Wednesday, January 15, 2020

ပုံမှန်အိပ်စက်ခြင်းက Gym သွားတာထက်ပိုပြီး ဝိတ်ကျ စေဟု ဆရာဝန်များပြောကြား

Image may contain: 2 people, stripes and indoor

ခန္ဓာကိုယ် အလေးချိန် မြင့်တက်ခြင်းဟာ ကိုယ့်ရဲ့ လူနေမှုဘဝ နေထိုင်မှု ပုံစံနဲ့ လည်း အများကြီးဆိုင်ပါတယ်။ခန္ဓာကိုယ် အလေးချိန် မြင့်တက်ခြင်းက အိပ်ချင် မှန်ခြင်း၊မမှန်ခြင်းနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ပုံမှန် အိပ်စက် ခြင်းက Gym သွားတာ ထက်တောင်ပိုပြီး ဝိတ်ကျ စေဖို့ အများကြီး အထောက်အကူဖြစ် စေတယ်လို့ ဆရာဝန် တွေ က ပြောခဲ့ပါတယ်။

အိပ်စက် ခြင်းဆိုင်ရာ ပညာရှင် Sleep specialist Dr Guy Meadows က ဘာကြောင့် အိပ်စက် ခြင်းနဲ့ ဝိတ်ကျ ခြင်း ဆက်စပ်နေလဲ ဆိုတာကို ရှင်းပြခဲ့ပါတယ်။အိပ်စက်ချိန် နည်းတာ ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီ ရာခိုင်နှုန်း ကို ပိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။တစ် နေ့ကို အိပ်ချိန် (၇)နာရီ (သို့) (၈)နာရီ မပြည့်ရင် ခန္ဓာကိုယ်ရဲ့ အဆီ ရာခိုင်နှုန်းကို ပိုမြင့်တက်စေတယ် လို့ Cosmopolitan နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။သု တေသန ရာခဒ် တွေ အရ အိပ် ချိန် ပျှမ်းမျှ (၆)နာရီ လောက်ပဲ ရှိတဲ့ သူတွေဟာ အဝ လွန် နိုင် ချေ (၂၇)ရာခိုင်နှုန်း ပိုမို မြင့် တက်စေပါတယ်။တစ်နေ့ အိပ်ချိန် (၅)နာရီ အောက် တွေ ကတော့ အဝလွန်နိုင်ချေ (၇၃)ရာခိုင်နှုန်း ပို မို မြင့် တက်စေပါတယ်။
ညလုံး ပေါက် မအိပ်ပဲ နေမယ်ဆိုရင်တော့ ဝိတ် တက်လာရတဲ့ အကြောင်းအရင်းကတော့ လုံ လောက်တဲ့ အနားယူမှု မရှိရင် ခန္ဓာကိုယ်မှာရှိတဲ့ ၀အီ အောင် ဆန္ဒဖြည့်ဆည်းပေးတဲ့ ဟော်မုန်း နဲ့ အဆာလွန် ဟော်မုန်းတွေ ဖြစ်တဲ့ leptin နဲ့ ghrelin တို့ကို အများကြီး ထွက်ပေါ် လာစေပါတယ်။ချိုတဲ့ အစားအစာ တွေကို အငမ်း မရ လိုချင်လာတဲ့ စိတ်ကို ဖြစ်ပေါ် လာအောင် လည်း တွန်းအားပေးပါတယ်။Dr Meadows က ” ကျန်းကျန်းမာမာ နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ရေးကို အလေး ထားတယ်ဆိုရင် ကောင်းကောင်းအိပ်စက်နိုင်ရေးကို ဦးစားပေးသင့်တယ်..” ဆိုပြီး အကြံ ပြု ခဲ့ပါတယ်။
ညဖက်မှာ ကောင်းကောင်းအိပ် စက်ပြီး Diet လုပ်တဲ့ သူတွေဟာ ကောင်းကောင်း မအိပ်ပဲ Diet လုပ်တဲ့ သူတွေ ထက် ပိုပြီး ဝိတ်ကျ တာ မြန် တယ်လို့ (၂၀၁၀) ခုနှစ်တုန်းက Chicago တက္ကသိုလ် ရဲ့ လေ့လာ တွေ့ရှိ မှု တစ်ခုမှာ ဖော်ပြ ထားပါတယ်။ကောင်းကောင်း မအိပ်တဲ့ အခါ မှာတော့ အဆီ တွေကျတာ နှေးပြီး ပိုပြီး ဆာလောင်တဲ့ စိတ် တွေ တောင် ဖြစ်ပေါ် လာခဲ့တယ်လို့ လေ့လာ မှု မှာ ဖော်ပြထားပါတယ်။(၂၀၁၈)တုန်းက သိပ္ပံပညာရှင်တွေ ရဲ့ လေ့လာ တွေ့ရှိမှု တစ်ခုမှာဆိုရင်လည်း အိပ်ချိန် (၇-၉)နာရီ ရှိသူတွေ ဟာ ဆာလောင် မှု ကိုဝေဒနာကို ခံစားရတာ နည်းတယ်လို့ ဖော်ပြ ခဲ့ပါတယ်။
Image may contain: 1 person, smiling, sitting
Image may contain: one or more people and indoor
Image may contain: 1 person
Source : Burmese.Asia #Myanmar_Online_News
<<Zawgyi>>
ပုံမှန်အိပ်စက်ခြင်းက Gym သွားတာထက်ပိုပြီး ဝိတ်ကျ စေဟု ဆရာဝန်များပြောကြား
Wednesday , January 15 , 2020

ခန္ဓာကိုယ် အလေးချိန် မြင့်တက်ခြင်းဟာ ကိုယ့်ရဲ့ လူနေမှုဘဝ နေထိုင်မှု ပုံစံနဲ့ လည်း အများကြီးဆိုင်ပါတယ်။ခန္ဓာကိုယ် အလေးချိန် မြင့်တက်ခြင်းက အိပ်ချင် မှန်ခြင်း၊မမှန်ခြင်းနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ပုံမှန် အိပ်စက် ခြင်းက Gym သွားတာ ထက်တောင်ပိုပြီး ဝိတ်ကျ စေဖို့ အများကြီး အထောက်အကူဖြစ် စေတယ်လို့ ဆရာဝန် တွေ က ပြောခဲ့ပါတယ်။
အိပ်စက် ခြင်းဆိုင်ရာ ပညာရှင် Sleep specialist Dr Guy Meadows က ဘာကြောင့် အိပ်စက် ခြင်းနဲ့ ဝိတ်ကျ ခြင်း ဆက်စပ်နေလဲ ဆိုတာကို ရှင်းပြခဲ့ပါတယ်။အိပ်စက်ချိန် နည်းတာ ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီ ရာခိုင်နှုန်း ကို ပိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။တစ် နေ့ကို အိပ်ချိန် (၇)နာရီ (သို့) (၈)နာရီ မပြည့်ရင် ခန္ဓာကိုယ်ရဲ့ အဆီ ရာခိုင်နှုန်းကို ပိုမြင့်တက်စေတယ် လို့ Cosmopolitan နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။သု တေသန ရာခဒ် တွေ အရ အိပ် ချိန် ပျှမ်းမျှ (၆)နာရီ လောက်ပဲ ရှိတဲ့ သူတွေဟာ အဝ လွန် နိုင် ချေ (၂၇)ရာခိုင်နှုန်း ပိုမို မြင့် တက်စေပါတယ်။တစ်နေ့ အိပ်ချိန် (၅)နာရီ အောက် တွေ ကတော့ အဝလွန်နိုင်ချေ (၇၃)ရာခိုင်နှုန်း ပို မို မြင့် တက်စေပါတယ်။
ညလုံး ပေါက် မအိပ်ပဲ နေမယ်ဆိုရင်တော့ ဝိတ် တက်လာရတဲ့ အကြောင်းအရင်းကတော့ လုံ လောက်တဲ့ အနားယူမှု မရှိရင် ခန္ဓာကိုယ်မှာရှိတဲ့ ၀အီ အောင် ဆန္ဒဖြည့်ဆည်းပေးတဲ့ ဟော်မုန်း နဲ့ အဆာလွန် ဟော်မုန်းတွေ ဖြစ်တဲ့ leptin နဲ့ ghrelin တို့ကို အများကြီး ထွက်ပေါ် လာစေပါတယ်။ချိုတဲ့ အစားအစာ တွေကို အငမ်း မရ လိုချင်လာတဲ့ စိတ်ကို ဖြစ်ပေါ် လာအောင် လည်း တွန်းအားပေးပါတယ်။Dr Meadows က ” ကျန်းကျန်းမာမာ နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ရေးကို အလေး ထားတယ်ဆိုရင် ကောင်းကောင်းအိပ်စက်နိုင်ရေးကို ဦးစားပေးသင့်တယ်..” ဆိုပြီး အကြံ ပြု ခဲ့ပါတယ်။
ညဖက်မှာ ကောင်းကောင်းအိပ် စက်ပြီး Diet လုပ်တဲ့ သူတွေဟာ ကောင်းကောင်း မအိပ်ပဲ Diet လုပ်တဲ့ သူတွေ ထက် ပိုပြီး ဝိတ်ကျ တာ မြန် တယ်လို့ (၂၀၁၀) ခုနှစ်တုန်းက Chicago တက္ကသိုလ် ရဲ့ လေ့လာ တွေ့ရှိ မှု တစ်ခုမှာ ဖော်ပြ ထားပါတယ်။ကောင်းကောင်း မအိပ်တဲ့ အခါ မှာတော့ အဆီ တွေကျတာ နှေးပြီး ပိုပြီး ဆာလောင်တဲ့ စိတ် တွေ တောင် ဖြစ်ပေါ် လာခဲ့တယ်လို့ လေ့လာ မှု မှာ ဖော်ပြထားပါတယ်။(၂၀၁၈)တုန်းက သိပ္ပံပညာရှင်တွေ ရဲ့ လေ့လာ တွေ့ရှိမှု တစ်ခုမှာဆိုရင်လည်း အိပ်ချိန် (၇-၉)နာရီ ရှိသူတွေ ဟာ ဆာလောင် မှု ကိုဝေဒနာကို ခံစားရတာ နည်းတယ်လို့ ဖော်ပြ ခဲ့ပါတယ်။
Source : Burmese.Asia #Myanmar_Online_News

0 comments:

Post a Comment