Thursday, January 23, 2020

YUPT ကုမ္ပဏီကို ထည့်ဝင်ထားသည့် ရှယ်ယာများ ပြန်ထုတ်ပေးရန် ရှယ်ယာရှင်များမှ ဆန္ဒပြတောင်းဆိုမည်ဟုဆို

Image may contain: sky and outdoor
ကုမ္ပဏီကနေ ရှယ်ယာများအား အစိုးရတာဝန်ရှိသူများမှ ပြန်လည်ဝယ်ယူမည်ဟု ပြောဆိုထားသော်လည်း ထူးခြားမှုမရှိသည့် အတွက် ဆန္ဒပြသွားမှာဖြစ်ပြီး ထပ်ပြီးထူးခြားမှုမရှိပါက အစိုးရတာဝန်ရှိသူတွေကိုရော၊ YUPT ကုမ္ပဏီကိုပါ တရားစွဲသွားမှာဖြစ်တယ်လို့ ရှယ်ယာရှင်များထံမှ ပြောဆိုနေမှုများအရ သိရှိရပါတယ်။

“ ရှယ်ယာရှင်အားလုံးရဲ့ ဆန္ဒအတိုင်း ဖေဖော်ဝါရီလ(၃)ရက်နေ့လောက်ကို ဆန္ဒထုတ်ဖော်ဖို့ အားလုံးစီစဉ်ထားတယ်။ ဒေါ်နီလာကျော်က နိုဝင်ဘာလ(၁)ရက်နေ့က ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံပြီး ကုမ္ပဏီရှယ်ယာတွေကို ပြန်ဝယ်မယ်လို့ သူကိုယ်တိုင်ပြောခဲ့တာ။ ကျွန်မကတော့ ရှယ်ယာရှင်တွေအားလုံးကိုသနားပါတယ်။ အမြန်ဆုံးဆောင်ရွက်ပေးပါမယ်၊ ဝန်ကြီးချုပ်ကိုလည်းကျွန်မပြောပြီး ရှယ်ယာတွေကို အမြန်ဝယ်ဖို့ကတိပေးပါတယ်ဆိုပြီး သူပြောခဲ့တာ။ ဝန်ကြီးချုပ်ကိုလည်း ကျွန်တော်တို့ကိုယ်တိုင်စာတင်ထားတယ်။ ဘာမှမထူးလို့ အခုလိုဆန္ဒပြဖို့ ဆောင်ရွက်တာပါ” လို့ YUPT ကုမ္ပဏီရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်က ပြောပါတယ်။
YUPT ကုမ္ပဏီဟာ အစိုးရမဟုတ်တဲ့ အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှယ်ယာရှင်ပေါင်း (၂၈၀)ကျော်ထဲကမှ (၂၂၉)ဦးက ရှယ်ယာတွေပြန်ထုတ်ပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ ရှယ်ယာတွေပြန်ရဖို့ ရှယ်ယာရှင်တွေက ဆန္ဒပြပြီးတောင်းဆိုသွားမှာဖြစ်ပြီး ဆန္ဒပြပြီး နှစ်ပတ်အတွင်း ထူးခြားမှုထပ်မရှိဘူးဆိုရင်တော့ YUPT ကုမ္ပဏီနဲ့ အစိုးရတာဝန်ရှိသူတွေကို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ရှယ်ယာရှင်အားလုံးကိုယ်စား ကိုမောင်မောင်က ပြောပါတယ်။
YUPT ကုမ္ပဏီအနေနဲ့ လက်ရှိမှာ YBS ယာဉ်လိုင်းပေါင်း (၁၉)လိုင်း၊ ကားအစီးရေ (၁၀၀၀)နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး အမြတ်ငွေမရရှိတာကြောင့် ရှယ်ယာရှင်တွေကို (၃)နှစ်အတွင်း အမြတ်ငွေတွေမခွဲပေးနိုင်တာ ဖြစ်တယ်လို့သိရပါတယ်။
Image may contain: outdoor
Image may contain: night, tree and outdoor

