Tuesday, February 4, 2020

သီတင်းနှစ်ပတ်မပြည့်မီ ပြီးစီးခဲ့တဲ့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ရောဂါရှင်များအားစတင်ကုသပေး နေပြီ

Image may contain: indoorImage may contain: outdoor

တရုတ်နိုင်ငံ ဟူဘေပြည်နယ်ရှိ ဝူဟန်မြို့မှာ ကုတင်၁၀၀၀ ဆေးရုံဟာ သီတင်းနှစ်ပတ်မပြည့်မီ ဆောက်လုပ် ပြီးစီးခဲ့ပြီး ဒီနေ့(အင်္ဂါနေ့) မှာ လူနာတွေကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ ဆေးရုံ အမည်ကို မီးနတ်ဘုရားတောင် လို့ ပေးထားပြီး ဇန်နဝါရီ ၂၄ ရက်နေ့တွင် မြေညှိ၊ မြေရှင်းခြင်းတွေနဲ့ စတင်ခဲ့ရတဲ့ ဆေးရုံဟာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ လူနာတွေကို စတင်လက်ခံနိုင်တာဖြစ်ပါတယ်။ မူလက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လူနာတွေကို စတင်လက်ခံမယ်လို့ ရည်မှန်းချက်ရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂၅ ဦးဖြစ်ပြီး လူပေါင်း ၂၀,၄၃၈ ဦးဟာလည်း ရောဂါခံစားနေရကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာမှာ ဖော်ပြထားပါတယ်။
မီးနတ်ဘုရားတောင် လို့ အမည်ပေးထားတဲ့ ဆေးရုံကို လုပ်သားတွေ နေ့ရောညပါ ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ ကုန်တင်ကားတွေရဲ့ ဘေးဘက်မှာ ဝူဟန်ကို သွားကြစို့လို့ ဆော်ဩထားတဲ့ စာတမ်းကပ်ထားတာကိုတွေ့ရပါတယ်။
နှစ်ထပ်အဆောက်အအုံကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်စစ်တပ်ကို လွဲပြောင်းပေးအပ်ပြီး စစ်ကျန်းမာရေးအဖွဲ့ ဝင် ၁,၄၀၀ ပါဝင်တဲ့ ကျန်းမာရေးအဖွဲ့က ဆေးရုံကို ကြီးကြပ်မှာဖြစ်ပါတယ်။ အဲဒီကျန်းမာရေးအဖွဲ့ဝင်တွေထဲမှာ ဆားစ် နဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး ကုသရေးတွင် အတွေ့ကြုံရှိသူတွေပါဝင်ကြောင်း သိရပါတယ်။
မိုးကြိုးနတ်ဘုရားတောင် လို့ အမည်ပေးထားတဲ့ ဆေးရုံကိုလာမယ့် ကြသပတေးနေ့မှာ စတင်အသုံးပြုနိုင်ဖို့ ရည်မှန်းထားပြီး အဲဒီဆေးရုံဟာ ကုတင် ၁၆၀၀ ဆန့် ဆေးရုံဖြစ်ပါတယ်။ တရုတ်ရိုးရာအရ မီးနဲ့ မိုးကြိုးဟာ ဖျားနာခြင်း ကနေ ကာကွယ်တဲ့အရာ ယုံကြည်ကြောင်း သိရပါတယ်။
ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါရှင်တွေကို ကုသရန်အတွက် အားကစားရုံတစ်ရုံ၊ ပြပွဲကျင်းပရာ ခန်းမတစ်ခုအပါအဝင် နေရာသုံးခုကိုလည်း ကုတင် ၃,၄၀၀ ဆန့် ဆေးကုသဆောင် တွေအဖြစ်ပြောင်းလဲဖို့ အစီအစဉ်ရှိနေကြောင်း၊ အဲဒီဆေးကုသဆောင်တွေမှာ ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေကို ကုသသွားဖို့ ပြင်ဆင်နေကြောင်း ဝူဟန်ဒေသအစိုးရအဖွဲ့က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှု နဲ့ပတ်သတ်ပြီး အရေးပေါ်အခြေအနေအဖြစ် ကြေညာ ထား ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် လူတစ်ဦးသေဆုံးတာဟာ တရုတ်နိုင်ငံအပြင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ပထမဦးဆုံး သေဆုံးမှုဖြစ်ပါတယ်။
Image may contain: indoor
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
Ref ; AFP
<zawgyi>
သီတင်းနှစ်ပတ်မပြည့်မီ ပြီးစီးခဲ့တဲ့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ရောဂါရှင်များအားစတင်ကုသပေး နေပြီ
Tuesday , February 4 , 2020

တရုတ်နိုင်ငံ ဟူဘေပြည်နယ်ရှိ ဝူဟန်မြို့မှာ ကုတင်၁၀၀၀ ဆေးရုံဟာ သီတင်းနှစ်ပတ်မပြည့်မီ ဆောက်လုပ် ပြီးစီးခဲ့ပြီး ဒီနေ့(အင်္ဂါနေ့) မှာ လူနာတွေကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ ဆေးရုံ အမည်ကို မီးနတ်ဘုရားတောင် လို့ ပေးထားပြီး ဇန်နဝါရီ ၂၄ ရက်နေ့တွင် မြေညှိ၊ မြေရှင်းခြင်းတွေနဲ့ စတင်ခဲ့ရတဲ့ ဆေးရုံဟာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ လူနာတွေကို စတင်လက်ခံနိုင်တာဖြစ်ပါတယ်။ မူလက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လူနာတွေကို စတင်လက်ခံမယ်လို့ ရည်မှန်းချက်ရှိခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂၅ ဦးဖြစ်ပြီး လူပေါင်း ၂၀,၄၃၈ ဦးဟာလည်း ရောဂါခံစားနေရကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာမှာ ဖော်ပြထားပါတယ်။
မီးနတ်ဘုရားတောင် လို့ အမည်ပေးထားတဲ့ ဆေးရုံကို လုပ်သားတွေ နေ့ရောညပါ ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ ကုန်တင်ကားတွေရဲ့ ဘေးဘက်မှာ ဝူဟန်ကို သွားကြစို့လို့ ဆော်ဩထားတဲ့ စာတမ်းကပ်ထားတာကိုတွေ့ရပါတယ်။
နှစ်ထပ်အဆောက်အအုံကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်စစ်တပ်ကို လွဲပြောင်းပေးအပ်ပြီး စစ်ကျန်းမာရေးအဖွဲ့ ဝင် ၁,၄၀၀ ပါဝင်တဲ့ ကျန်းမာရေးအဖွဲ့က ဆေးရုံကို ကြီးကြပ်မှာဖြစ်ပါတယ်။ အဲဒီကျန်းမာရေးအဖွဲ့ဝင်တွေထဲမှာ ဆားစ် နဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး ကုသရေးတွင် အတွေ့ကြုံရှိသူတွေပါဝင်ကြောင်း သိရပါတယ်။
မိုးကြိုးနတ်ဘုရားတောင် လို့ အမည်ပေးထားတဲ့ ဆေးရုံကိုလာမယ့် ကြသပတေးနေ့မှာ စတင်အသုံးပြုနိုင်ဖို့ ရည်မှန်းထားပြီး အဲဒီဆေးရုံဟာ ကုတင် ၁၆၀၀ ဆန့် ဆေးရုံဖြစ်ပါတယ်။ တရုတ်ရိုးရာအရ မီးနဲ့ မိုးကြိုးဟာ ဖျားနာခြင်း ကနေ ကာကွယ်တဲ့အရာ ယုံကြည်ကြောင်း သိရပါတယ်။
ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါရှင်တွေကို ကုသရန်အတွက် အားကစားရုံတစ်ရုံ၊ ပြပွဲကျင်းပရာ ခန်းမတစ်ခုအပါအဝင် နေရာသုံးခုကိုလည်း ကုတင် ၃,၄၀၀ ဆန့် ဆေးကုသဆောင် တွေအဖြစ်ပြောင်းလဲဖို့ အစီအစဉ်ရှိနေကြောင်း၊ အဲဒီဆေးကုသဆောင်တွေမှာ ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေကို ကုသသွားဖို့ ပြင်ဆင်နေကြောင်း ဝူဟန်ဒေသအစိုးရအဖွဲ့က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှု နဲ့ပတ်သတ်ပြီး အရေးပေါ်အခြေအနေအဖြစ် ကြေညာ ထား ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် လူတစ်ဦးသေဆုံးတာဟာ တရုတ်နိုင်ငံအပြင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ပထမဦးဆုံး သေဆုံးမှုဖြစ်ပါတယ်။
Ref ; AFP

0 comments:

Post a Comment