Wednesday, January 15, 2020

ကချင်ပြည်နယ်နေ့ ပွဲအမည်နာမနှင့်ပတ်သက်၍ WHG နှင့် NLD အစိုးရကို ကန့်ကွက်ရှုံ့ချ သည့် လှုပ်ရှားမှု၌ ဦးဆောင်သူကို တရားစွဲ

Image may contain: textImage may contain: outdoor

ကချင်ပြည်နယ်နေ့ ပွဲတော်ကျင်းပရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ကချင်လူမျိုးများရိုးရာယဉ်ကျေးမှုအသင်း (WHG) အသင်းကို ဖျက်သိမ်းပေးရန်နှင့် NLD ဗဟိုအစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် လှုပ်ရှားမှုတွင် ဦးဆောင်သူကို ငြိမ်းစုစီပုဒ်မ(၁၉)ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ဇန်နဝါရီလ (၇)ရက်နေ့က စီတာပူမနောကွင်းရှေ့တွင် ပြုလုပ်ခဲ့ပြီး ယင်းလုပ်ရှားမှု၌ ငြိမ်းစုစီ ဥပဒေပုဒ်မ(၄)ကို ချိုးဖောက်ခဲ့သည့်အတွက် မြစ်ကြီးနားမြို့နယ် ရဲမှူးမြင့်မိုးက တရားလိုပြုလုပ်ကာ ဦးဆောင်သူဦးဇုတ်ဒေါစောမ်နော် (ခေါ်) ကိုနော်ဒီးကိုတရားစွဲဆိုထားကြောင်း သိရသည်။
ယင်းလှုပ်ရှားမှုတွင် ''လူမျိုးရေးအစွန်း ရောက် WHG ဖျက်သိမ်းပေးရန်၊ ကချင်လူမျိုးများကြားတွင် (သွေးခွဲအောင် လူမျိုးရေးအထိကရုဏ်း) ဖြစ်အောင်လှုံ့ဆော်ပေးနေသော NLDဗဟိုအစိုးရ(လုံးဝ)အလိုမရှိ၊ ကချင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကိစ္စတွင်အစိုးရမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုရ စသည့် စာသားများပါရှိသည့် ဗီနိုင်းများကို အသုံးပြုကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့အပြင် ပြည်နယ်၏ အမည်နာမကို လူတစ်စုမှ ပြုပြင်ပြောင်းလဲခြင်းအား (လုံးဝ) လက်မခံပါ၊ WHG အသင်းဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်၊ ကချင်လူထုမှ ကန့်ကွက်ထားသည့် မနောင်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးကင်ရောတန်ဂွန်းတို့အား (လုံးဝ)အလိုမရှိစသည့် စာသားပါ ဗီနိုင်းများ အသုံးပြုခဲ့ပြီး ခွင့်ပြုချက်တင်မထားဘဲ အသုံးပြုခဲ့ခြင်းကြောင့် အရေးယူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့မ ရဲစခန်းမှ သိရသည်။
ယင်းလှုပ်ရှားမှုတွင် အဓိကအားဖြင့် ကချင်ပြည်နယ်နေ့၏ ပွဲအမည်နာမကို" Jhinghpaw Mungdw Nhtio''ခေါင်းစဉ်ဖြင့် အသုံးပြုကျင်းပပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ဦးစောမ်နော်က ယခုကဲ့သို့ပြောဆိုခဲ့သည်။
''ဒီနေ့အခုလိုမျိုးလူတွေစုပြီး လုပ်တာကတော့ အိမ်တွင်းရေးပြသာနာပေါ့နောက်တစ်ခုက ကျွန်တော်တို့အစဉ်အလာသုံးနေတဲ့ ဒီကချင်ပြည်နယ်နေ့ဆိုပြီးတော့ ဥပမာ ကချင်လိုအနက်ဖွင့်ရာမှာတော့ ဂျိန်းဖော့မုန်းဒေါ်အန်ထွယ် ဆိုတဲ့ဟာပေါ့နော် ဆိုတော့ ကချင်စာပေမသုံးဘဲနဲ့ မြန်မာလိုဘဲ သုံးပေးသွားမယ်ဆိုတဲ့ အချက်ကြောင့်လူထုအုံကြွမှုဖြစ်လာတာပါ''ဟု ဦးစောမ်နော်က ပြောသည်။
၇၂နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီလ (၁၀)ရက်နေ့က စီတာပူမနောကွင်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
Image may contain: sky and outdoor
No photo description available.
Image may contain: sky and outdoor
Image may contain: one or more people and outdoor
Source : EPN #Myanmar_Online_News
>>Zawgyi<<
Wednesday , January 15 , 2020

''ဒီနေ့အခုလိုမိုးလူတွစေုပွီး လုပ်တာကတော့ အိမ်တွငျးရေးပြသာနာပေါ့နောက်တစ်ခုက ကွနြျတ်တောို့အစဉျအလာသုံးနတေဲ့ ဒီကချငျပြည်နယျနေ့ဆိုပွီးတော့ ဥပမာ ကချင်လိုအနက်ဖွငျ့ရာမှာတော့ ဂိနျးဖော့မုနျးဒေါျအန်ထွယျ ဆိုတဲ့ဟာပေါ့နောျ ဆိုတော့ ကချင်စာပမေသုံးဘဲနဲ့ မြန်မာလိုဘဲ သုံးပေးသွားမယ်ဆိုတဲ့ အချကျကွောငျ့လူထုအုံွကွမှုဖြစ်လာတာပါ''ဟု ဦးစောမျန်ကော ပြောသညျ။
Source : EPN #Myanmar_Online_News

0 comments:

Post a Comment