>>Zawgyi<<
YUPT ကုမ္ပဏီကို ထည့်ဝင်ထားသည့် ရှယ်ယာများ ပြန်ထုတ်ပေးရန် ရှယ်ယာရှင်များမှ ဆန္ဒပြတောင်းဆိုမည်ဟုဆို
Thursday , January 23 , 2020

ကုမ္ပဏီကနေ ရှယ်ယာများအား အစိုးရတာဝန်ရှိသူများမှ ပြန်လည်ဝယ်ယူမည်ဟု ပြောဆိုထားသော်လည်း ထူးခြားမှုမရှိသည့် အတွက် ဆန္ဒပြသွားမှာဖြစ်ပြီး ထပ်ပြီးထူးခြားမှုမရှိပါက အစိုးရတာဝန်ရှိသူတွေကိုရော၊ YUPT ကုမ္ပဏီကိုပါ တရားစွဲသွားမှာဖြစ်တယ်လို့ ရှယ်ယာရှင်များထံမှ ပြောဆိုနေမှုများအရ သိရှိရပါတယ်။
“ ရှယ်ယာရှင်အားလုံးရဲ့ ဆန္ဒအတိုင်း ဖေဖော်ဝါရီလ(၃)ရက်နေ့လောက်ကို ဆန္ဒထုတ်ဖော်ဖို့ အားလုံးစီစဉ်ထားတယ်။ ဒေါ်နီလာကျော်က နိုဝင်ဘာလ(၁)ရက်နေ့က ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံပြီး ကုမ္ပဏီရှယ်ယာတွေကို ပြန်ဝယ်မယ်လို့ သူကိုယ်တိုင်ပြောခဲ့တာ။ ကျွန်မကတော့ ရှယ်ယာရှင်တွေအားလုံးကိုသနားပါတယ်။ အမြန်ဆုံးဆောင်ရွက်ပေးပါမယ်၊ ဝန်ကြီးချုပ်ကိုလည်းကျွန်မပြောပြီး ရှယ်ယာတွေကို အမြန်ဝယ်ဖို့ကတိပေးပါတယ်ဆိုပြီး သူပြောခဲ့တာ။ ဝန်ကြီးချုပ်ကိုလည်း ကျွန်တော်တို့ကိုယ်တိုင်စာတင်ထားတယ်။ ဘာမှမထူးလို့ အခုလိုဆန္ဒပြဖို့ ဆောင်ရွက်တာပါ” လို့ YUPT ကုမ္ပဏီရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်က ပြောပါတယ်။
YUPT ကုမ္ပဏီဟာ အစိုးရမဟုတ်တဲ့ အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှယ်ယာရှင်ပေါင်း (၂၈၀)ကျော်ထဲကမှ (၂၂၉)ဦးက ရှယ်ယာတွေပြန်ထုတ်ပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ ရှယ်ယာတွေပြန်ရဖို့ ရှယ်ယာရှင်တွေက ဆန္ဒပြပြီးတောင်းဆိုသွားမှာဖြစ်ပြီး ဆန္ဒပြပြီး နှစ်ပတ်အတွင်း ထူးခြားမှုထပ်မရှိဘူးဆိုရင်တော့ YUPT ကုမ္ပဏီနဲ့ အစိုးရတာဝန်ရှိသူတွေကို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ရှယ်ယာရှင်အားလုံးကိုယ်စား ကိုမောင်မောင်က ပြောပါတယ်။
YUPT ကုမ္ပဏီအနေနဲ့ လက်ရှိမှာ YBS ယာဉ်လိုင်းပေါင်း (၁၉)လိုင်း၊ ကားအစီးရေ (၁၀၀၀)နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး အမြတ်ငွေမရရှိတာကြောင့် ရှယ်ယာရှင်တွေကို (၃)နှစ်အတွင်း အမြတ်ငွေတွေမခွဲပေးနိုင်တာ ဖြစ်တယ်လို့သိရပါတယ်။
Ref; Duwun #Myanmar_Online_News

0 comments:

Post a Comment