Monday, January 20, 2020

အစိုးရတာဝန်ရှိသူတွေနဲ့ YUPT ကုမ္ပဏီကတာဝန်ရှိသူတွေကို ရှယ်ယာပြန်မထုတ်ပေးရင် ရှယ်ယာရှင်များက တရားစွဲမည်

Image may contain: 6 people, people standing

စောင့်ဆိုင်းပေးထားတဲ့ အချိန်အတွင်း ရှယ်ယာတွေကို ပြန်မထုတ်ပေးရင် YUPT ကုမ္ပဏီအပါအဝင် အစိုးရ တာဝန်ရှိသူတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုတိုင်တာနဲ့ တရားစွဲတာတွေလုပ်ဖို့ စီစဉ်နေတယ်လို့ ရှယ်ယာရှင်တွေဆီက သိရပါတယ်။

YUPT ကုမ္ပဏီမှာထည့်ထားတဲ့ ရှယ်ယာတွေကို ပြန်မထုတ်ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခု ဇန်နဝါရီလဆန်း ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကို ရှယ်ယာရှင်တွေက လက်မှတ်ထိုးစာတင်ထားပြီး (၂)ပတ်(၃)ပတ်အတွင်း အကြောင်းပြန်ပေးဖို့ ဆန္ဒရှိနေကြတာလို့ သိရပါတယ်။
"အတိုင်ပင်ခံလည်းတင်ပြ၊ သမ္မတဆီလည်းတင်ပြ အဲ့ဒါလည်းဘာမှမထူးခြား၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဝန်ကြီးတို့ကို တင်ပြတော့လည်း အပြောလေးနဲ့ပဲပြီးသွားတာပဲ၊ အဲ့လို အပြောလေးနဲ့ ပဲပြီးနေမယ်ဆိုရင် အဂတိ တိုင်မယ်၊ လူထုဆန္ဒထုတ်ဖော်မယ်၊ တရားစွဲမယ်လို့ ဝန်ကြီးချုပ်ကို တင်ပြထားတဲ့စာထဲမှာပါပါတယ်။ အတိုင်းအတာဆိုတာကတော့ ဒီလကုန်အထိ နောက်ဆုံးထားစောင့်သွားမှာပါ” လို့ YUPT ရှယ်ယာရှင် တစ်ယောက်ဖြစ်တဲ့ ဦးထိန်ဝင်းက O Media ကို ပြောပါတယ်။
YUPT ကုမ္ပဏီမှာ အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက ရှယ်ယာရှင်ပေါင်း (၂၈၀) ကျော် ရှယ်ယာထည့်သွင်းထားပြီး ကုမ္ပဏီရဲ့ (၃) နှစ်တာကာလအတွင်း အမြတ်မရရှိသေးတာကြောင့် ရှယ်ယာရှင် (၂၂၀) ကျော်က ထည့်သွင်း ထားတဲ့ သူတို့ရှယ်ယာတွေကို ပြန်ထုတ်ဖို့ ဆန္ဒပြုတောင်းဆိုထားပါတယ်။
YUPT ကုမ္ပဏီအနေနဲ့ ရှယ်ယာတွေကို ပြန်လည်ဝယ်ယူးပေးသွားမယ့်အကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှယ်ယာရှင်တွေကို ပြောကြားထားတယ်လို့ သိရပါတယ်။
YUPT မှာ အစုရှယ်ယာရှင်တွေရဲ့ ရင်းနှီးငွေက ကျပ် (၅.၆) ဘီလီယံကျော်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာဉ်သစ်ဝယ်ယူတဲ့အချိန်ထည့်သွင်းထားတာကတော့ ကျပ်(၃၅) ဘီလီယံရှိတာကြောင့် စုစုပေါင်းကုမ္ပဏီရဲ့ မတည်ရင်းနှီးမြုပ်နှံမှုဟာကျပ်(၄၀)ဘီလီယံကျော်ရှိနေတယ်လို့ YUPT က ဖော်ပြထားပါတယ်။
YUPT ကုမ္ပဏီအနေနဲ့ အခုအချိန်မှာ ရန်ကုန်တိုင်းထဲမှာ YBS ယာဉ်လိုင်းပေါင်း ၁၉ လိုင်း ၊ ကားအစီးအရေ ၉၄၀ နဲ့ လုပ်ငန်းလည်ပတ်နေပြီး အခုအချိန်ထိ အမြတ်မရရှိသေးဘူးလို့ သိရပါတယ်။
Source- O Media #Myanmar_Online_News

<zawgyi>
အစိုးရတာဝန်ရှိသူတွေနဲ့ YUPT ကုမ္ပဏီကတာဝန်ရှိသူတွေကို ရှယ်ယာပြန်မထုတ်ပေးရင် ရှယ်ယာရှင်များက တရားစွဲမည်
Monday , January 20 , 2020

စောင့်ဆိုင်းပေးထားတဲ့ အချိန်အတွင်း ရှယ်ယာတွေကို ပြန်မထုတ်ပေးရင် YUPT ကုမ္ပဏီအပါအဝင် အစိုးရ တာဝန်ရှိသူတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုတိုင်တာနဲ့ တရားစွဲတာတွေလုပ်ဖို့
စီစဉ်နေတယ်လို့ ရှယ်ယာရှင်တွေဆီက သိရပါတယ်။

YUPT ကုမ္ပဏီမှာထည့်ထားတဲ့ ရှယ်ယာတွေကို ပြန်မထုတ်ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခု ဇန်နဝါရီလဆန်း ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကို ရှယ်ယာရှင်တွေက လက်မှတ်ထိုးစာတင်ထားပြီး (၂)ပတ်(၃)ပတ်အတွင်း အကြောင်းပြန်ပေးဖို့ ဆန္ဒရှိနေကြတာလို့ သိရပါတယ်။
"အတိုင်ပင်ခံလည်းတင်ပြ၊ သမ္မတဆီလည်းတင်ပြ အဲ့ဒါလည်းဘာမှမထူးခြား၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဝန်ကြီးတို့ကို တင်ပြတော့လည်း အပြောလေးနဲ့ပဲပြီးသွားတာပဲ၊ အဲ့လို အပြောလေးနဲ့ ပဲပြီးနေမယ်ဆိုရင် အဂတိ တိုင်မယ်၊ လူထုဆန္ဒထုတ်ဖော်မယ်၊ တရားစွဲမယ်လို့ ဝန်ကြီးချုပ်ကို တင်ပြထားတဲ့စာထဲမှာပါပါတယ်။ အတိုင်းအတာဆိုတာကတော့ ဒီလကုန်အထိ နောက်ဆုံးထားစောင့်သွားမှာပါ” လို့ YUPT ရှယ်ယာရှင် တစ်ယောက်ဖြစ်တဲ့ ဦးထိန်ဝင်းက O Media ကို ပြောပါတယ်။
YUPT ကုမ္ပဏီမှာ အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက ရှယ်ယာရှင်ပေါင်း (၂၈၀) ကျော် ရှယ်ယာထည့်သွင်းထားပြီး ကုမ္ပဏီရဲ့ (၃) နှစ်တာကာလအတွင်း အမြတ်မရရှိသေးတာကြောင့် ရှယ်ယာရှင် (၂၂၀) ကျော်က ထည့်သွင်း ထားတဲ့ သူတို့ရှယ်ယာတွေကို ပြန်ထုတ်ဖို့ ဆန္ဒပြုတောင်းဆိုထားပါတယ်။
YUPT ကုမ္ပဏီအနေနဲ့ ရှယ်ယာတွေကို ပြန်လည်ဝယ်ယူးပေးသွားမယ့်အကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှယ်ယာရှင်တွေကို ပြောကြားထားတယ်လို့ သိရပါတယ်။
YUPT မှာ အစုရှယ်ယာရှင်တွေရဲ့ ရင်းနှီးငွေက ကျပ် (၅.၆) ဘီလီယံကျော်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာဉ်သစ်ဝယ်ယူတဲ့အချိန်ထည့်သွင်းထားတာကတော့ ကျပ်(၃၅) ဘီလီယံရှိတာကြောင့် စုစုပေါင်းကုမ္ပဏီရဲ့ မတည်ရင်းနှီးမြုပ်နှံမှုဟာကျပ်(၄၀)ဘီလီယံကျော်ရှိနေတယ်လို့ YUPT က ဖော်ပြထားပါတယ်။
YUPT ကုမ္ပဏီအနေနဲ့ အခုအချိန်မှာ ရန်ကုန်တိုင်းထဲမှာ YBS ယာဉ်လိုင်းပေါင်း ၁၉ လိုင်း ၊ ကားအစီးအရေ ၉၄၀ နဲ့ လုပ်ငန်းလည်ပတ်နေပြီး အခုအချိန်ထိ အမြတ်မရရှိသေးဘူးလို့ သိရပါတယ်။
Source- O Media #Myanmar_Online_News

0 comments:

Post a Comment