Wednesday, January 15, 2020

ထိုင်းနိုင်ငံတွင် ဆေးရုံတက်ရောက်ကုသနေသော မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မန်းအစိုးရအဖွဲ့ဝန်ကြီးများ Video Call ဖြင့် အစည်းအဝေးပြုလုပ်

Image may contain: 1 person

ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေသော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့ရှိ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြီးခဲ့သည့် တနင်္လာနေ့က ဗွီဒီယိုကော (Video Call)ဖြင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

“တနင်္လာနေ့က ကျွန်တော်တို့ ဝန်ကြီးအဖွဲ့ အားလုံးကို ကျွန်တော်တို့ ဝန်ကြီးချုပ်ကြီးက ဘန်ကောက်ကနေပြီးတော့ Video Call လုပ်ပြီးတော့ အစည်းအဝေး ထိုင်ပါတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က သူ ဒီမှာ မရှိသော်လည်းဘဲ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေကို အမြဲမပြတ် ဆောင်ရွက်လျှက် ရှိပါတယ်”ဟု ဦးဇာနည်အောင်က ပြောကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေပြီး ရာထူး
တာဝန် အလွှဲအပြောင်း ရှိမည်မဟုတ်ကြောင်းလည်း ခေတ္တဝန်ကြီးချုပ်က ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။

Crd - MandalayIndepth
>>Zawgyi<<
ထိုင်းနိုင်ငံတွင် ဆေးရုံတက်ရောက်ကုသနေသော မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မန်းအစိုးရအဖွဲ့ဝန်ကြီးများ Video Call ဖြင့် အစည်းအဝေးပြုလုပ်
Wednesday , January 15 , 2020

ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေသော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့ရှိ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြီးခဲ့သည့် တနင်္လာနေ့က ဗွီဒီယိုကော (Video Call)ဖြင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
“တနင်္လာနေ့က ကျွန်တော်တို့ ဝန်ကြီးအဖွဲ့ အားလုံးကို ကျွန်တော်တို့ ဝန်ကြီးချုပ်ကြီးက ဘန်ကောက်ကနေပြီးတော့ Video Call လုပ်ပြီးတော့ အစည်းအဝေး ထိုင်ပါတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က သူ ဒီမှာ မရှိသော်လည်းဘဲ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေကို အမြဲမပြတ် ဆောင်ရွက်လျှက် ရှိပါတယ်”ဟု ဦးဇာနည်အောင်က ပြောကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေပြီး ရာထူး
တာဝန် အလွှဲအပြောင်း ရှိမည်မဟုတ်ကြောင်းလည်း ခေတ္တဝန်ကြီးချုပ်က ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။

Crd - MandalayIndepth

0 comments:

Post a Comment