Tuesday, January 14, 2020

ကယားပြည်နယ်နေ့တွင် လာရောက်ဖျော်ဖြေသော IC အဖွဲ့ အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကို အမွှမ်းတင်တဲ့ စကားမပြောစေလိုကြောင်းထုတ်ပြန်

Image may contain: 9 people, text

ကယားပြည်နယ်နေ့မှာ လာရောက်ဖျော်ဖြေပေးမယ့် IC အဖွဲ့အနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို အမွှန်းမတင်စေလိုကြောင်း အကြံပြုထုတ်ပြန်စာတစောင်ကို ကရင်နီ ဒေသခံ IC အမာခံပရိတ်သတ်များက ဇန်နဝါရီလ ၁၄ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

အကြောင်းရင်းကတော့ ဝန်ကြီးချုပ်ဟာ ဌာနတိုင်းရင်းသားလူငယ်တွေကို နိုင်ငံရေးအရ ဖိနှိပ်ပြီး ဖမ်းဆီး တရားစွဲထောင်ချ ခဲ့တဲ့အပြင်၊ ဒေသခံတွေရဲ့ သဘောထားမပါပဲ ဗိုလ်ချုပ်အောင်ဆန်းကြေရုပ် ကို တည်ဆောက်ရာမှာ အဓိကတရားခံဖြစ်နေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကယားပြည်နယ်နေ့ အတွက် ဖျော်ဖြေရေး ကုန်ကျစားရိတ်တွေဟာ ပြည်နယ်အစိုးရငွေမဟုတ်ပဲ ပြည်သူ့ငွေကြေးသာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေအားပေးမှုနဲ့ နှစ်ပေါင်း ၃၀ နီးပါး ရပ်တည်လာတဲ့ IC အဖွဲ့ အနေနဲ့ အစိုးရကို အမွှမ်းတင်တာ မလုပ်စေချင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
''အဓိကကတော့အစိုးရကိုမြှောက်ပင့်တာတို့ မလုပ်ဖို့ အဲ့လိုလုပ်ရင် ကျတော်တို့ကရင်နီလူငယ်တွေကို ဖိနှိပ်နေတဲ့ဟာတွေကိုအားပေးသလိုဖြစ်နေတယ်ပေါ့နော'' လို့ ကရင်နီပြည်နယ် ဒေသခံ IC ပရိတ်သတ်အမာခံတဦးဖြစ်တဲ့ ကိုဒီးဒိကပြောပါတယ်။
အကြံပြုစာအတိုင်းမလုပ်ပဲ အစိုးရကို အမွှမ်းတင်ပြီး ပြောနေမယ်ဆိုရင် IC အဖွဲ့ အနေနဲ့ ပရိတ်သက်လျော့နည်းသွားမှာကို စိုးရိမ်တာကြောင့် အခုလို အကြံပြုစာထုတ်ရခြင်းဖြစ်တယ်လို့ ကိုဒီးဒီကဆက်ပြောပါတယ်။
'' ပြီးခဲ့တဲ့တစ်နှစ်ကဝန်ကြီးချုပ် ကိုအမွှန်းတင်ပြီးတော့မှ ကျေးဇူးတင်စကားတွေဘာတွေပြောခဲ့တာ။ ဝန်ကြီးချုပ်ကိုအမွှန်းတင်ပြီးတော့မှပြောတာ ကျတော်လည်းသိပ်ပြီးသဘောမကျဘူး။'' လို့ အကြံပြုစာထုတ်ပြန်ရာတွင်ပါဝင်သော ကရင်နီပြည်နယ်ဒေသခံ အိုင်စီအမာခံပရိသတ်တစ်ဦးဖြစ်သူ ကိုဘွယ်မှူးကပြောပါတယ်။
IC အဖွဲ့ဟာ ကယားပြည်နယ်နေ့ အတွက် လာမယ့် ၁၆ ရက်နေ့ မှာ ဝင်ကြေးအခမဲ့ နဲ့ လာရောက်ဖျော်ဖြေပေးမှာဖြစ်ပါတယ်။
အကြံပြုစာကို ကရင်နီလူငယ်ခြောက်ဦးက တာဝန်ခံပြီးရေးထားတာလို့ အကြံပြုစာထုတ်ပြန်ရာတွင်ပါဝင်သူ ကိုဒီးဒီကပြောပါတယ်။
Source : Kantarawaddy #Myanmar_Online_News
<<Zawgyi>>
ကယားပြည်နယ်နေ့တွင် လာရောက်ဖျော်ဖြေသော IC အဖွဲ့ အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကို အမွှမ်းတင်တဲ့ စကားမပြောစေလိုကြောင်းထုတ်ပြန်
Wednesday , January 15 , 2020

0 comments:

Post a Comment