Thursday, February 13, 2020

ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်တွင် တပ်မတော်ယာဉ်တန်းအား AAသောင်းကျန်းသူအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်


Image may contain: sky, outdoor and nature
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမပေါျ တောငျကုတျမွို့နယျနဲ့ မအီမွို့အကွားမှာ ယနေ့ဖဖေောျဝါရီ ၁၃ ရကျ မနကျက တပျမတောျယာဉျတနျး မိုငျးဆှဲတိုကျခိုကျခံရ တယျလို့ တောငျကုတျရဲစခန်းက သိရပါတယ်။
အဆိုပါတပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ကို မေးမြန်းရာမှာတော့ ဖြစ်စဉ်မှန်ကန်တယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင် က “တိုက်ပွဲဖြစ်တယ်လို့တော့ မကြားဘူး။AAအကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကနေပြီးတော့ ရီမုနဲ့ခှဲတယျလို့တော့ ကွားတယျ၊ ဒါပမေဲ့ မသိဘူး။ ငါတို့က အဲဒီဘကျတော့ မရောကျဘူး။ ထိခိုကျမှုလညျး မရှိဘူးလို့ကွားတယျ၊ မိုငျးခှဲတာလောကျပဲ သိရတယျ။ ဘာကိုခှဲတယျဆိုတာတော့ တကျမလာသေးလို့ မသိရသေးဘူး”လို့ ပွောပါတယျ။

ဒီမနက် ၇ နာရီလောက်က တောင်ကုတ်မှ ထွက်လာတဲ့ တပ်မတော်ယာဉ်တန်းဟာ ဗဒါကျေးရွာနားအရောက်မှာ မိုင်းဆွဲခံရတာလို့ ဗဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်က ပြောပါတယ်။

“တောင်ကုတ်ကလာရင် ၂၆ မိုင် ၄ ဖာလုံလောက် ရှိမယ်ထင်တယ်။ အဲဒီနေရာမှာ မိုင်းပေါက်တာ၊ တပ်မတော်ယာဉ်ပေါ့၊ တောင်ကုတ်က ထွက်လာတဲ့ တပ်မတော်ယာဉ်တန်း သွားတဲ့အချိန်လို့တော့ ပြောသံကြားတယ်။ ကျနော်တို့ ရွာနဲ့ကလည်း တစ်မိုင်၊နှစ်မိုင်လောက် ဝေးတယ်ဆိုတော့ ပေါက်တဲ့ ဘုန်းဆိုတဲ့ အသံပဲကြားလိုက်ရတယ်၊ နောက်ဘာဖြစ်သွားတယ်ဆို တာတော့ ကျနော်လည်း မသိလိုက်ဘူး”လို့ ပြောပါတယ်။

အဆိုပါ တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်ကလည်း ကျောက်ဖြူမြို့နယ် ငအုပ်ကျေးရွာနဲ့ ကျောက်ကလေကျေးရွာကြားမှာ တစ်ကြိမ်နဲ့၊ ဇန်နဝါ ၅ ရက်နဲ့ ၆ ရက်တွေမှာ ကျောက်ဖြူမြို့နယ်နဲ့ မအီမြို့ကြားမှာ ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲခဲ့ပါတယ်။
>>Zawgyi<<
ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်တွင် တပ်မတော်ယာဉ်တန်းအား AAသောင်းကျန်းသူအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်
Thursday , February 13 , 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမေပါ် တောင်ကုတ်မြို့နယ်နဲ့ မအီမြို့အကြားမှာ ယနေ့ဖေဖော်ဝါရီ ၁၃ ရက် မနက်က တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ တယ်လို့ တောင်ကုတ်ရဲစခန်းက သိရပါတယ်။

အဆိုပါတပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ကို မေးမြန်းရာမှာတော့ ဖြစ်စဉ်မှန်ကန်တယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင် က “တိုက်ပွဲဖြစ်တယ်လို့တော့ မကြားဘူး။AAအကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကနေပြီးေတာ့ ရီမုနဲ့ခွဲတယ်လို့တော့ ကြားတယ်၊ ဒါပေမဲ့ မသိဘူး။ ငါတို့က အဲဒီဘက်တော့ မရောက်ဘူး။ ထိခိုက်မှုလည်း မရှိဘူးလို့ကြားတယ်၊ မိုင်းခွဲတာလောက်ပဲ သိရတယ်။ ဘာကိုခွဲတယ်ဆိုတာတော့ တက်မလာသေးလို့ မသိရသေးဘူး”လို့ ပြောပါတယ်။

ဒီမနက် ၇ နာရီလောက်က တောင်ကုတ်မှ ထွက်လာတဲ့ တပ်မတော်ယာဉ်တန်းဟာ ဗဒါကျေးရွာနားအရောက်မှာ မိုင်းဆွဲခံရတာလို့ ဗဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်က ပြောပါတယ်။

“တောင်ကုတ်ကလာရင် ၂၆ မိုင် ၄ ဖာလုံလောက် ရှိမယ်ထင်တယ်။ အဲဒီနေရာမှာ မိုင်းပေါက်တာ၊ တပ်မတော်ယာဉ်ပေါ့၊ တောင်ကုတ်က ထွက်လာတဲ့ တပ်မတော်ယာဉ်တန်း သွားတဲ့အချိန်လို့တော့ ပြောသံကြားတယ်။ ကျနော်တို့ ရွာနဲ့ကလည်း တစ်မိုင်၊နှစ်မိုင်လောက် ဝေးတယ်ဆိုတော့ ပေါက်တဲ့ ဘုန်းဆိုတဲ့ အသံပဲကြားလိုက်ရတယ်၊ နောက်ဘာဖြစ်သွားတယ်ဆို တာတော့ ကျနော်လည်း မသိလိုက်ဘူး”လို့ ပြောပါတယ်။

အဆိုပါ တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်ကလည်း ကျောက်ဖြူမြို့နယ် ငအုပ်ကျေးရွာနဲ့ ကျောက်ကလေကျေးရွာကြားမှာ တစ်ကြိမ်နဲ့၊ ဇန်နဝါ ၅ ရက်နဲ့ ၆ ရက်တွေမှာ ကျောက်ဖြူမြို့နယ်နဲ့ မအီမြို့ကြားမှာ ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲခဲ့ပါတယ်။

Ref-Dvb #Myanmar_Online_News #Myanmar_Online_News

0 comments:

Post a Comment