Monday, January 20, 2020

မိခင်စိတ်ထားဖြင့် တိုင်းပြည်ကိုအုပ်ချုပ်တဲ့ ဖင်လန်နိုင်ငံ အမျိုးသမီး ဝန်ကြီးချုပ်အသစ်


ဖင်လန်နိုင်ငံ အမျိုးသမီး ဝန်ကြီးချုပ်အသစ်လေးကတော့ သူ့နိုင်ငံမှာ တစ်ပတ်ကို ၄ ရက်သာ အလုပ်လုပ်ပြီး၊ တစ်နေ့ အလုပ်ချိန် ၆ နာရီပဲထားပေးဖို့ တိုက်တွန်းဆွေးနွေး နေပါပြီ။

ဘာဖြစ်လို့ အလုပ်ချိန်တွေကို လျှော့ချခိုင်းရတာလည်းဆိုတော့ ကိုယ်ချစ်သူခင်သူ၊ မိသားစုတွေနဲ့ အတူတူ နေချိန်တွေ များလာအောင်ဖြစ်ပါတယ်။
ကလေးဘဝက သင်ခဲ့တဲ့ကဗျာလေး သတိရသေးတော့
Work while you work,
Play while you play,
This is the way
To be happy each day.
All that you do,
Do with your might,
Things done by half
Are never done right.

ဘဝဆိုတာ အလုပ်ထဲမှာပဲ အချိန်ကုန်နေဖို့မှ မဟုတ်တာ။ ဒါကိုပဲ တိုးတက်တဲ့နိုင်ငံတွေမှာ မအိပ်မနေအလုပ် လုပ်ကြတယ်ဆိုပြီး ဂုဏ်ယူပြောနေတဲ့ သူတွေလည်းရှိတော့ ဘာပြောရမှန်း မသိတော့ဘူး။
ဖင်လန်နိုင်ငံ အမျိုးသမီးဝန်ကြီးချုပ်အသစ်လေးက အသက် ၃၄ နှစ်ပဲရှိသေးတဲ့ Sanna Marin တဲ့။ ဖင်လန်ပြည်သူ တွေက ဝန်ကြီးချုပ်ကိုသာ အမျိုးသမီးတင်မြှောက်ထားတာ မဟုတ်ပါဘူး
ဘဏ္ဍာရေးဝန်ကြီးက Katri Kulmuni အသက် ၃၂ နှစ်
ပညာရေးဝန်ကြီးက Li Andersson အသက် ၃၂ နှစ်
ပြည်ထဲရေးဝန်ကြီး Maria Ohisal အသက် ၃၄ နှစ်
သူတို့ဘာကြောင့် အမျိုးသမီး ငယ်ရွယ်သူတွေကို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ နေရာတွေကို တာဝန်ပေးသလဲ
သူတို့ ပညာရေးစနစ်က မွေးဖွားပေးလိုက်တဲ့ သူတွေကို ကျား/မ မခွဲဘဲ တန်းတူစွမ်းဆောင်နိုင်တဲ့ သူတွေလို့ ယုံကြည်ကြတယ်။ အားလုံးတန်းတူ လေးစား တန်ဖိုးထားကြတယ်။ ဒါတွေဟာ သူတို့ပညာရေးစနစ်မှာ အခြေခံနေတယ်။
အလုပ်ကို မနားမနေလုပ်တိုင်း အလုပ်ပြီးသလား၊ အလုပ်ဖြစ်သလား ကမ္ဘာ့ဆွေးနွေးတင်ပြချက်တွေကို လေ့လာသင့်ပါတယ်။ ဖင်လန်ဝန်ကြီးချုပ်ကတော့
ပြည်သူတွေကို မိသားစုနဲ့ သို့မဟုတ် ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ပိုပေးပြီး နေစေချင်ပါတယ်။ ဒါမှမဟုတ်လည်း အားလပ်တဲ့ အချိန်လေးမှာ ကိုယ်ဝါသနာပါတဲ့ ပညာတွေကို ဆည်းပူးလေ့လာမှ ဘဝတွေတိုးတက်မယ်။ စိတ်ထဲမှာ ကြည်နူးချမ်းသာမှ ဘဝအတွက်ပိုပြီး ရှေ့ဆက်လို့ကောင်းမယ်လို့ ယူဆပြီး အားလပ်ချိန်များများပေးဖို့ တိုက်တွန်း နေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ ကလေးတစ်ယောက်မိခင်ဖြစ်ပါတယ်။ မိသားစုဘဝတွေကို ကိုယ်ချင်းစာတတ်ပါတယ်။ မိသားစု ဘဝလေးတွေကိုလည်း အတူတူနေချိန်ပိုပေးမှ စိတ်ချမ်းသာစွာနဲ့ လုပ်ငန်းတွေ တိုးတက်မယ်လို့လည်း ယူဆထားပါတယ်။
Microsoft ဂျပန်နိုင်ငံရဲ့ လေ့လာဆန်းစစ်ချက်လေးတစ်ခုကို ပြောချင်ပါတယ်။
တစ်ပတ်မှာ အားလပ်ရက် ၃ ရက် သူတို့ အလုပ်သမားတွေကို ပေးလိုက်တဲ့အခါ ကုန်ထုတ်စွမ်းအားက 39.9% ပိုပြီးတော့ တိုးတက်လာတယ်လို့ဆိုပါတယ်။
လူတွေကို နွားတွေလို့ သဘောထားပြီး ခိုင်းကောင်းသမျှ ဆက်ခိုင်းချင်တဲ့ စိတ်ဓာတ်မျိုးမထား
လူတွေကို လူတွေလို့ သဘောထားပြီး များများအနားပေးဖို့ စိတ်ကူးနေတဲ့ ဖင်လန်နိုင်ငံ အမျိုးသမီးဝန်ကြီးချုပ် စိတ်ကူးကို လေးစားလို့မဆုံးဘူး။
အမျိုးသမီးပြည်ပြု၊ မိခင်စိတ်ထား၊ စဉ်းစားမြော်မြင်၊ ဉာဏ်ဖြင့်ယှဉ်သော ပညာရှင်ခေါင်းဆောင်များ ပေါ်ထွန်း နိုင်ကြပါစေ။
Image may contain: 4 people, people smiling, people standing and indoor
Image may contain: 1 person, smiling, sitting, child and closeup
Source - တင်ညွန့်
<zawgyi>
မိခင်စိတ်ထားဖြင့် တိုင်းပြည်ကိုအုပ်ချုပ်တဲ့ ဖင်လန်နိုင်ငံ အမျိုးသမီး ဝန်ကြီးချုပ်အသစ်
Tuesday , January 21 , 2020

