Monday, January 20, 2020

KTV မှ အမျိုးသမီးအား "ငါ့မှာ သေနတ်ပါတယ်" ဟု ပြောပြီး သေနတ်ဆွဲထုတ်စဉ် ကျည်ဆံထွက်သွားမှုဖြင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးကို စုံခုံဖွဲ့စစ်ဆေး

No photo description available.

ဇန်နဝါရီ ၁၈ ရက်နေ့ နေ့လည်က KTV မှ အမျိုးသမီးဝန်ထမ်းအား "ငါ့မှာ သေနတ်ပါတယ်" ဟုပြောဆိုကာ ခါးကြားမှ သေနတ်ဆွဲထုတ်စဉ် ကျည်ဆံသွားမှုဖြင့် တာချီလိတ်မြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ကို စုံခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းသန်းသည် မော်တော်ယာဉ်တစ်စီးကိုမောင်းနှင်၍ ထွက်လာရာ ဟွေခိုက်ကျေးရွာ ဗျူဟာကုန်းရှေ့ အရောက်တွင် တစ်ဘက်ယာဉ်ကြောပေါ်သို့ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော လူ ၂ ဦးပါ ဆိုင်ကယ်တစ်စီးကို ဝဲဘက်မှန်နှင့်ချိတ်ဆွဲမိခဲ့ကြောင်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ မှသိရသည်။
ယင်းသို့ ချိတ်ဆွဲမိသော်လည်း ရဲမှူး ထွန်းထွန်းသန်းသည် ကားကို ရပ်တန့်ခြင်းမရှိဘဲ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ KTV တစ်ခုတွင် သွားရောက်သီချင်းဆိုခဲ့သေးသည် ဟုသိရသည်။
သီချင်းဆိုပြီး မွန်းလွဲ ၃ နာရီခွဲတွင် ဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် KTV မှ အမျိုးသမီးအား ငါ့မှာသေနတ်ပါတယ် ဟုပြောဆိုကာ ခါးကြားမှ သေနတ်ကို ဆွဲထုတ်ခဲ့ကြောင်း၊ ယင်းသို့ သေနတ်ဆွဲထုတ်စဉ် အင်္ကျီကြယ်သီးနှင့်ငြိပြီး သေနတ်အတွင်းမှ ကျည် ၁ တောင့်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ရဲမှူးထွန်းထွန်းသန်းသည် အရက်သေစာသောက်စားတက်သူဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒအရ အရေးယူနိုင်ရန် စုံခုံဖွဲ့စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုအတွက် ရဲမှူးထွန်းထွန်းသန်းကို ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉ (အများသူငါသွားလာရာလူသွားလမ်းတွင် ယာဉ်အားစည်းကမ်းမဲ့မောင်းနှင်ခြင်း) ၊ ပုဒ်မ ၃၇၇ (ယာဉ်တိုက်မှု) ၊ ပုဒ်မ ၃၃၈ (ပေါ့ဆစွာမောင်းနှင်မှုကြောင့် ဒဏ်ရာရရှိစေမှု) တို့ဖြင့် အမှုဖွင့်အရေးယူထားသေးကြောင်း သိရသည်။

<zawgyi>
KTV မှ အမျိုးသမီးအား "ငါ့မှာ သေနတ်ပါတယ်" ဟု ပြောပြီး သေနတ်ဆွဲထုတ်စဉ် ကျည်ဆံထွက်သွားမှုဖြင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးကို စုံခုံဖွဲ့စစ်ဆေး
Monday , January 20 , 2020

ဇန်နဝါရီ ၁၈ ရက်နေ့ နေ့လည်က KTV မှ အမျိုးသမီးဝန်ထမ်းအား "ငါ့မှာ သေနတ်ပါတယ်" ဟုပြောဆိုကာ ခါးကြားမှ သေနတ်ဆွဲထုတ်စဉ် ကျည်ဆံသွားမှုဖြင့် တာချီလိတ်မြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ကို စုံခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။
တာချီလိတ်မြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းသန်းသည် မော်တော်ယာဉ်တစ်စီးကိုမောင်းနှင်၍ ထွက်လာရာ ဟွေခိုက်ကျေးရွာ ဗျူဟာကုန်းရှေ့ အရောက်တွင် တစ်ဘက်ယာဉ်ကြောပေါ်သို့ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော လူ ၂ ဦးပါ ဆိုင်ကယ်တစ်စီးကို ဝဲဘက်မှန်နှင့်ချိတ်ဆွဲမိခဲ့ကြောင်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ မှသိရသည်။
ယင်းသို့ ချိတ်ဆွဲမိသော်လည်း ရဲမှူး ထွန်းထွန်းသန်းသည် ကားကို ရပ်တန့်ခြင်းမရှိဘဲ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ KTV တစ်ခုတွင် သွားရောက်သီချင်းဆိုခဲ့သေးသည် ဟုသိရသည်။
သီချင်းဆိုပြီး မွန်းလွဲ ၃ နာရီခွဲတွင် ဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် KTV မှ အမျိုးသမီးအား ငါ့မှာသေနတ်ပါတယ် ဟုပြောဆိုကာ ခါးကြားမှ သေနတ်ကို ဆွဲထုတ်ခဲ့ကြောင်း၊ ယင်းသို့ သေနတ်ဆွဲထုတ်စဉ် အကျႌကြယ်သီးနှင့်ငြိပြီး သေနတ်အတွင်းမှ ကျည် ၁ တောင့်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ရဲမှူးထွန်းထွန်းသန်းသည် အရက်သေစာသောက်စားတက်သူဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒအရ အရေးယူနိုင်ရန် စုံခုံဖွဲ့စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုအတွက် ရဲမှူးထွန်းထွန်းသန်းကို ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉ (အများသူငါသွားလာရာလူသွားလမ်းတွင် ယာဉ်အားစည်းကမ်းမဲ့မောင်းနှင်ခြင်း) ၊ ပုဒ်မ ၃၇၇ (ယာဉ်တိုက်မှု) ၊ ပုဒ်မ ၃၃၈ (ပေါ့ဆစွာမောင်းနှင်မှုကြောင့် ဒဏ်ရာရရှိစေမှု) တို့ဖြင့် အမှုဖွင့်အရေးယူထားသေးကြောင်း သိရသည်။

0 comments:

Post a Comment