Thursday, January 16, 2020

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းတချို့အား သန့်ရှင်းမှုမရှိခြင်း၊ စက်ရုံဖွဲ့စည်းပုံကိုက်ညီမှု မရှိခြင်းကြောင့် ရပ်ဆိုင်း

No photo description available.

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ- ရန်ကုန်သည် သက်ဆိုင်ရာ မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်အတူ ပြီးခဲ့သည့် ရက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် "ULH" သောက်ရေသန့်နှင့် "Forty Five" သောက်ရေသန့် လုပ်ငန်း(၂)ခုမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နဲ့ ကိုက်ညီစွာ ထုတ်လုပ်နေပြီး လိုအပ်ချက် အနည်းငယ်ပြင်ဆင်ရန် ညွန်ကြားခဲ့သည်။
အချို့ သောက်ရေသန့်လုပ်ငန်းတို့မှာ သက်တမ်းလွန်နေသည့်အတွက် ပိတ်သိမ်းခဲ့ပြီး သက်တမ်းတိုး လျှောက်ထားရန် နှင့် ကျန်သောက်ရေသန့် လုပ်ငန်းမှာလည်း ထောက်ခံချက် လျှောက်ထားစဉ်က စက်ရုံဖွဲ့စည်းပုံ (Layout)နှင့် ကိုက်ညီမှုမရှိခြင်း၊ စက်ရုံ အတွင်း/အပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှု အလေ့အကျင့်တို့ မရှိခြင်းတို့ ကြောင့် ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်(GMP)အညီ လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်းတွေ့ရှိရ၍ စက်ရုံအချို့အား ယာယီ ရပ်ဆိုင်း အရေးယူခဲ့ပြီး ပြင်ဆင်ရန် ညွန်ကြားခဲ့ပြီး ခံဝန်ကတိရေးထိုးစေခဲ့သည်။
No photo description available.
Ref ; The Ladies News
<zawgyi>
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းတချို့အား သန့်ရှင်းမှုမရှိခြင်း၊ စက်ရုံဖွဲ့စည်းပုံကိုက်ညီမှု မရှိခြင်းကြောင့် ရပ်ဆိုင်း
Thursday , January 16 , 2020

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ- ရန်ကုန်သည် သက်ဆိုင်ရာ မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်အတူ ပြီးခဲ့သည့် ရက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် "ULH" သောက်ရေသန့်နှင့် "Forty Five" သောက်ရေသန့် လုပ်ငန်း(၂)ခုမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နဲ့ ကိုက်ညီစွာ ထုတ်လုပ်နေပြီး လိုအပ်ချက် အနည်းငယ်ပြင်ဆင်ရန် ညွန်ကြားခဲ့သည်။
အချို့ သောက်ရေသန့်လုပ်ငန်းတို့မှာ သက်တမ်းလွန်နေသည့်အတွက် ပိတ်သိမ်းခဲ့ပြီး သက်တမ်းတိုး လျှောက်ထားရန် နှင့် ကျန်သောက်ရေသန့် လုပ်ငန်းမှာလည်း ထောက်ခံချက် လျှောက်ထားစဉ်က စက်ရုံဖွဲ့စည်းပုံ (Layout)နှင့် ကိုက်ညီမှုမရှိခြင်း၊ စက်ရုံ အတွင်း/အပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှု အလေ့အကျင့်တို့ မရှိခြင်းတို့ ကြောင့် ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်(GMP)အညီ လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်းတွေ့ရှိရ၍ စက်ရုံအချို့အား ယာယီ ရပ်ဆိုင်း အရေးယူခဲ့ပြီး ပြင်ဆင်ရန် ညွန်ကြားခဲ့ပြီး ခံဝန်ကတိရေးထိုးစေခဲ့သည်။
Ref ; The Ladies News

0 comments:

Post a Comment