Monday, February 10, 2020

AA တပ်ဖွဲ့ဝင်များ ရွာသားအသွင်ဖြင့် ရွာနားသို့လာရောက်နေထိုင်နေသောကြောင့် ရသေ့တောင်မြို့နယ် ဆင်းခုံးတိုင် ကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေး

Image may contain: one or more people, people standing, child, outdoor and nature

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာအတွင်း AA တပ်ဖွဲ့ဝင်များ ရွာသားအသွင်ဖြင့် ရွာနားသို့လာရောက်နေထိုင်နေသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်ကာ ရွာသားများသည် ဘူးသီးတောင်မြို့နယ်ဘက်သို့ ရွာလုံးကျွတ်ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ဆင်ခုံးတိုင်ကျေးရွာအတွင်း AA တပ်ဖွဲ့ဝင်များ ရွာသားအသွင်ဖြင့် ရွာနားသို့လာရောက်နေထိုင်နေသောကြောင့် တိုက်ပွဲများဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ယခုကဲ့သို့ ရွာလုံးကျွတ်ကြောက်လန့် ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က May Yu News သို့ အတည်ပြုပြောသည်။

“အခုရွာမှာဘယ်သူမှ မရှိတော့ဘူး။ ရွာလုံးကျွတ်ထွက်ပြေးသွားကြပြီ။ ဆင်ခုံးတိုင် မြောက်ဘက်က ရွာနဲ့ ဟိုဘက် မေယူမြစ်တစ်ဘက်က ရွာတွေကိုပြေးတာ။ ဘူးသီးတောင်မြို့နယ် စေတီတောင်၊ သေကံခွဆုံ အဲဒီဘက်ကို ပြေးကြတာ။ အဲဒီရွာအနီးအနားက တောင်တန်းပေါ်မှာ မနေ့တည်းကတိုက်ပွဲဖြစ်နေတာတော့ရှိတယ်၊ ”ဟု ၎င်းက ပြောသည်။
“အခုလိုထွက်ပြေးနေရရင် စားဝတ်နေရေး အခက်အခဲဖြစ်မယ်။ စီးပွားရေးတွေလည်း အကုန်လုံး ဆုံးရှုံး နစ်နာတော့မယ်၊ အခုပြေးလာတဲ့လမ်းကြောင်းတစ်လျှောက် တပ်ဘက်ကအကုန်လုံခြံုရေး လုပ်ပေးထားတယ်”ဟု ၎င်းက ထပ်မံပြောသည်။
ယမန်နေ့ညနေပိုင်းက လက်နက်ကြီးများဖြင့် AA တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ကျေးရွာအနီး ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦး လက်တွင်ဒဏ်ရာရရှိသွားကြောင်း၊ ရွာသူရွာသားများမှာ ကျေးရွာအတွင်း မနေရဲသည့်အတွက် ထွက်ပြေးရခြင်း ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာသို့ ရောက်ရှိနေသည့် ဆင်းခုံးတိုင်ကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ နိုဝင်ဘာမှစတင်၍ AA အဖွဲ့ ဝင်ရောက်လာပြီးနောက်ပိုင်း ရွာလုံးကျွတ်ထွက်ပြေးနေရမှုများရှိနေပြီး ယခုအခါ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခြောက်ထောင်ကျော် ရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)က ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားသည်။
Image may contain: 1 person, standing, outdoor and nature
ဓာတ်ပုံ။ ထွက်ပြေးလာသော ဆင်းခုံးတိုင် ကျေးရွာသားများအား တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေးဆောင်ရွက်ပေးနေပုံ
Ref : May Yu News #Myanmar_Online_News
>>Zawgyi<<
AA တပ်ဖွဲ့ဝင်များ ရွာသားအသွင်ဖြင့် ရွာနားသို့လာရောက်နေထိုင်နေသောကြောင့် ရသေ့တောင်မြို့နယ် ဆင်းခုံးတိုင် ကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေး
Tuesday , February 11 , 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာအတွင်း AA တပ်ဖွဲ့ဝင်များ ရွာသားအသွင်ဖြင့် ရွာနားသို့လာရောက်နေထိုင်နေသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်ကာ ရွာသားများသည် ဘူးသီးတောင်မြို့နယ်ဘက်သို့ ရွာလုံးကျွတ်ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ဆင်ခုံးတိုင်ကျေးရွာအတွင်း AA တပ်ဖွဲ့ဝင်များ ရွာသားအသွင်ဖြင့် ရွာနားသို့လာရောက်နေထိုင်နေသောကြောင့် တိုက်ပွဲများဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ယခုကဲ့သို့ ရွာလုံးကျွတ်ကြောက်လန့် ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က May Yu News သို့ အတည်ပြုပြောသည်။

“အခုရွာမှာဘယ်သူမှ မရှိတော့ဘူး။ ရွာလုံးကျွတ်ထွက်ပြေးသွားကြပြီ။ ဆင်ခုံးတိုင် မြောက်ဘက်က ရွာနဲ့ ဟိုဘက် မေယူမြစ်တစ်ဘက်က ရွာတွေကိုပြေးတာ။ ဘူးသီးတောင်မြို့နယ် စေတီတောင်၊ သေကံခွဆုံ အဲဒီဘက်ကို ပြေးကြတာ။ အဲဒီရွာအနီးအနားက တောင်တန်းပေါ်မှာ မနေ့တည်းကတိုက်ပွဲဖြစ်နေတာတော့ရှိတယ်၊ ”ဟု ၎င်းက ပြောသည်။
“အခုလိုထွက်ပြေးနေရရင် စားဝတ်နေရေး အခက်အခဲဖြစ်မယ်။ စီးပွားရေးတွေလည်း အကုန်လုံး ဆုံးရှုံး နစ်နာတော့မယ်၊ အခုပြေးလာတဲ့လမ်းကြောင်းတစ်လျှောက် တပ်ဘက်ကအကုန်လုံခြုံရေး လုပ်ပေးထားတယ်”ဟု ၎င်းက ထပ်မံပြောသည်။
ယမန်နေ့ညနေပိုင်းက လက်နက်ကြီးများဖြင့် AA တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ကျေးရွာအနီး ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦး လက်တွင်ဒဏ်ရာရရှိသွားကြောင်း၊ ရွာသူရွာသားများမှာ ကျေးရွာအတွင်း မနေရဲသည့်အတွက် ထွက်ပြေးရခြင်း ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာသို့ ရောက်ရှိနေသည့် ဆင်းခုံးတိုင်ကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ နိုဝင်ဘာမှစတင်၍ AA အဖွဲ့ ဝင်ရောက်လာပြီးနောက်ပိုင်း ရွာလုံးကျွတ်ထွက်ပြေးနေရမှုများရှိနေပြီး ယခုအခါ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခြောက်ထောင်ကျော် ရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)က ဇန်နဝါရီလအတွင်း ထုတ်ပြန် ထားသည်။
ဓာတ်ပုံ။ ထွက်ပြေးလာသော ဆင်းခုံးတိုင် ကျေးရွာသားများအား တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေးဆောင်ရွက်ပေးနေပုံ
Ref : May Yu News #Myanmar_Online_News

0 comments:

Post a Comment