Monday, January 6, 2020

အဆုတ်ရောင်ရောဂါကူးစက်မှုကာကွယ်ရန် ချင်းမိုင်လေဆိပ်တွင် စစ်ဆေးရေးစက် တပ်ဆင်

Image may contain: 1 person, screen

လတ်တလော တရုတ်ပြည်မှာ အဆုတ်ရောင်ရောဂါတမျိုး ကူးစက်ပြန့်ပွါးနေတာကြောင့် ထိုင်းနိုင်ငံထဲ ပြန့်ပွားလာမှုကို ကာကွယ်တဲ့အနေနဲ့ ချင်းမိုင်နိုင်ငံတကာလေဆိပ်မှာ ခရီးသည်စစ်ဆေးရေးစက်ကရိယာတမျိုးကို ဇန်နဝါရီ ၅ ရက်နေ့က စတင်တပ်ဆင်လိုက်ပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံ အူဟန့်ဒေသမှာ အကြောင်းရင်းရှာမရဘဲ အဆုတ်ရောင်ရောဂါဖြစ်နေတဲ့ လူနာ ၄၄ ဦးကို တွေ့ရှိပြီး ၁၁ ဦးမှာ အခြေအနေပြင်းထန်ကြောင်း၊ ဒါကြောင့် တရုတ်ပြည်ကဝင်လာတဲ့ ခရီးသွားဧည့်သည်တွေကို စစ်ဆေးဖို့ စက်ကိရိယာကို တပ်ဆင်ရတာလို့ ချင်းမိုင်နိုင်ငံတကာလေဆိပ် ညွှန်ကြားရေးမှူး အမွန်ရတ် ချုမ့်ဆိုင်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ စက်ကရိယာမှာ လေဆိပ်ထဲဝင်လာတဲ့ ခရီးသည်တွေရဲ့ ကိုယ်တွင်းအပူချိန်ကို အထိအတွေ့မရှိ အလိုအလျောက်တိုင်းတာပေးပြီး သတ်မှတ်ထားတဲ့ အပူချိန်လွန်ကဲနေပါက အခြားခရီးသည်တွေနဲ့ သီးသန့်ခွဲခြားကာ ယခင်က တွေ့ရှိဖူးတဲ့ ဆားစ်နဲ့ အီဘိုလာ ရောဂါပိုးတွေ စစ်ဆေးသွားမယ်လို့ လေဆိပ်ညွှန်မှူးက ဆက်ပြောပါတယ်။
အူဟန့် – ချင်းမိုင် လေယာဉ်ခရီးစဉ်မှာ အပတ်စဉ် အင်္ဂါ ၊ သောကြာ နဲ့ တနင်္ဂနွေနေ့တွေမှာ တပတ် ၃ ကြိမ် ပျံသန်းနေပြီး စစ်ဆေးရေးစက် စတင်တပ်ဆင်တဲ့ ဇန်နဝါရီ ၅ ရက်နေ့ အူဟန့်ကလာတဲ့ လေယာဉ်ပေါ်မှာ ခရီးသည် အယောက် ၉‌၀ ပါဝင်ပြီး အားလုံးအပူချိန်ပုံမှန်ရှိကြောင်း လေဆိပ်ညွှန်မှူးက ပြောသွားပါတယ်။
Ref ; DVB
<zawgyi>

0 comments:

Post a Comment