိန္ဒမှာ အခြားသောသတ်မှတ်ဂုဏ်အင်္ဂါ အကုန်ပြည့်စုံပြီး ပရိယတ္တိမှာ ဘိဝံသ ဘွဲ့ မရရှိတာက လွဲလို့ ကျန်တဲ့ အချက်တွေမှာ အကုန်ပြည့်စုံတယ်လို့ ပြောပါတယ်။

" အခြားစာသင်တိုက်တွေမှာ ဒီဘွဲ့က အရေးကြီးကောင်း ကြီးလိမ့်မယ် ဒီထေရဝါဒ သာသနာပြု တက္ကသိုလ် ဥပဒေမှာ အင်္ဂလိပ်လို သင်ကြားပို့ချတော့ အင်္ဂလိပ်လိုကလည်း အရေးကြီးတယ်။ သို့သော်လည်း လက်ရှိမှာတော့ ပါချုပ်လည်း မရှိ၊ ဒုပါချုပ်လည်းမရှိတော့ ဒီအချက်ကိုထောက်ပြီး ဆရာတော်ကြီးတွေက သဘောတူလိုက်တာပါ" လို့ ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒဟာ လက်ရှိမှာလည်းပရဟိတလုပ်ငန်းတွေ လုပ်နေသလို လူပေါင်းစုံ အဖွဲ့ အစည်းပေါင်းစုံ နဲ့ ဆက်သွယ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

အရှင်ဆေကိန္ဒ ကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာ ဖွားမြင်ပါတယ်။ သက်တော် ၆၂ ရှိပြီးတော့ နိုင်ငံတော်အစိုးရက ဆက်ကပ်တဲ့ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က M.A. (Buddhism) နဲ့ ၂၀၀၆ -၀၇ မှာPh.D. ဘွဲ့တို့ကိုလည်း ရရှိခဲ့ပါ တယ်။ ဆရာတော်ဟာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘွဲ့ကိုလည်း အခုနှစ်ထဲမှာရရှိခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် နဲ့ ဒုတိယပါမောက္ခချုပ် ရာထူးအတွက် သက်တော် ၅၀ နှစ်၊ သိက္ခာ တော် ဝါ ၃၀ ရှိရန်၊ ပါရဂူဘွဲ့ ရရှိပြီးဖြစ်ရန်၊ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရန်၊ ရဟန်းရှင်လူတို့ လေးစားထိုက်သော ကျမ်းစာအုပ် ကို ရေးသားပြုစုဖူးသော ဆရာ တော်ဖြစ်ရန်လို့ တက္က သိုလ် ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် သတ်မှတ် ပရိယတ္တိစာမေးပွဲ အနည်းဆုံး သုံးခုအောင်မြင်ရမယ်လို့လည်း ပါရှိပါတယ်။
Ref-BBC #Myanmar_Online_News

0 comments:

Post a Comment