Tuesday, January 14, 2020

ပါကစ္စတန် သမ္မတဟောင်း Pervez Musharraf ၏သေဒဏ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီ၍ ပယ်ဖျက်

Image may contain: 2 people, beard and closeup

ပါကစ္စတန်နိုင်ငံတွင် Lahore တရားရုံးချုပ်က စစ်အာဏာရှင်ဟောင်း Pervez Musharraf ကို သေဒဏ်ချမှတ်ခဲ့သည့်တရားရုံးဖွဲ့စည်းပုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ကြေညာကာ သေဒဏ်ကိုပယ်ဖျက်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန်တရားရုံးတစ်ခုက Musharraf ကို ၂၀၀၇ ခုနှစ်က အရေးပေါ်အခြေအနေထုတ်ပြန်ခြင်းနှင့် ပတ်သက်သည့်ပြစ်မှုများဖြင့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ကာ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း သေဒဏ်ချမှတ်ခဲ့သည်။ တရားသူကြီးသုံးဦးပါဝင်သောအဖွဲ့၏ခေါင်းဆောင်က Musharraf သည် ကွပ်မျက်မခံရမီ သေဆုံးသွားခဲ့ပါက Musharraf ၏အလောင်းကို သုံးရက်ကြာချိတ်ဆွဲထားရန်အထိ ဆုံးဖြတ်ခဲ့သည်။ Musharraf အား သေဒဏ်ပေးခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် Musharraf ကိုလိုလားသူများက ယခုအခါ တရားရုံး၏ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။
Musharraf သည် ပါကစ္စတန်တွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့်စွဲချက်တင်ခံရသော ပထမဆုံးစစ်အာဏာရှင်ဟောင်းဖြစ်လာပြီး ၂၀၁၆ ခုနှစ်တွင် ပါကစ္စတန်မှထွက်ခွာခဲ့ပြီးနောက် ဒူဘိုင်းတွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။
Source- BBC #Myanmar_Online_News

<zawgyi>
ပါကစ္စတန် သမ္မတဟောင်း Pervez Musharraf ၏သေဒဏ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီ၍ ပယ်ဖျက်
Tuesday , January 14 , 2020

ပါကစ္စတန်နိုင်ငံတွင် Lahore တရားရုံးချုပ်က စစ်အာဏာရှင်ဟောင်း Pervez Musharraf ကို သေဒဏ်ချမှတ်ခဲ့သည့်တရားရုံးဖွဲ့စည်းပုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ကြေညာကာ သေဒဏ်ကိုပယ်ဖျက်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ပါကစ္စတန်တရားရုံးတစ်ခုက Musharraf ကို ၂၀၀၇ ခုနှစ်က အရေးပေါ်အခြေအနေထုတ်ပြန်ခြင်းနှင့် ပတ်သက်သည့်ပြစ်မှုများဖြင့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ကာ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း သေဒဏ်ချမှတ်ခဲ့သည်။ တရားသူကြီးသုံးဦးပါဝင်သောအဖွဲ့၏ခေါင်းဆောင်က Musharraf သည် ကွပ်မျက်မခံရမီ သေဆုံးသွားခဲ့ပါက Musharraf ၏အလောင်းကို သုံးရက်ကြာချိတ်ဆွဲထားရန်အထိ ဆုံးဖြတ်ခဲ့သည်။ Musharraf အား သေဒဏ်ပေးခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် Musharraf ကိုလိုလားသူများက ယခုအခါ တရားရုံး၏ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။
Musharraf သည် ပါကစ္စတန်တွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့်စွဲချက်တင်ခံရသော ပထမဆုံးစစ်အာဏာရှင်ဟောင်းဖြစ်လာပြီး ၂၀၁၆ ခုနှစ်တွင် ပါကစ္စတန်မှထွက်ခွာခဲ့ပြီးနောက် ဒူဘိုင်းတွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။
Source- BBC #Myanmar_Online_News

0 comments:

Post a Comment