Tuesday, January 21, 2020

ခေါင်လန်ဖူးမြို့နယ်မှ ဆယ်တန်းကျောင်းသားကျောင်းသူများပူတာအိုစာစစ်ဌာနတွင် ရွေ့ပြောင်းဖြေဆိုမည်

Image may contain: outdoor

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်ရှိ ဆယ်တန်းကျောင်းသားကျောင်းသူများ အနေ ဖြင့်၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲကိုပူတာအိုစာစစ်ဌာနတွင်ရွေ့ပြောင်းဖြေဆိုရတော့မည် ဖြစ်ကြောင်းကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ခေါင်လန်ဖူးတစ်မြို့နယ်လုံးတွင် ခေါင်လန်ဖူးအထက်တန်ကျောင်း၊ရှိန်းခေါင်အထက်တန်းကျောင်းနှင့် ဇံံရော အထက်တန်းကျောင်းသုံးကျောင်းသာရှိပြီးယခင်နှစ်များကနောင်မွန်းစာစစ်ဌာန၌ ဝင်ရောက် ဖြေဆိုစေခဲ့ပြီးယခုစာဖြေနှစ်တွင် ပူတာအိုစာစစ်ဌာနသို့ ပြောင်းရွေ့ဖြေဆိုရမည် ဖြစ်ကြောင်းကချင်ပြည်နယ်ပညာရေးမှူးရုံးမှ ပြည်နယ်လက်ထာက်ညွန်ကြားရေးမှူးဒေါ်သက်သက်ကဆိုသည်။
“ပူတာအိုအထက်တန်းကျောင်းမှာစာစစ်ဌာနတစ်ခုအနေနှင့် ကြီးကြပ်ရေးမှူးကတော့ မပေးဘူး။ တွဲဖက်ကြီးကြပ်ရေးမှူးနဲ့ဘဲအဲ့တာလေးဖုန်းသတင်းနဲ့ဘဲ။အဲ့တာကို ကျွန်မတို့တင်ထားတယ်။ဒီအစိုးရရုံးကလည်းခွင့်ပြုမိန့် ကျထားပါတယ်။ဒီပူတာအိုစာစစ်ဌာနမှာ ပြဖို့”ဟုဒေါ်သက်သက်ကပြောသည်။
ဤသို့ရွေ့ပြောင်းဖြေဆိုရခြင်းမှာကချင်ပြည်နယ်အစိုးရ၏လမ်းညွန်ချက်နှင့် ပံ့ပိုးပေးမှုတို့ကြောင်း ဖြစ်ပြီး နောင်မွန်းစာစစ်ဌာနတွင်ဖြေဆိုရမည်ဆိုပါကလမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် ခေါင်လန်ဖူးမြို့နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ရာခိုင်နှုန်းမြင့်မားစေရန်အတွက် ရွေ့ပြောင်းဖြေဆိုရခြင်းဖြစ်ကြောင်းကချင်ပြည်နယ်ပညာရေးမှူးရုံးမှလွှတ်တော်ရေးရာဆိုင်ရာလက်ထောက် ညွန်ကြားရေးမှူး ဦးရဲအောင် ယခုကဲ့သို့ဆိုသည်။
“ကျွန်တော်တို့ အောင်ချက်မြင့်မားရေးဆိုပြီးတော့မှ ပူတာအိုမြို့ပေါ်စာစစ်ဌာနမှာဖြေဆိုဖို့ပေါ့။ခေါင် လန်ဖူးကစာစစ်ဌာနမရှိဘူးဘာလို့လဲဆိုတော့စာစစ်ဌာနတစ်ခုဖြစ်ဖို့ကလုံခြုံရေးလည်းလိုတယ်။လမ်း ပမ်းဆက်သွယ်ရေးကောင်းဖို့လိုတယ်။အဓိကတော့လုံခြုံရေးပေါ့မြို့တွင်းလုံခြုံရေးပေါ့အဲ့ဒီအတွက် ကြောင့်ခေါင်လန်ဖူးကိုစာစစ်ဌာနမပေးနိုင်ဘူး။လာမယ့် အချိန်တွေမှာတော့ ရရင်ရနိုင်မယ်။”ဟုဦးရဲအောင်ကပြောသည်။
ဝင်ရောက်ဖြေဆိုရမည့် ကျောင်းသားကျောင်းသူ (၅၀)ကျော်ရှိပြီးဇန်နဝါရီလ (၅)ရက်နေ့ကစတင်ရွေ့၍ ပူတာအိုမြို့ပေါ်တွင် Campသွင်းထားပြီးလေ့ကျင့်သင်ကြားပေးနေပြီဖြစ်ကြောင်းသိရသည်။
ကချင်တစ်ပြည်နယ်လုံးတွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ်အထိ စာစစ်ဌာနစုစုပေါင်း(၇၆)ဌာနရှိခဲ့ပြီးယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ဗန်းမော်ခရိုင်အတွင်းရှိ ရွှေကူမြို့နယ်မှ အ.ထ.က(စီသာ)နှင့်မန်စီမြို့နယ် မှ အ.ထ.က(ဟန်ထက်)စာစစ်ဌာအသစ်နှစ်ခုတိုးချဲ့လိုက်ပြီဖြစ်ကြောင်းသိရသည်။
Source : EPN #Myanmart_Online_News
>>Zawgyi<<
ခေါင်လန်ဖူးမြို့နယ်မှ ဆယ်တန်းကျောင်းသားကျောင်းသူများပူတာအိုစာစစ်ဌာနတွင် ရွေ့ပြောင်းဖြေဆိုမည်
Tuesday , January 21 , 2020

0 comments:

Post a Comment