Wednesday, February 5, 2020

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုအား စာနာထောက်ထားသောအားဖြင့် ဆန်လှူဒါန်းရန် စီစဉ်နေ


Image may contain: outdoor
နှစ်နိုင်ငံချစ်ကြည်ရေးနှင့်စာနာထောက်ထားမှုကို ပြသရန် ကိုရိုနာဗိုင်းရပ်စ်ကြောင့်လူပေါင်းရာချီသေဆုံးနေသည့် တရုတ် နိုင်ငံသို့ ယခုလအတွင်း အစိုးရက စားနပ်ရိက္ခာအဖြစ် ဆန်ပေးလှူရန် စီစဉ်နေကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်ဇံက ပြောသည်။
‘‘လှူဖို့က တစ်ပတ်လောက်၊ နှစ်ပတ်လောက်အတွင်းမှာ ဖြစ်နိုင်ပါတယ်’’ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံသို့ လှူဒါန်းမည့် ဆန်တန်ချိန်ပမာဏကို အတိအကျ မသတ်မှတ်ရသေးဘဲ မြန်မာနိုင်ငံ ဆန်လက်ကျန်အခြေအနေကို စီးပွားကူးသန်း ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း ဦးအောင်ကျော်ဇံက ဆက်ပြောသည်။ ဆန်လှူဒါန်းရာတွင် ပင်လယ်ရေကြောင်းမှသင်္ဘောဖြင့် တင်ပို့ပေးလှူရန်စီစဉ်ထားကြောင်း ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်ပေါ်နေသည့် အပေါ် မြန်မာနိုင်ငံကစာနာထောက်ထားကြောင်းနှင့် တရုတ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်များအတွက်လိုအပ်သည့်အကူအညီပေးအပ်ရန် ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်တွင် တရုတ်သံရုံး ယာယီတာဝန်ခံ Mrs. Li Xiaoyan နှင့် တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ကမ်းလှမ်းခဲ့သည်။
တရုတ်နိုင်ငံသည် ယခုဖြစ် ပွားနေသည့် ကူးစက်ရောဂါထိန်း ချုပ်ရေးနှင့် ဆက်လက်မဖြစ်ပွားရေးကို အမြန်ဆုံးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး မြန်မာနိုင်ငံ အနေဖြင့် ယင်းအခက်အခဲများ ဖြေရှင်းရန်နည်းလမ်းများရှာဖွေရာတွင် တရုတ်နိုင်ငံနှင့် လက်တွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က တရုတ်သမ္မ တ စီကျင်းပင်ထံ ဖေဖော်ဝါရီ ၃ ရက်က ပေးပို့သော စာနာထောက် ထားကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါ မပျံ့နှံ့မီအချိန်ထိ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ကုန်းလမ်းဖြစ် သည့် နယ်စပ်မှ ဆန်တန်ချိန် တစ် သိန်းခွဲကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ထုတ်ပြန်သော စာရင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ပင်လယ်ရေ ကြောင်းမှ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၁ ဒသမ ၂ သိန်းကျော် တင်ပို့ထားသည်။ ယခုဘဏ္ဍာနှစ် သုံးလကျော်အတွင်း မြန်မာနိုင်ငံ မှ ပြည်ပသို့ ဆန်တန်ချိန် တစ် သန်းကျော်တင်ပို့ရာ တရုတ်နိုင်ငံ သို့ တန်ချိန် ၂ ဒသမ ၇ သိန်းခွဲခန့် အများဆုံး တင်ပို့ရောင်းချခဲ့သည်။
Image may contain: 1 person, standing
>>Zawgyi<<
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုအား စာနာထောက်ထားသောအားဖြင့် ဆန်လှူဒါန်းရန် စီစဉ်နေ
Thursday , February 6 , 2020
နှစ်နိုင်ငံချစ်ကြည်ရေးနှင့်စာနာထောက်ထားမှုကို ပြသရန် ကိုရိုနာဗိုင်းရပ်စ်ကြောင့်လူပေါင်းရာချီသေဆုံးနေသည့် တရုတ် နိုင်ငံသို့ ယခုလအတွင်း အစိုးရက စားနပ်ရိက္ခာအဖြစ် ဆန်ပေးလှူရန် စီစဉ်နေကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်ဇံက ပြောသည်။
‘‘လှူဖို့က တစ်ပတ်လောက်၊ နှစ်ပတ်လောက်အတွင်းမှာ ဖြစ်နိုင်ပါတယ်’’ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံသို့ လှူဒါန်းမည့် ဆန်တန်ချိန်ပမာဏကို အတိအကျ မသတ်မှတ်ရသေးဘဲ မြန်မာနိုင်ငံ ဆန်လက်ကျန်အခြေအနေကို စီးပွားကူးသန်း ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း ဦးအောင်ကျော်ဇံက ဆက်ပြောသည်။ ဆန်လှူဒါန်းရာတွင် ပင်လယ်ရေကြောင်းမှသင်္ဘောဖြင့် တင်ပို့ပေးလှူရန်စီစဉ်ထားကြောင်း ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်ပေါ်နေသည့် အပေါ် မြန်မာနိုင်ငံကစာနာထောက်ထားကြောင်းနှင့် တရုတ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်များအတွက်လိုအပ်သည့်အကူအညီပေးအပ်ရန် ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်တွင် တရုတ်သံရုံး ယာယီတာဝန်ခံ Mrs. Li Xiaoyan နှင့် တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ကမ်းလှမ်းခဲ့သည်။
တရုတ်နိုင်ငံသည် ယခုဖြစ် ပွားနေသည့် ကူးစက်ရောဂါထိန်း ချုပ်ရေးနှင့် ဆက်လက်မဖြစ်ပွားရေးကို အမြန်ဆုံးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး မြန်မာနိုင်ငံ အနေဖြင့် ယင်းအခက်အခဲများ ဖြေရှင်းရန်နည်းလမ်းများရှာဖွေရာတွင် တရုတ်နိုင်ငံနှင့် လက်တွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က တရုတ်သမ္မ တ စီကျင်းပင်ထံ ဖေဖော်ဝါရီ ၃ ရက်က ပေးပို့သော စာနာထောက် ထားကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါ မပျံ့နှံ့မီအချိန်ထိ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ကုန်းလမ်းဖြစ် သည့် နယ်စပ်မှ ဆန်တန်ချိန် တစ် သိန်းခွဲကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ထုတ်ပြန်သော စာရင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ပင်လယ်ရေ ကြောင်းမှ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၁ ဒသမ ၂ သိန်းကျော် တင်ပို့ထားသည်။ ယခုဘဏ္ဍာနှစ် သုံးလကျော်အတွင်း မြန်မာနိုင်ငံ မှ ပြည်ပသို့ ဆန်တန်ချိန် တစ် သန်းကျော်တင်ပို့ရာ တရုတ်နိုင်ငံ သို့ တန်ချိန် ၂ ဒသမ ၇ သိန်းခွဲခန့် အများဆုံး တင်ပို့ရောင်းချခဲ့သည်။
Ref-7day #Myanmar_Online_News

0 comments:

Post a Comment