Tuesday, February 4, 2020

ရသေ့တောင်မြို့နယ် ၊ ကုလားချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် အများအပြား သေဆုံးပြီး ဒဏ်ရာရ

Image may contain: outdoor and natureImage may contain: sky, outdoor, nature and water

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်ကရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်း တစ်ခုအား အေအေအဖွဲ့က ခြုံခိုတိုက်ခိုက်ရန်ကြိုးပမ်းရာမှ ပြန်လည်ပိတ်မိခဲ့ပြီး AA ဖွဲ့ဝင် ၁၂ ဦး ကျဆုံးသွားကြောင်း ကုလားချောင်းနှင့် ပိန်းတောကျေးရွာတစ်ဝိုက်မှ ဒေသခံများက ပြောကြားသည် ။

" ခြုံခိုတိုက်တာကို မအောင်မြင်ဘဲ တပ်မတော်ဘက်က ပြန်ပတ် တိုက်တာလို့ပြောတယ် ။ အများကြီးကျကျန်ခဲ့တယ် ။ကျွန်တော်တို့ ပိန်းတောဘက်ကို ထွက်ပြေးလာတာ ။ တော်တော်အခြေအနေဆိုးပုံ ရတယ် ။ အချင်းချင်းလဲ စကားတွေများပြီး ရန်ဖြစ်နေကြတယ် ။ အလောင်းတွေရော သေနတ်တွေရော ကျန်ခဲ့လို့တဲ့ ဟု " AA များ ဆုတ်ခွာထွက်ပြေးလာသည်ကို မျက်မြင်တွေ့ခဲ့ရသော ပိန်းတောရွာ သားတစ်ဦးက ဆိုသည် ။
ခြုံခိုတဲ့ AA သောင်းကျန်းသူအဖွဲ့များ အကုန်ထပြေးပြီး အလောင်းတွေရော သေနတ်တွေပါ ဘာမှမဆွဲနိုင်ကြောင်း ရသေ့တောင်မြို့နယ် ရဲစခန်းရှိ ရဲတပ်ကြပ်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
မြင်တွေ့ခဲ့ရသည့် ဓာတ်ပုံအချို့တွင် အားကစားဘောင်းဘီတိုနှင့် ကျည်ကပ်ထည့်အိတ်များပါသည့် ချပ်ဝတ်များ ဝတ်ဆင်သူ AAသောင်းကျန်းသူဖွဲ့ဝင်များမှာ လယ်ကွင်းများ ၊ ရေစပ်များအတွင်း ထွက်ပြေးစဉ် သေဆုံးလျှက်ရှိနေပြီး ၎င်းတို့၏ လက်နက်များမှာလည်း ရွံ့များ ပေပွလျှက်ရှိကြောင်း သိရှိရသည်။
Source - May Yu News
<zawgyi>
ရသေ့တောင်မြို့နယ် ၊ ကုလားချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် အများအပြား သေဆုံးပြီး ဒဏ်ရာရ
Tuesday , February 4 , 2020

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်ကရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်း တစ်ခုအား အေအေအဖွဲ့က ခြုံခိုတိုက်ခိုက်ရန်ကြိုးပမ်းရာမှ ပြန်လည်ပိတ်မိခဲ့ပြီး AA ဖွဲ့ဝင် ၁၂ ဦး ကျဆုံးသွားကြောင်း ကုလားချောင်းနှင့် ပိန်းတောကျေးရွာတစ်ဝိုက်မှ ဒေသခံများက ပြောကြားသည် ။
" ခြုံခိုတိုက်တာကို မအောင်မြင်ဘဲ တပ်မတော်ဘက်က ပြန်ပတ် တိုက်တာလို့ပြောတယ် ။ အများကြီးကျကျန်ခဲ့တယ် ။ကျွန်တော်တို့ ပိန်းတောဘက်ကို ထွက်ပြေးလာတာ ။ တော်တော်အခြေအနေဆိုးပုံ ရတယ် ။ အချင်းချင်းလဲ စကားတွေများပြီး ရန်ဖြစ်နေကြတယ် ။ အလောင်းတွေရော သေနတ်တွေရော ကျန်ခဲ့လို့တဲ့ ဟု " AA များ ဆုတ်ခွာထွက်ပြေးလာသည်ကို မျက်မြင်တွေ့ခဲ့ရသော ပိန်းတောရွာ သားတစ်ဦးက ဆိုသည် ။
ခြုံခိုတဲ့ AA သောင်းကျန်းသူအဖွဲ့များ အကုန်ထပြေးပြီး အလောင်းတွေရော သေနတ်တွေပါ ဘာမှမဆွဲနိုင်ကြောင်း ရသေ့တောင်မြို့နယ် ရဲစခန်းရှိ ရဲတပ်ကြပ်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
မြင်တွေ့ခဲ့ရသည့် ဓာတ်ပုံအချို့တွင် အားကစားဘောင်းဘီတိုနှင့် ကျည်ကပ်ထည့်အိတ်များပါသည့် ချပ်ဝတ်များ ဝတ်ဆင်သူ AAသောင်းကျန်းသူဖွဲ့ဝင်များမှာ လယ်ကွင်းများ ၊ ရေစပ်များအတွင်း ထွက်ပြေးစဉ် သေဆုံးလျှက်ရှိနေပြီး ၎င်းတို့၏ လက်နက်များမှာလည်း ရွံ့များ ပေပွလျှက်ရှိကြောင်း သိရှိရသည်။
Source - May Yu News

0 comments:

Post a Comment