Sunday, February 9, 2020

တိရိစ္ဆာန်များတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်စမ်းသပ်နေ

No photo description available.
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို ရှန်ဟိုင်းဆေးကုုမ္ဗဏီတစ်ခုက ထုတ်လုပ်နိုင်ခဲ့ပြီး ယခုအခါ ကြွက်များနှင့် စမ်းသပ်နေပြီဖြစ်ကြောင်းသိရသည်။

မည်သည့်ကာကွယ်ဆေးမဆို လူများအတွက်အသုံးမပြုမီ တိရိစ္ဆာန်များနှင့် စမ်းသပ်ရသည်ပင်ဖြစ်ပြီး၊ ယခုလည်း ရှန်ဟိုင်းရှိ တုံဂျိတက္ကသိုုလ်မှ သုတေသီများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနမူနာကို ကျန်းမာသော ကြွက်များတွင် စမ်းသပ်ခြင်းဖြစ်သည်။
ကြွက်များနှင့်စမ်းသပ်ခြင်းသည် ကာကွယ်ဆေးလောင်းလျာအနေဖြင့် ဗိုင်းရပ်စ်ကိုကာကွယ်တိုက်ခိုက်နိုင်သော ထိရောသည့် ပဋိပစ္စည်းများ ထုတ်ပေးနိုင်ခြင်းရှိမရှိကို ကနဦးစမ်းသပ်ချက်သာဖြစ်ပြီး၊ ထို့နောက်တွင် အဆိပ်သင့်မှုရှိမရှိကို ကြွက်များထက်ကြီးမားသည့် မျောက်ကဲ့သို့သော တိရိစ္ဆာန်များနှင့် စမ်းသပ်ရဦးမည်ဟု တုန်ဂျိတက္ကသိုလ်၏ အောက်တွင်ရှိသော အရှေ့ရှန်ဟိုင်းဆေးရုံအုပ် လျူချွန်မင်းကပြောသည်။ ထိုသို့စမ်းသပ်ပြီးလျှင်မူ ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှုကို ပြုလုပ်ရဦးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြန့်ပွားနေသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုရပ်တန့်ရေးအတွက် ကမ္ဘာတစ်ဝန်းမှ ဆေးကုမ္ဗဏီများ၊ ဆေးဖက်ဆိုင်ရာတက္ကသိုလ်များ ပညာရှင်များ နေ့စဉ်ပင် ကြိုးပမ်းအားထုတ်နေကြသည်။
Source: CGTN #Myanmar_Online_News
>>Zawgyi<<
တိရိစ္ဆာန်များတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်စမ်းသပ်နေ
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို ရှန်ဟိုင်းဆေးကုမ္ဗဏီတစ်ခုက ထုတ်လုပ်နိုင်ခဲ့ပြီး ယခုအခါ ကြွက်များနှင့် စမ်းသပ်နေပြီဖြစ်ကြောင်းသိရသည်။
မည်သည့်ကာကွယ်ဆေးမဆို လူများအတွက်အသုံးမပြုမီ တိရိစ္ဆာန်များနှင့် စမ်းသပ်ရသည်ပင်ဖြစ်ပြီး၊ ယခုလည်း ရှန်ဟိုင်းရှိ တုံဂျိတက္ကသိုလ်မှ သုတေသီများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနမူနာကို ကျန်းမာသော ကြွက်များတွင် စမ်းသပ်ခြင်းဖြစ်သည်။
ကြွက်များနှင့်စမ်းသပ်ခြင်းသည် ကာကွယ်ဆေးလောင်းလျာအနေဖြင့် ဗိုင်းရပ်စ်ကိုကာကွယ်တိုက်ခိုက်နိုင်သော ထိရောသည့် ပဋိပစ္စည်းများ ထုတ်ပေးနိုင်ခြင်းရှိမရှိကို ကနဦးစမ်းသပ်ချက်သာဖြစ်ပြီး၊ ထို့နောက်တွင် အဆိပ်သင့်မှုရှိမရှိကို ကြွက်များထက်ကြီးမားသည့် မျောက်ကဲ့သို့သော တိရိစ္ဆာန်များနှင့် စမ်းသပ်ရဦးမည်ဟု တုန်ဂျိတက္ကသိုလ်၏ အောက်တွင်ရှိသော အရှေ့ရှန်ဟိုင်းဆေးရုံအုပ် လျူချွန်မင်းကပြောသည်။ ထိုသို့စမ်းသပ်ပြီးလျှင်မူ ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှုကို ပြုလုပ်ရဦးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြန့်ပွားနေသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုရပ်တန့်ရေးအတွက် ကမ္ဘာတစ်ဝန်းမှ ဆေးကုမ္ဗဏီများ၊ ဆေးဖက်ဆိုင်ရာတက္ကသိုလ်များ ပညာရှင်များ နေ့စဉ်ပင် ကြိုးပမ်းအားထုတ်နေကြသည်။
Source: CGTN #Myanmar_Online_News

0 comments:

Post a Comment