Monday, February 10, 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေများကို တားဆီးထားသောကြောင့် လူ ၁၀၀ ကျော် ပိတ်မိနေ

Image may contain: outdoor, text that says 'ပလက်ဝမြို့ ချင်းပြည်နယ် ၁၇၉'

ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေများကို AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ တားဆီးလိုက်တဲ့အတွက် လူ ၁၀၀ ကျော် ကျောက်တော်ဘက်မှာ ပိတ်ပိနေကြောင်း သိရှိရသည်။

"လိုင်းစက်လှေ ပိတ်ထားတာ ၅ ရက်လောက် ရှိသွားပါပြီ။ လူ ၁၀၀ ကျော် ပိတ်မိနေတယ်။ ပလက်ဝဘက် ပြန်ဖို့ အခက်အခဲဖြစ်နေပါတယ်"လို့ အဲဒီ ပိတ်မိနေသူ ပလက်ဝဒေသခံရဲ့ မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေများကို AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က တားဆီးခဲ့တာလို့ သိရပြီး ကျောက်တော်မြို့မှာ ရောက်ရှိနေတဲ့ ပလက်ဝမြို့နေ ကုန်သည်တစ်ဦးက ပြောပါတယ်။
ပလက်ဝ-ကျောက်တော်ကို ပြေးဆွဲနေတဲ့ စက်လှေ ၅ စီးနဲ့ ဟွန်ဒါစက်လှေတစ်စီး ကျော်တော်မြို့မှာ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
<zawgyi>
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေများကို တားဆီးထားသောကြောင့် လူ ၁၀၀ ကျော် ပိတ်မိနေ
Tuesday, February 11 , 2020

ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေများကို AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ တားဆီးလိုက်တဲ့အတွက် လူ ၁၀၀ ကျော် ကျောက်တော်ဘက်မှာ ပိတ်ပိနေကြောင်း သိရှိရသည်။
"လိုင်းစက်လှေ ပိတ်ထားတာ ၅ ရက်လောက် ရှိသွားပါပြီ။ လူ ၁၀၀ ကျော် ပိတ်မိနေတယ်။ ပလက်ဝဘက် ပြန်ဖို့ အခက်အခဲဖြစ်နေပါတယ်"လို့ အဲဒီ ပိတ်မိနေသူ ပလက်ဝဒေသခံရဲ့ မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေများကို AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က တားဆီးခဲ့တာလို့ သိရပြီး ကျောက်တော်မြို့မှာ ရောက်ရှိနေတဲ့ ပလက်ဝမြို့နေ ကုန်သည်တစ်ဦးက ပြောပါတယ်။
ပလက်ဝ-ကျောက်တော်ကို ပြေးဆွဲနေတဲ့ စက်လှေ ၅ စီးနဲ့ ဟွန်ဒါစက်လှေတစ်စီး ကျော်တော်မြို့မှာ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment