Thursday, January 23, 2020

Sky Walk Shopping Center မီးလောင်မှုတွင်ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်အရန်မီးသတ်သမားလေးအား မန္တလေးဆေးရုံကြီးက ကုသစရိတ်တာဝန်ယူကာ အလှူငွေလည်း ကျပ်သိန်း ၂၀၀ခန့် ရရှိထား

Image may contain: one or more people and people standing

မန္တလေးရတနာပုံစျေး(SkyWalk)ဘက်ခြမ်းမီးလောင်မှုတွင်ဒဏ်ရာပြင်းထန်ရရှိခဲ့သည့် အရန်မီးသတ် ဒုတပ်ကြပ် ဟိန်းထက်အောင်၏ဆေးကုသမှုစရိတ်များကို မန္တလေးဆေးရုံကြီးက တာဝန်ယူမည့်အပြင် အလှူငွေလည်း ကျပ်သိန်း ၂၀၀ခန့် ရရှိထားကြောင်း သိရသည်။

ယင်းအပြင် ဒုတပ်ကြပ် ဟိန်းထက်အောင် အလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် CB ဘဏ်ကလည်း အလုပ်ပြန်ဆင်းနိုင်သည့် ကာလထိ လစာများကို ပုံမှန်ပေးအပ်သွားမည်ဖြစ်ပြီး အလုပ်ပြန်ဆင်း ချိန်တွင်လည်းရာထူးပါတိုးမြှင့်ပေးသွားမည်ဟု ပြောဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး ပုလဲငွေရောင် အရန်မီးသတ် တပ်စုမှူး ဦးတင်ဝင်းထွန်းက ပြောသည်။
ဇန်နဝါရီလ ၁၇ရက်က ဖြစ်ပွားခဲ့သော အဆိုပါမီးလောင်မှုတွင် အသက် ၂၁အရွယ်ရှိ မောင်ဟိန်းထက် အောင်သည် စျေးဒုတိယအထပ် Sunshade ပေါ်တက်၍ မှန်ခွဲရန် တက်ရောက်စဉ်ရေဝနေသည့် Sunshade ပြားနှင့်အတူပြုတ်ကျခဲ့ရာအကျမတော်ဘဲ မြေအောက်ခန်းသို့ဆင်းသည့် လှေခါးပေါ်သို့ ကျကာ ပေါင်အကျိုးရိုး၊ ဒူးဆစ်ကြေ၊ မေးရိုးကျိုးဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
'' မနေ့က ခွဲစိတ်တာပေါ့နော်။ ပေါင်က စတီးချောင်း ထည့်ရတယ်။ ဒူးကိုလည်း လုပ်တယ်။ နောက် မေးရိုးကိုတော့ မေးရိုးဆရာဝန်မကြီးက မေးရိုးပါ တစ်ခါတည်း လုပ်ပေးလိုက်တယ်ဗျ။ ဆေးရုံကပြော တာကတော့ ခြေထောက်ကတော့ လေ့ကျင့်ခန်းလေးလုပ်ရမယ်။ ထောင်တာတွေ၊ မတာတွေ ၊ ခြေမလေးတွေ ချိုးတာတွေ အဲ့ဒါတွေ လုပ်နိုင်ရင်တော့ ဆေးရုံးကဆင်းနိုင်ပြီလို ပြောတယ်။ မေးရိုးကျတော့သုံးပတ်လောက်ကြာမယ်။ အခုက ပါးစပ်က ဟလို့မရတော့ စကားလည်းပြောမရဘူး။ အစားလည်းစားမရဘူး။ ပိုက်ထည့်ထားပြီး အစာရော ရေရော ပိုက်က ထည့်ရတယ်'' ဟု ဦးတင်ဝင်းထွန်းက ပြောသည်။
မောင်ဟိန်းထက်အောင်သည် အရန်မီးသတ်စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အပြင် ၎င်းအလုပ် လုပ်ကိုင်နေသည့် CB ဘဏ်တွင်လည်း အငယ်တန်းစာရေးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ မိသားစုမှာလည်းစီပွားရေးအဆင်ပြေသည့်အခြေအနေမျိုးမရှိသောကြောင့် အစပိုင်း၌ကုသမှုအတွက် အခက်အခဲဖြစ်နိုင်သဖြင့် ဦးတင်ဝင်းထွန်း ဦးဆောင်၍ အလှူငွေကောက်ခံခြင်းများ ပြုလုပ်ခဲ့ရ ကြောင်းလည်း သိရသည်။
မောင်ဟိန်းထက်အောင်အတွက် အလှူခံမှုများပြုလုပ်ထားရာတွင် ဇန်နဝါရီလ ၁၈ရက်မှ ၂၁ရက်ထိ ပြုလုပ်ထားသော စာရင်းများအရ ကျပ်သိန်း ၁၉၀ ကျော် ရရှိထားပြီး ဘဏ်အကောင့်ထဲထည့်ကာ ၎င်း၏မိဘများအားလွဲပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
Image may contain: one or more people and indoor
Source : PyiMyanmar #Myanmar_Online_News
>>Zawgyi<<
Sky Walk Shopping Center မီးလောင်မှုတွင်ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်အရန်မီးသတ်သမားလေးအား မန္တလေးဆေးရုံကြီးက ကုသစရိတ်တာဝန်ယူကာ အလှူငွေလည်း ကျပ်သိန်း ၂၀၀ခန့် ရရှိထား
Thursday , January 23 , 2020

မန္တလေးရတနာပုံစျေး(SkyWalk)ဘက်ခြမ်းမီးလောင်မှုတွင်ဒဏ်ရာပြင်းထန်ရရှိခဲ့သည့် အရန်မီးသတ် ဒုတပ်ကြပ် ဟိန်းထက်အောင်၏ဆေးကုသမှုစရိတ်များကို မန္တလေးဆေးရုံကြီးက တာဝန်ယူမည့်အပြင် အလှူငွေလည်း ကျပ်သိန်း ၂၀၀ခန့် ရရှိထားကြောင်း သိရသည်။
ယင်းအပြင် ဒုတပ်ကြပ် ဟိန်းထက်အောင် အလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် CB ဘဏ်ကလည်း အလုပ်ပြန်ဆင်းနိုင်သည့် ကာလထိ လစာများကို ပုံမှန်ပေးအပ်သွားမည်ဖြစ်ပြီး အလုပ်ပြန်ဆင်း ချိန်တွင်လည်းရာထူးပါတိုးမြှင့်ပေးသွားမည်ဟု ပြောဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး ပုလဲငွေရောင် အရန်မီးသတ် တပ်စုမှူး ဦးတင်ဝင်းထွန်းက ပြောသည်။
ဇန်နဝါရီလ ၁၇ရက်က ဖြစ်ပွားခဲ့သော အဆိုပါမီးလောင်မှုတွင် အသက် ၂၁အရွယ်ရှိ မောင်ဟိန်းထက် အောင်သည် စျေးဒုတိယအထပ် Sunshade ပေါ်တက်၍ မှန်ခွဲရန် တက်ရောက်စဉ်ရေဝနေသည့် Sunshade ပြားနှင့်အတူပြုတ်ကျခဲ့ရာအကျမတော်ဘဲ မြေအောက်ခန်းသို့ဆင်းသည့် လှေခါးပေါ်သို့ ကျကာ ပေါင်အကျိုးရိုး၊ ဒူးဆစ်ကြေ၊ မေးရိုးကျိုးဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
'' မနေ့က ခွဲစိတ်တာပေါ့နော်။ ပေါင်က စတီးချောင်း ထည့်ရတယ်။ ဒူးကိုလည်း လုပ်တယ်။ နောက် မေးရိုးကိုတော့ မေးရိုးဆရာဝန်မကြီးက မေးရိုးပါ တစ်ခါတည်း လုပ်ပေးလိုက်တယ်ဗျ။ ဆေးရုံကပြော တာကတော့ ခြေထောက်ကတော့ လေ့ကျင့်ခန်းလေးလုပ်ရမယ်။ ထောင်တာတွေ၊ မတာတွေ ၊ ခြေမလေးတွေ ချိုးတာတွေ အဲ့ဒါတွေ လုပ်နိုင်ရင်တော့ ဆေးရုံးကဆင်းနိုင်ပြီလို ပြောတယ်။ မေးရိုးကျတော့သုံးပတ်လောက်ကြာမယ်။ အခုက ပါးစပ်က ဟလို့မရတော့ စကားလည်းပြောမရဘူး။ အစားလည်းစားမရဘူး။ ပိုက်ထည့်ထားပြီး အစာရော ရေရော ပိုက်က ထည့်ရတယ်'' ဟု ဦးတင်ဝင်းထွန်းက ပြောသည်။
မောင်ဟိန်းထက်အောင်သည် အရန်မီးသတ်စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အပြင် ၎င်းအလုပ် လုပ်ကိုင်နေသည့် CB ဘဏ်တွင်လည်း အငယ်တန်းစာရေးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ မိသားစုမှာလည်းစီပွားရေးအဆင်ပြေသည့်အခြေအနေမျိုးမရှိသောကြောင့် အစပိုင်း၌ကုသမှုအတွက် အခက်အခဲဖြစ်နိုင်သဖြင့် ဦးတင်ဝင်းထွန်း ဦးဆောင်၍ အလှူငွေကောက်ခံခြင်းများ ပြုလုပ်ခဲ့ရ ကြောင်းလည်း သိရသည်။
မောင်ဟိန်းထက်အောင်အတွက် အလှူခံမှုများပြုလုပ်ထားရာတွင် ဇန်နဝါရီလ ၁၈ရက်မှ ၂၁ရက်ထိ ပြုလုပ်ထားသော စာရင်းများအရ ကျပ်သိန်း ၁၉၀ ကျော် ရရှိထားပြီး ဘဏ်အကောင့်ထဲထည့်ကာ ၎င်း၏မိဘများအားလွဲပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
Source : PyiMyanmar #Myanmar_Online_News

0 comments:

Post a Comment