ဖင်လန်နိုင်ငံ အမျိုးသမီး ဝန်ကြီးချုပ်အသစ်လေးကတော့ သူ့နိုင်ငံမှာ တစ်ပတ်ကို ၄ ရက်သာ အလုပ်လုပ်ပြီး၊ တစ်နေ့ အလုပ်ချိန် ၆ နာရီပဲထားပေးဖို့ တိုက်တွန်းဆွေးနွေး နေပါပြီ။
ဘာဖြစ်လို့ အလုပ်ချိန်တွေကို လျှော့ချခိုင်းရတာလည်းဆိုတော့ ကိုယ်ချစ်သူခင်သူ၊ မိသားစုတွေနဲ့ အတူတူ နေချိန်တွေ များလာအောင်ဖြစ်ပါတယ်။
ကလေးဘဝက သင်ခဲ့တဲ့ကဗျာလေး သတိရသေးတော့
Work while you work,
Play while you play,
This is the way
To be happy each day.
All that you do,
Do with your might,
Things done by half
Are never done right.

ဘဝဆိုတာ အလုပ်ထဲမှာပဲ အချိန်ကုန်နေဖို့မှ မဟုတ်တာ။ ဒါကိုပဲ တိုးတက်တဲ့နိုင်ငံတွေမှာ မအိပ်မနေအလုပ် လုပ်ကြတယ်ဆိုပြီး ဂုဏ်ယူပြောနေတဲ့ သူတွေလည်းရှိတော့ ဘာပြောရမှန်း မသိတော့ဘူး။
ဖင်လန်နိုင်ငံ အမျိုးသမီးဝန်ကြီးချုပ်အသစ်လေးက အသက် ၃၄ နှစ်ပဲရှိသေးတဲ့ Sanna Marin တဲ့။ ဖင်လန်ပြည်သူ တွေက ဝန်ကြီးချုပ်ကိုသာ အမျိုးသမီးတင်မြှောက်ထားတာ မဟုတ်ပါဘူး
ဘဏ္ဍာရေးဝန်ကြီးက Katri Kulmuni အသက် ၃၂ နှစ်
ပညာရေးဝန်ကြီးက Li Andersson အသက် ၃၂ နှစ်
ပြည်ထဲရေးဝန်ကြီး Maria Ohisal အသက် ၃၄ နှစ်
သူတို့ဘာကြောင့် အမျိုးသမီး ငယ်ရွယ်သူတွေကို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ နေရာတွေကို တာဝန်ပေးသလဲ
သူတို့ ပညာရေးစနစ်က မွေးဖွားပေးလိုက်တဲ့ သူတွေကို ကျား/မ မခွဲဘဲ တန်းတူစွမ်းဆောင်နိုင်တဲ့ သူတွေလို့ ယုံကြည်ကြတယ်။ အားလုံးတန်းတူ လေးစား တန်ဖိုးထားကြတယ်။ ဒါတွေဟာ သူတို့ပညာရေးစနစ်မှာ အခြေခံနေတယ်။
အလုပ်ကို မနားမနေလုပ်တိုင်း အလုပ်ပြီးသလား၊ အလုပ်ဖြစ်သလား ကမ္ဘာ့ဆွေးနွေးတင်ပြချက်တွေကို လေ့လာသင့်ပါတယ်။ ဖင်လန်ဝန်ကြီးချုပ်ကတော့
ပြည်သူတွေကို မိသားစုနဲ့ သို့မဟုတ် ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ပိုပေးပြီး နေစေချင်ပါတယ်။ ဒါမှမဟုတ်လည်း အားလပ်တဲ့ အချိန်လေးမှာ ကိုယ်ဝါသနာပါတဲ့ ပညာတွေကို ဆည်းပူးလေ့လာမှ ဘဝတွေတိုးတက်မယ်။ စိတ်ထဲမှာ ကြည်နူးချမ်းသာမှ ဘဝအတွက်ပိုပြီး ရှေ့ဆက်လို့ကောင်းမယ်လို့ ယူဆပြီး အားလပ်ချိန်များများပေးဖို့ တိုက်တွန်း နေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ ကလေးတစ်ယောက်မိခင်ဖြစ်ပါတယ်။ မိသားစုဘဝတွေကို ကိုယ်ချင်းစာတတ်ပါတယ်။ မိသားစု ဘဝလေးတွေကိုလည်း အတူတူနေချိန်ပိုပေးမှ စိတ်ချမ်းသာစွာနဲ့ လုပ်ငန်းတွေ တိုးတက်မယ်လို့လည်း ယူဆထားပါတယ်။
Microsoft ဂျပန်နိုင်ငံရဲ့ လေ့လာဆန်းစစ်ချက်လေးတစ်ခုကို ပြောချင်ပါတယ်။
တစ်ပတ်မှာ အားလပ်ရက် ၃ ရက် သူတို့ အလုပ်သမားတွေကို ပေးလိုက်တဲ့အခါ ကုန်ထုတ်စွမ်းအားက 39.9% ပိုပြီးတော့ တိုးတက်လာတယ်လို့ဆိုပါတယ်။
လူတွေကို နွားတွေလို့ သဘောထားပြီး ခိုင်းကောင်းသမျှ ဆက်ခိုင်းချင်တဲ့ စိတ်ဓာတ်မျိုးမထား
လူတွေကို လူတွေလို့ သဘောထားပြီး များများအနားပေးဖို့ စိတ်ကူးနေတဲ့ ဖင်လန်နိုင်ငံ အမျိုးသမီးဝန်ကြီးချုပ် စိတ်ကူးကို လေးစားလို့မဆုံးဘူး။
အမျိုးသမီးပြည်ပြု၊ မိခင်စိတ်ထား၊ စဉ်းစားမြော်မြင်၊ ဉာဏ်ဖြင့်ယှဉ်သော ပညာရှင်ခေါင်းဆောင်များ ပေါ်ထွန်း နိုင်ကြပါစေ။
Source - တင်ညွန့်

0 comments:

Post a Comment