Wednesday, January 22, 2020

ကမ္ဘာ့သချင်္ာပြိုင်ပွဲတစ်ခုမှာ မြန်မာကျောင်းသားတစ်ယောက် အဆင့်(၁)ရရှိ

Image may contain: 2 people, people standing

ကမ္ဘာ့သင်္ချာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Southeast Asian Mathematical Olympiad ပြိုင်ပွဲမှာ မြန်မာကျောင်းသား တစ်ယောက် အဆင့်(၁)နဲ့ ရွှေတံဆိပ်ရရှိခဲ့တယ်လို့ ပြိုင်ပွဲကျင်းပတဲ့ SEAMO အဖွဲ့အစည်းက သိရပါတယ်။

ပြိုင်ပွဲကိုတော့ ဇန်နဝါရီ(၁၈)ရက်က သြစတေးလျနိုင်ငံမှာကျင်းပခဲ့တာဖြစ်ပြီး SEAMO X 2020 Paper D သင်္ချာစာမေးပွဲမှာ မောင်ထက်ဝေလျှံဟာ ရွှေတံဆိပ်ဆုကိုရရှိခဲ့တာပါ။
အဲဒီပြိုင်ပွဲရဲ့ Paper(A) ကနေ (F)အထိကို နိုင်ငံပေါင်း(၂၀)က ပြိုင်ပွဲဝင်(၆၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက ပြိုင်ပွဲဝင်(၂၆) ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
SEAMO X 2020 မှာတော့ Paper(A)နဲ့(B)မှာ မလေးရှားကနှစ်ယောက် ၊ Paper(C)မှာ အင်ဒိုနီးရှား၊ Paper(E)မှာ ဗီယက်နမ်နဲ့ (F) မှာ ဖိလစ်ပိုင်တို့က အသီးသီး နံပါတ်(၁)ရရှိခဲ့တာပါ။
မောင်ထက်ဝေလျှံဟာ ၂၀၁၈ ခုနှစ်က ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ WMI ပြိုင်ပွဲမှာ “The Star of the World” ၊ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ WMC ပြိုင်ပွဲမှာ “World Maths Champion ဆုတွေကို လည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။
Ref ; O Media
<zawgyi>
ကမ္ဘာ့သချင်္ာပြိုင်ပွဲတစ်ခုမှာ မြန်မာကျောင်းသားတစ်ယောက် အဆင့်(၁)ရရှိ
Wednesday , January 22 , 2020

ကမ္ဘာ့သချင်္ာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Southeast Asian Mathematical Olympiad ပြိုင်ပွဲမှာ မြန်မာကျောင်းသား တစ်ယောက် အဆင့်(၁)နဲ့ ရွှေတံဆိပ်ရရှိခဲ့တယ်လို့ ပြိုင်ပွဲကျင်းပတဲ့ SEAMO အဖွဲ့အစည်းက သိရပါတယ်။
ပြိုင်ပွဲကိုတော့ ဇန်နဝါရီ(၁၈)ရက်က သြစတေးလျနိုင်ငံမှာကျင်းပခဲ့တာဖြစ်ပြီး SEAMO X 2020 Paper D သချင်္ာစာမေးပွဲမှာ မောင်ထက်ဝေလျှံဟာ ရွှေတံဆိပ်ဆုကိုရရှိခဲ့တာပါ။
အဲဒီပြိုင်ပွဲရဲ့ Paper(A) ကနေ (F)အထိကို နိုင်ငံပေါင်း(၂၀)က ပြိုင်ပွဲဝင်(၆၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက ပြိုင်ပွဲဝင်(၂၆) ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
SEAMO X 2020 မှာတော့ Paper(A)နဲ့(B)မှာ မလေးရှားကနှစ်ယောက် ၊ Paper(C)မှာ အင်ဒိုနီးရှား၊ Paper(E)မှာ ဗီယက်နမ်နဲ့ (F) မှာ ဖိလစ်ပိုင်တို့က အသီးသီး နံပါတ်(၁)ရရှိခဲ့တာပါ။
မောင်ထက်ဝေလျှံဟာ ၂၀၁၈ ခုနှစ်က ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ WMI ပြိုင်ပွဲမှာ “The Star of the World” ၊ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ WMC ပြိုင်ပွဲမှာ “World Maths Champion ဆုတွေကို လည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။
Ref ; O Media

0 comments:

Post a Comment