Thursday, February 6, 2020

မန္တလေးမြို့ မဟာမုနိဘုရားကြီးရဲ့ ရွှေမိုက်ထုတ်ယူပွဲ ပြုလုပ်

Image may contain: one or more people, people sitting and indoor
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးမှာ (၇၀)ကြိမ်မြောက်ရွှေမိုက်ထုတ်ယူပွဲကို ယနေ့ဖေဖော်ဝါရီလ ၆ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
''၂၀၁၈တုန်းကတော့ ကျောင်းတော်ကြီး ရွှေသင်္ကန်းကပ်လှူချိန်နဲ့ တိုက်ဆိုင်တော့ အဲ့ဒီက ရွှေမိုက်ထုတ်တာရောဆိုတော့ စံချိန်တင်အများဆုံးရခဲ့တယ်၊ ဒီနှစ်ကတော့ အခြားပုံမှန်နှစ်တွေလောက်ပဲ ထွက်မယ်လို့ခန့်မှန်းတယ်'' လို့ မိုက်သူကြီးဦးအောင်မိုးကပြောပါတယ်။

မဟာမုနိဘုရားကြီးမှာ ရွှေသင်္ကန်းကပ်လှူရာမှ တစ်နှစ်တာလုံးစုဆောင်းရရှိတဲ့ ရွှေလှောင်စက္ကူ ၊ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပဝါ၊ မျက်နှာကြက်တော်လှည်းကျင်းရာကနေရရှိတဲ့ အထက်ရွှေမှုန့်၊ ပလ္လင်တော်အောက် လှည်းကျင်းရာကနေရရှိတဲ့ အောက်မြေမှုန့်၊ ခြေသုတ်ဝတ် စတဲ့နေရာတွေကနေ ရွှေမိုက်ထုတ်ယူတာဖြစ်ပြီးတော့ နှစ်စဉ်ရွှေမိုက်ထုတ်ယူတာကို ဖေဖော်ဝါရီလမှာ လုပ်ကိုင်လေ့ရှိတယ်လို့ သိရပါတယ်။
ရွှေမိုက်ထုတ်ယူရာမှာ ရွှေမိုက်ထုတ်ယူနိုင်တဲ့ ပစ္စည်းတွေကိုသန့်စင်တဲ့ ရွှေရရှိတဲ့အထိအဆင့်ဆင့်ကို မိုက်သူကြီးဦးဆောင်ပြီးတော့လုပ်သား ၂၀ခန့်ပါဝင်လုပ်ကိုင်ရကာ ရွှေမိုက်ထုတ်လုပ်ငန်း လက်ခံလုပ်ကိုင်သူတွေကနေရရှိလာတဲ့ ရွှေမိုက်တွေကို ဂေါပကအဖွဲ့ဝင်၊ တာဝန်ရှိလူကြီးတွေရှေ့မှာ အတိအကျချိန်တွယ်ပြီး ရက်စွဲ၊အလေးချိန် အတိအကျ လက်မှတ်ထိုးအပ်နှံရတယ်လို့ သိရပါတယ်။
မဟာမုနိဘုရားကြီးမှာ တစ်ရက်ကို ရွှေဆိုင်းကပ်လှူသူ ၅၀၀၀ ဝန်းကျင်လောက်ရှိပြီး မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူရာမှာ ၂၀၁၅ခုနှစ်တွင် ရွှေ ၆ပိဿာ ၅၀ကျပ်သား,၂၀၁၆ခုနှစ်တွင်၇ပိဿာ ၄ကျပ်သား,၂၀၁၇ခုနှစ်တွင်စုစုပေါင်းရွှေချိန် ၇ပိဿာနီးပါးနှင့်၂၀၁၈ခုနှစ်တွင်၁၆ပိဿာကျော်,၂၀၁၉ခုနှစ်မှာ ရွှေ၇ပိဿာကျော် ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။
Image may contain: indoor
Image may contain: food
>>Zawgyi<<
မန္တလေးမြို့ မဟာမုနိဘုရားကြီးရဲ့ ရွှေမိုက်ထုတ်ယူပွဲ ပြုလုပ်
Thursday , February 6 , 2020
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးမှာ (၇၀)ကြိမ်မြောက်ရွှေမိုက်ထုတ်ယူပွဲကို ယနေ့ဖေဖော်ဝါရီလ ၆ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
''၂၀၁၈တုန်းကတော့ ကျောင်းတော်ကြီး ရွှေသင်္ကန်းကပ်လှူချိန်နဲ့ တိုက်ဆိုင်တော့ အဲ့ဒီက ရွှေမိုက်ထုတ်တာရောဆိုတော့ စံချိန်တင်အများဆုံးရခဲ့တယ်၊ ဒီနှစ်ကတော့ အခြားပုံမှန်နှစ်တွေလောက်ပဲ ထွက်မယ်လို့ခန့်မှန်းတယ်'' လို့ မိုက်သူကြီးဦးအောင်မိုးကပြောပါတယ်။

မဟာမုနိဘုရားကြီးမှာ ရွှေသင်္ကန်းကပ်လှူရာမှ တစ်နှစ်တာလုံးစုဆောင်းရရှိတဲ့ ရွှေလှောင်စက္ကူ ၊ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပဝါ၊ မျက်နှာကြက်တော်လှည်းကျင်းရာကနေရရှိတဲ့ အထက်ရွှေမှုန့်၊ ပလ္လင်တော်အောက် လှည်းကျင်းရာကနေရရှိတဲ့ အောက်မြေမှုန့်၊ ခြေသုတ်ဝတ် စတဲ့နေရာတွေကနေ ရွှေမိုက်ထုတ်ယူတာဖြစ်ပြီးတော့ နှစ်စဉ်ရွှေမိုက်ထုတ်ယူတာကို ဖေဖော်ဝါရီလမှာ လုပ်ကိုင်လေ့ရှိတယ်လို့ သိရပါတယ်။
ရွှေမိုက်ထုတ်ယူရာမှာ ရွှေမိုက်ထုတ်ယူနိုင်တဲ့ ပစ္စည်းတွေကိုသန့်စင်တဲ့ ရွှေရရှိတဲ့အထိအဆင့်ဆင့်ကို မိုက်သူကြီးဦးဆောင်ပြီးတော့လုပ်သား ၂၀ခန့်ပါဝင်လုပ်ကိုင်ရကာ ရွှေမိုက်ထုတ်လုပ်ငန်း လက်ခံလုပ်ကိုင်သူတွေကနေရရှိလာတဲ့ ရွှေမိုက်တွေကို ဂေါပကအဖွဲ့ဝင်၊ တာဝန်ရှိလူကြီးတွေရှေ့မှာ အတိအကျချိန်တွယ်ပြီး ရက်စွဲ၊အလေးချိန် အတိအကျ လက်မှတ်ထိုးအပ်နှံရတယ်လို့ သိရပါတယ်။
မဟာမုနိဘုရားကြီးမှာ တစ်ရက်ကို ရွှေဆိုင်းကပ်လှူသူ ၅၀၀၀ ဝန်းကျင်လောက်ရှိပြီး မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူရာမှာ ၂၀၁၅ခုနှစ်တွင် ရွှေ ၆ပိဿာ ၅၀ကျပ်သား,၂၀၁၆ခုနှစ်တွင်ရပိဿာ ၄ကျပ်သား,၂၀၁၇ခုနှစ်တွင်စုစုပေါင်းရွှေချိန် ၇ပိဿာနီးပါးနှင့်၂၀၁၈ခုနှစ်တွင်၁၆ပိဿာကျော်,၂၀၁၉ခုနှစ်မှာ ရွှေရပိဿာကျော် ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။
Source-VOM #Myanmar_Online_News

0 comments:

Post a Comment