Thursday, February 6, 2020

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် AAသောင်းကျန်းသူများက အစိုးရဝန်ထမ်းများ၏ လစာကို ဓားပြတိုက်လုယက်မှုဖြစ်ပွား

Image may contain: outdoor and water
ဖေဖော်ဝါရီလ ၅ရက်နေ့ ညနေပိုင်းတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့အထက်ပိုင်း မောင်နှမရွာအနီးတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထရွန်အိုင်ရွာတွင် တာဝန်ထမ်းဆောင်နေကြသော ရဲဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၏ လစာကို ကိုယ်စားထုတ်ယူလာ သူထံမှ ဓားပြတိုက်လုယက်ခဲ့ရာ စုစုပေါင်း သိန်း (၇၀)ခန့် ပါသွားကြောင်း သိရသည်။

အဆိုပါလစာများကို အခြားခရီးသွားများနှင့်အတူ ဟွန်ဒါစက်လှေဖြင့် သယ်ဆောင်လာစဉ် မောင်နှမရွာအနီးအရောက်တွင်AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှတားဆီးပြီးပါလာသောငွေများအား ထုတ်ပေးရန်အမိန့်ပေးခဲ့ခြင်း ဖြစ် သည်။
"ရဲဝန်ထမ်းလစာက သိန်းလေးဆယ်လောက်၊ ပညာရေးဝန်ထမ်းတွေ ရဲ့လစာက ၂၅သိန်းလောက်ပါသွားတယ်။ လူကိုတော့ဘာမှ မလုပ်ဘူး။ ပိုက်ဆံကိုယူသွားကြတာလို့ သိရတယ်" ဟု ပလက်ဝမြို့ပေါ်ဒေသခံ တစ်ဦးမှ ပြောသည်။
အဲ့ဒီပိုက်ဆံတွေကို တခြားခရီးသွားတွေနဲ့အတူ ဟွန်ဒါစက်လှေနဲ့ သယ်ဆောင်လာတဲ့အချိန် မောင်နှမရွာနားမှာတားဆီးခံခဲ့ရတာလို့ သိရပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညမထွက်ရ ပုဒ်မ ၁၄၄ကို ထုတ် ပြန်ထားသော်လည်း ဒေသခံများနှင့်အစိုးရဝန်ထမ်းများ တာဝန်အရ သွားလာမှုများတွင်လုံခြုံမှုအားနည်းသည်ဟု ဒေသခံတစ်ဦးမှ ပြောသည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ပလက်ဝဒေသခရီးသွား ပြည်သူ များစီးနင်းလိုက်ပါလာသည့် စက်လှေများအားမကြာခဏ လက်နက် အားကိုးဖြင့် ဖမ်းဆီးစစ်ဆေးခြင်း စက်လှေပါပြည်သူပိုင်ပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခြင်းများ အမြဲလိုလို လုပ်ဆောင်လျက် ရှိသည်။
>>Zawgyi<<
ပလက်ဝနယ်တွင် AAသောင်းကျန်းသူများက အစိုးရဝန်ထမ်းများ၏ လစာကို ဓားပြတိုက်လုယက်မှုဖြစ်ပွား
Thursday , February 6 , 2020
ဖေဖော်ဝါရီလ ၅ရက်နေ့ ညနေပိုင်းတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့အထက်ပိုင်း မောင်နှမရွာအနီးတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထရွန်အိုင်ရွာတွင် တာဝန်ထမ်းဆောင်နေကြသော ရဲဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၏ လစာကို ကိုယ်စားထုတ်ယူလာ သူထံမှ ဓားပြတိုက်လုယက်ခဲ့ရာ စုစုပေါင်း သိန်း (၇၀)ခန့် ပါသွားကြောင်း သိရသည်။

အဆိုပါလစာများကို အခြားခရီးသွားများနှင့်အတူ ဟွန်ဒါစက်လှေဖြင့် သယ် ဆောင် လာစဉ် မောင်နှမရွာအနီးအရောက်တွင်AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှတားဆီးပြီးပါလာသောငွေများအား ထုတ်ပေးရန်အမိန့်ပေးခဲ့ခြင်း ဖြစ် သည်။
"ရဲဝန်ထမ်းလစာက သိန်းလေးဆယ်လောက်၊ ပညာရေးဝန်ထမ်းတွေ ရဲ့လစာက ၂၅သိန်းလောက်ပါသွားတယ်။ လူကိုတော့ဘာမှ မလုပ်ဘူး။ ပိုက်ဆံကိုယူသွားကြတာလို့ သိရတယ်" ဟု ပလက်ဝမြို့ပေါ်ဒေသခံ တစ်ဦးမှ ပြောသည်။
အဲ့ဒီပိုက်ဆံတွေကို တခြားခရီးသွားတွေနဲ့အတူ ဟွန်ဒါစက်လှေနဲ့ သယ်ဆောင်လာတဲ့အချိန် မောင်နှမရွာနားမှာတားဆီးခံခဲ့ရတာလို့ သိရပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညမထွက်ရ ပုဒ်မ ၁၄၄ကို ထုတ် ပြန်ထားသော်လည်း ဒေသခံများနှင့်အ
စိုးရဝန်ထမ်းများ တာဝန်အရ သွားလာမှုများတွင်လုံခြုံမှုအားနည်းသည်ဟု ဒေသခံတစ်ဦးမှ ပြော သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ပလက်ဝဒေသခရီးသွား ပြည်သူ များစီးနင်းလိုက်ပါလာသည့် စက်လှေများအားမကြာခဏ လက်နက် အားကိုးဖြင့် ဖမ်းဆီးစစ်ဆေးခြင်း စက်လှေပါပြည်သူပိုင်ပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခြင်းများ အမြဲလိုလို လုပ်ဆောင်လျက် ရှိသည်။
Ref-Omedia #Myanmar_Online_News

0 comments:

Post a Comment