Monday, January 20, 2020

အစိုးရတာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်များကို စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သတ်၍ နားနေခန်းအတွင်း ခေါ်ယူတွေ့ဆုံ

Image may contain: 3 people, people sitting

ယနေ့လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သတ်၍ ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်များကို ကြိုတင်အကြောင်းကြားခဲ့သော်လည်း ဆွေးနွေးခြင်းမရှိဘဲ နားနေခန်းအတွင်းခေါ်ယူတွေ့ဆုံခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

အဆိုပါတွေ့ဆုံမှုတွင် စာရင်းစစ်ချုပ်တွေ့ရှိချက် အစီရင်ခံစာတွင်ပါရှိနေသောအချက်အလက် အချို့အားရှင်းလင်းပြောကြားခြင်း၊ အစီရင်ခံစာပါ အချက်အလက်အချို့အပေါ် ကိုယ်စားလှယ်များအား နားလည်မှုလွဲမှားနေသည်ကို ရှင်းလင်းလိုခြင်းကြောင့်တေွ့ဆုံခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
တွေ့ဆုံမှုအပေါ် "ကျွန်တော့်အမြင်တော့ အဆိုပါအချက်များက ကာယကံရှင်စာရင်းစစ်ချုပ် ကိုသာ ဖြေရှင်း
ပြောကြားသင့်ပါတယ်၊ တရားဝင် လွှတ်တော်အတွင်းတွင်သက်ဆိုင်ရာအစိုးရအဖွဲ့ တာဝန်ရှိသူက ပြန်ရှင်းပြသင့်ပါသည်ဟု ထင်မြင်ယူဆမိပါသည် ခင်ဗျား"ဟု ဦးကျော်ဇေယျကလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
Source- ထူးမြတ် #Myanmar_Online_News

<zawgyi>
အစိုးရတာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်များကို စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သတ်၍ နားနေခန်းအတွင်း ခေါ်ယူတွေ့ဆုံ
Monday , January 20 , 2020

ယနေ့လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သတ်၍ ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်များကို ကြိုတင်အကြောင်းကြားခဲ့သော်လည်း ဆွေးနွေးခြင်းမရှိဘဲ နားနေခန်းအတွင်းခေါ်ယူတွေ့ဆုံခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
အဆိုပါတွေ့ဆုံမှုတွင် စာရင်းစစ်ချုပ်တွေ့ရှိချက် အစီရင်ခံစာတွင်ပါရှိနေသောအချက်အလက် အချို့အားရှင်းလင်းပြောကြားခြင်း၊ အစီရင်ခံစာပါ အချက်အလက်အချို့အပေါ် ကိုယ်စားလှယ်များအား နားလည်မှုလွဲမှားနေသည်ကို ရှင်းလင်းလိုခြင်းကြောင့်တွေ့ဆုံခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
တွေ့ဆုံမှုအပေါ် "ကျွန်တော့်အမြင်တော့ အဆိုပါအချက်များက ကာယကံရှင်စာရင်းစစ်ချုပ် ကိုသာ ဖြေရှင်း
ပြောကြားသင့်ပါတယ်၊ တရားဝင် လွှတ်တော်အတွင်းတွင်သက်ဆိုင်ရာအစိုးရအဖွဲ့ တာဝန်ရှိသူက ပြန်ရှင်းပြသင့်ပါသည်ဟု ထင်မြင်ယူဆမိပါသည် ခင်ဗျား"ဟု ဦးကျော်ဇေယျကလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
Source- ထူးမြတ် #Myanmar_Online_News

0 comments:

Post a Comment