Tuesday, January 14, 2020

မန္တလေးမြို့ ၌ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်ရမိ

No photo description available.

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ အကောက်ခွန်မဲ့ ဖုန်း ၃၀၀ ကျော်နှင့် ဆိုင်ကယ်ဘတ္ထရီအိုး ၃၀၀ လုံး တို့အား သိမ်းဆည် ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၂၀ ပြည်နှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ ၅ နာရီ ၃၀ မိနစ်၌ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်နေ ဦးသိန်းဝင်း(၅၉)နှစ်၏နေအိမ်သို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်း ရပ်တန့်ထားသည့် 8G/×××× Light Truck ယာဉ်ပေါ်မှ စက္ကူဂျပ်ဖာများဖြင့် ထည့်ထားသော အကောက်ခွန်မဲ့ Hopo အမျိုးအစား Keypad ဖုန်း ၁၅၀ လုံး၊ Best168 TT အထိုင်ဖုန်း ၁၀၀ လုံး၊ Leopard အမျိုးအစား ဆိုင်ကယ်ဘတ္ထရီအိုး ၃၀၀ လုံး တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် အကောက်ခွန်မဲ့ပစ္စည်းများအား ပြည်ကြီးတံခွန်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဦးရဲလင်းဦးထံ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီး အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

<zawgyi>
မန္တလေးမြို့ ၌ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်ရမိ
Tuesday , January 14 , 2020

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ အကောက်ခွန်မဲ့ ဖုန်း ၃၀၀ ကျော်နှင့် ဆိုင်ကယ်ဘတ္ထရီအိုး ၃၀၀ လုံး တို့အား သိမ်းဆည် ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၂၀ ပြည်နှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ ၅ နာရီ ၃၀ မိနစ်၌ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်နေ ဦးသိန်းဝင်း(၅၉)နှစ်၏နေအိမ်သို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်း ရပ်တန့်ထားသည့် 8G/×××× Light Truck ယာဉ်ပေါ်မှ စက္ကူဂျပ်ဖာများဖြင့် ထည့်ထားသော အကောက်ခွန်မဲ့ Hopo အမျိုးအစား Keypad ဖုန်း ၁၅၀ လုံး၊ Best168 TT အထိုင်ဖုန်း ၁၀၀ လုံး၊ Leopard အမျိုးအစား ဆိုင်ကယ်ဘတ္ထရီအိုး ၃၀၀ လုံး တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် အကောက်ခွန်မဲ့ပစ္စည်းများအား ပြည်ကြီးတံခွန်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဦးရဲလင်းဦးထံ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီး အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment