Wednesday, January 15, 2020

လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်အို/ယာဉ်ဟောင်းများအား ဖယ်ရှား ရှင်းလင်းသွားမည်ကြောင်း မြို့တော်ဝန်ပြော

Image may contain: 3 people, people sittingImage may contain: sky and outdoor

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အဓိက လမ်းမကြီးများပေါ်တွင် ဖယ်ရှား ရှင်းလင်းခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ရပ်နားထားသော ယာဉ်အို ယာဉ်ဟောင်းများနှင့် စုပုံထားသည့်ယာဉ်နှင့် ဆက်စပ်ပစ္စည်း များကို ကာယကံရှင်များက လာရောက်ရှင်းလင်းခြင်းမရှိပါက အမှိုက်အဖြစ် သတ်မှတ်ဖယ်ရှား ရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့လိုအပ်တဲ့ ပစ္စည်းသယ်ယာဉ်၊ စက်ယန္တရား (ကရိန်းကား၊ ဖော့ကလစ်ကား၊ ဘတ်ဟိုးယာဉ်)တွေအသုံးပြုပြီး နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကို သွားရောက်စွန့်ပစ်ရမှာ ဖြစ်ပါတယ်"ဟု၎င်းကပြောသည်။
လောလောဆယ်တွင် ယင်းသို့ဆောင်ရွက်ပါက မလိုလား အပ်သော ကုန်ကျစရိတ်များ သုံးစွဲမည်ဖြစ်သဖြင့် အဆိုပါ စွန့်ပစ်ပစ္စည်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ ဖူးကြီးလမ်းရှိ လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံ အဖွဲ့ပိုင် (၇၀၀ပေx ၃၅၀ပေ)ဧရိယာ ရှိသော ဝင်းအတွင်းသို့ ဖယ်ရှားပြောင်းရွေ့သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ယာဉ်အိုယာဉ်ဟောင်များ၊ ယာဉ်နှင့်ဆက်စပ်နေသည့် ပစ္စည်းများ စုပုံထားသည့် လမ်းများဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ စက်မှုလမ်းမကြီးနှင့် မောင်းမကန်ကမ်းသာလမ်း၊ စက်မှုလမ်းမကြီး၊ ၆၃ ရပ်ကွက် နယ်နမိတ်ရှိ ယာဉ်အို ယာဉ်ဟောင်းများ၊ သံထည် ပစ္စည်းများနှင့် ယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို လမ်းနယ်ရှိကျူးကျော် စုပုံထားရှိခြင်းကို စစ်ဆေး တွေ့ရှိရခြင်းကြောင့် ၉.၉.၂၀၁၉ ရက်နေ့တွင် နောက်ဆုံး ထားဖယ်ရှားပေးရန်နှင့် ပိုင်ရှင် ဖော်ထုတ်ရရှိသည့် စက်နှင့် စက်ပစ္စည်းများအား သက်ဆိုင်ရာ ပိုင်ရှင်များထံသို့ လည်းကောင်း၊ ပိုင်ရှင် မရှိသည့်ယာဉ်နှင့် စက်စပ်ပစ္စည်း စုပုံများအား အများမြင်သာသည့် နေရာတွေမှာ အကြောင်းကြား စာများ ကပ်ကာ ဆောင်ရွက်ထားကြောင်း သိရသည်။
ဇန်နဝါရီ လ ၁၄ ရက်ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လမ်းမကြီးများပေါ်တွင်ရှိသော ယာဉ်အိုယာဉ်ဟောင်းများအား မြို့အင်္ဂါရပ် လမ်းအင်္ဂါရပ်နှင့်ညီအောင် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ”မေးမြန်းရာထိုသို့‌ ဖြေကြားခြင်းဖြစ်သည်။
Source : ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် #Myanmar_Online_News
>>Zawgyi<<
လမ်းမကြီးများပေါ် တွင် ရပ်နားထားသော ယာဉ်အို/ယာဉ်ဟောင်းများအား ဖယ်ရှား ရှင်းလင်းသွားမည်ကြောင်း မြို့တော်ဝန်ပြော
Wednesday , January 15 , 2020

0 comments:

Post a Comment