Tuesday, January 14, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

Image may contain: 2 people, people sitting and indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေ းဦးစီးချုပ် General VONG PISEN အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံသံတမန် ဆက်ဆံရေးသည် ၁၉၅၅ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယခုနှစ်တွင် ၆၅ နှစ်ပြည့်မြောက်မည်ဖြစ်သဖြင့် ထူးခြားသည့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ အဆွေတော်သည် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ချစ်ကြည်ရေးခရီး လာရောက်သည့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာစေရေးအတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဧည့်သည်တော် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ နွေးထွေးစွာကြိုဆိုခဲ့ပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းများရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ပြည့်မြောက်မည့် ၆၅ နှစ်ပြည့် သံတမန်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ထူးခြားကောင်းမွန်အောင် ဆောင်ရွက်သွားရန် စိတ်အားထက်သန်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း ကျေးဇူးတင် ရှိပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကို အကြီးအကဲများ အဆင့်သာမက အောက်ခြေအဆင့်အထိ ဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ခဲယမ်း မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် သတင်းအချက် အလက်ဖလှယ်ရေးများ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေး ခရီးစဉ်များမှတစ်ဆင့် ပိုမိုရင်းနှီးသည့် ဆက်ဆံရေးများကို ဖော်ဆောင်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မွန်-ခမာအနွယ်ဝင်များဖြစ်ပြီး နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုနှင့် ရုပ်ရည်သွင်ပြင်လက္ခဏာတို့တွင် တူညီမှုရှိပြီး ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့် အခြေအနေများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အပြင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် CLMV လေးနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဖွံ့ဖြိုးရေးတွင်လည်း ပါဝင်သည့်အတွက် ပိုမိုလေးနက်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့်အခြေနေများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် နိုင်ငံရေးအခြေအနေများကို ကမ္ဘောဒီးယားနိုင်ငံက နားလည်ပြီး မြန်မာနိုင်ငံဘက်မှ အပြည့်အဝထောက်ခံ ရပ်တည်ပေးလျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတိုင်းတွင် တပ်မတော်သည် နိုင်ငံ၏အစိတ်အပိုင်း၊ ပြည်သူ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် တပ်မတော်ပိုင်းဆိုင်ရာနှင့် ကာကွယ်ရေးပိုင်း ဆိုင်ရာများတွင် ဆက်ဆံမှုများခိုင်မာရေးသည် နိုင်ငံချင်းဆက်ဆံရေးတွင် အဓိကအရေးပါသည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာဆိုင်ရာ ကူးလူးဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန်၊ လေ့ကျင့်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးပညာ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ခဲယမ်း မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး ကဏ္ဍများတွင် သတင်းအချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရှိရသည်။
Image may contain: sky, table and outdoor
Image may contain: one or more people and indoor

<zawgyi>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို
Tuesday , January 14 , 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံသံတမန် ဆက်ဆံရေးသည် ၁၉၅၅ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယခုနှစ်တွင် ၆၅ နှစ်ပြည့်မြောက်မည်ဖြစ်သဖြင့် ထူးခြားသည့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ အဆွေတော်သည် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ချစ်ကြည်ရေးခရီး လာရောက်သည့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာစေရေးအတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဧည့်သည်တော် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ နွေးထွေးစွာကြိုဆိုခဲ့ပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းများရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ပြည့်မြောက်မည့် ၆၅ နှစ်ပြည့် သံတမန်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ထူးခြားကောင်းမွန်အောင် ဆောင်ရွက်သွားရန် စိတ်အားထက်သန်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း ကျေးဇူးတင် ရှိပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကို အကြီးအကဲများ အဆင့်သာမက အောက်ခြေအဆင့်အထိ ဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ခဲယမ်း မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် သတင်းအချက် အလက်ဖလှယ်ရေးများ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေး ခရီးစဉ်များမှတစ်ဆင့် ပိုမိုရင်းနှီးသည့် ဆက်ဆံရေးများကို ဖော်ဆောင်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မွန်-ခမာအနွယ်ဝင်များဖြစ်ပြီး နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုနှင့် ရုပ်ရည်သွင်ပြင်လက္ခဏာတို့တွင် တူညီမှုရှိပြီး ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့် အခြေအနေများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အပြင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် CLMV လေးနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဖွံ့ဖြိုးရေးတွင်လည်း ပါဝင်သည့်အတွက် ပိုမိုလေးနက်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့်အခြေနေများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် နိုင်ငံရေးအခြေအနေများကို ကမ္ဘောဒီးယားနိုင်ငံက နားလည်ပြီး မြန်မာနိုင်ငံဘက်မှ အပြည့်အဝထောက်ခံ ရပ်တည်ပေးလျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတိုင်းတွင် တပ်မတော်သည် နိုင်ငံ၏အစိတ်အပိုင်း၊ ပြည်သူ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် တပ်မတော်ပိုင်းဆိုင်ရာနှင့် ကာကွယ်ရေးပိုင်း ဆိုင်ရာများတွင် ဆက်ဆံမှုများခိုင်မာရေးသည် နိုင်ငံချင်းဆက်ဆံရေးတွင် အဓိကအရေးပါသည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာဆိုင်ရာ ကူးလူးဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန်၊ လေ့ကျင့်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးပညာ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ခဲယမ်း မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး ကဏ္ဍများတွင် သတင်းအချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment