Thursday, February 6, 2020

ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA သောင်းကျန်းသူအဖွဲ့တိုက်ပွဲများဖြစ်ပွားရာ AA သောင်းကျန်းသူအဖွဲ့ ထိခိုက်ကျဆုံးမှုများဟု ဒေသခံများက ပြော

No photo description available.No photo description available.
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၌ တပ်မတော်နှင့် AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်းစွာဖြစ်ပွားနေပြီး AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအပါအဝင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို ဆက်သွယ်ရေးကုမ္ပဏီများက အစိုးရညွှန်ကြားချက်ကြောင့် အင်တာနက်လိုင်းများကို ပိတ်ထား ခဲ့တာလည်းဖြစ်ပါတယ်။
“တိုက်ပွဲတွေက ရသေ့တောင်မှာရှိနေတယ်။ ပြီးခဲ့တဲ့ရက်က ကင်းထောက်ဒရုန်းကို AA က ပစ်ချလိုက်တယ်။ ပစ်ချလိုက်တဲ့နေရာကို ဝိုင်းလိုက်တာ AA ဘက်က ထိခိုက်မှုရှိပါတယ်။ လက်နက်လည်းရပါတယ်။ အဲ့ဒီရွာနဲ့ အနီးတစ်ဝိုက်က နေရာတွေမှာလည်း သတင်းလက်ဦးမှုရရှိလို့ AA အဖွဲ့ဝင်တွေ အကျအဆုံးရှိတယ်” ဟု လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ တပ်မတော်မှ နယ်မြေရှင်းလင်းရာတွင် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြုချင်းမရှိဘဲ ကင်းထောက်ဒရုန်းများသာ အသုံးပြုကြောင်း လုံခြုံရေးအဖွဲ့ဝင်များကဆိုပါတယ်။
Ref-People Media #Myanmar_Online_News
>>Zawgyi<<
ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA သောင်းကျန်းသူအဖွဲ့တိုက်ပွဲများဖြစ်ပွားရာ AA သောင်းကျန်းသူအဖွဲ့ ထိခိုက်ကျဆုံးမှုများဟု ဒေသခံများက ပြော
Thursday , February 6 , 2020
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၌ တပ်မတော်နှင့် AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်းစွာဖြစ်ပွားနေပြီး AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအပါအဝင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို ဆက်သွယ်ရေးကုမ္ပဏီများက အစိုးရညွှန်ကြားချက်ကြောင့် အင်တာနက်လိုင်းများကို ပိတ်ထား ခဲ့တာလည်းဖြစ်ပါတယ်။
“တိုက်ပွဲတွေက ရသေ့တောင်မှာရှိနေတယ်။ ပြီးခဲ့တဲ့ရက်က ကင်းထောက်ဒရုန်းကို AA က ပစ်ချလိုက်တယ်။ ပစ်ချလိုက်တဲ့နေရာကို ဝိုင်းလိုက်တာ AA ဘက်က ထိခိုက်မှုရှိပါတယ်။ လက်နက်လည်းရပါတယ်။ အဲ့ဒီရွာနဲ့ အနီးတစ်ဝိုက်က နေရာတွေမှာလည်း သတင်းလက်ဦးမှုရရှိလို့ AA အဖွဲ့ဝင်တွေ အကျအဆုံးရှိတယ်” ဟု လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ တပ်မတော်မှ နယ်မြေရှင်းလင်းရာတွင် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြုချင်းမရှိဘဲ ကင်းထောက်ဒရုန်းများသာ အသုံးပြုကြောင်း လုံခြုံရေးအဖွဲ့ဝင်များကဆိုပါတယ်။
Ref-People Media #Myanmar_Online_News

0 comments:

Post a Comment