Wednesday, January 15, 2020

မွန်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်မှုခင်းအကူတပ်ဖွဲ့စုမှ မုဒုံ မြို့နယ်ရှိ KTV ဆိုင် အခန်းတစ်ခုအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ၆ နာရီချိန်ခန့်တွင်မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ခပုံကျေးရွာအနီး မိုးသောက်ပန်း(ယခင် ရွှေဥယျာဉ်) စားသောက်ဆိုင်အတွင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ် ဇော်ထိုက်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးသောက်ပန်း(ယခင်ရွှေဥယျာဉ်) စားသောက်ဆိုင် အခန်း အမှတ်၊ S-5 တွင် ရောက်ရှိနေသူ စောမြင့်ထွန်း(၂၂)နှစ်(ဘ)ဦးသန်းထွန်း၊ မပတ(ရှိ)မမှတ်မိ၊ ကရင်/ဗုဒ္ဓ၊ တံခွန်တိုင်ကျေးရွာ၊အရှေ့ပိုင်း၊ ရပ်ကွက်(၁)၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ် နေသူအား ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော CHICAGO BULL စာတမ်းပါ အပြာရောင်ဂျင်းအင်္ကျီ လက်ရှည်၏ ယာဘက်အိတ်ကပ်အတွင်းမှ PS စာတမ်းပါ ဖြူနီရောင်ပလက်စတစ်ကပ်ခွါအိတ် အတွင်း အပြာရောင်ပလက်တစ် ကပ်ခွါအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၀၅)ပြား၊ WY စာတမ်းပါ အစိမ်းရောင်စိတ်ကြွဆေးပြား(၂)ပြား၊ စုစုပေါင်း (၁၀၇)ပြား အလေးချိန်(၁၀. ၇)ဂရမ်ခန့် ကာလတန်ဘိုး(ဆေးတစ်ပြားလျှင်၅၀၀ဝိ/-ကျပ်) နှုန်းဖြင့်(၅၃၅ဝဝဝိ/-)ကျပ်အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်စိတ်ကြွဆေးပြားများအား လက်ဝယ်ထားရှိ သုံးစွဲသူ စောမြင့်ထွန်းအားမုဒုံမြို့မရဲစခန်း မယ(ပ) ၅/၂ဝ၂ဝ၊ မူးစိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
Image may contain: text that says 'CHICAGO BULLS'

Source : အမွှာညီနောင် #Myanmar_Online_News
>>Zawgyi<<
မွန်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်မှုခင်းအကူတပ်ဖွဲ့စုမှ မုဒုံ မြို့နယ်ရှိ KTV ဆိုင် အခန်းတစ်ခုအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Wednesday , January 15 , 2020

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ၆ နာရီချိန်ခန့်တွင်မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ခပုံကျေးရွာအနီး မိုးသောက်ပန်း(ယခင် ရွှေဥယျာဉ်) စားသောက်ဆိုင်အတွင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ် ဇော်ထိုက်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးသောက်ပန်း(ယခင်ရွှေဥယျာဉ်) စားသောက်ဆိုင် အခန်း အမှတ်၊ S-5 တွင် ရောက်ရှိနေသူ စောမြင့်ထွန်း(၂၂)နှစ်(ဘ)ဦးသန်းထွန်း၊ မပတ(ရှိ)မမှတ်မိ၊ ကရင်/ဗုဒ္ဓ၊ တံခွန်တိုင်ကျေးရွာ၊အရှေ့ပိုင်း၊ ရပ်ကွက်(၁)၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ် နေသူအား ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော CHICAGO BULL စာတမ်းပါ အပြာရောင်ဂျင်းအကျႌ လက်ရှည်၏ ယာဘက်အိတ်ကပ်အတွင်းမှ PS စာတမ်းပါ ဖြူနီရောင်ပလက်စတစ်ကပ်ခွါအိတ် အတွင်း အပြာရောင်ပလက်တစ် ကပ်ခွါအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၀၅)ပြား၊ WY စာတမ်းပါ အစိမ်းရောင်စိတ်ကြွဆေးပြား(၂)ပြား၊ စုစုပေါင်း (၁၀၇)ပြား အလေးချိန်(၁၀. ၇)ဂရမ်ခန့် ကာလတန်ဘိုး(ဆေးတစ်ပြားလျှင်၅၀၀ဝိ/-ကျပ်) နှုန်းဖြင့်(၅၃၅ဝဝဝိ/-)ကျပ်အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်စိတ်ကြွဆေးပြားများအား လက်ဝယ်ထားရှိ သုံးစွဲသူ စောမြင့်ထွန်းအား
မုဒုံမြို့မရဲစခန်း မယ(ပ) ၅/၂ဝ၂ဝ၊ မူးစိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

Source : အမွှာညီနောင် #Myanmar_Online_News

0 comments:

Post a Comment