Tuesday, January 14, 2020

ဝူဟန်အဆုတ်ယောင် ဗိုင်းရပ်စ် တစ်ကမ္ဘာလုံးသို့ ကူးစက် ပျံ့နှံ့နိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

Image may contain: one or more people

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာသည့် ထူးဆန်းသည့် ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို့ပျံ့နှံ့နိုင်ခြေရှိနေခြင်းနှင့်အတူ တစ်ကမ္ဘာလုံးမှ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ပြောကြားလိုက်ပြီဟု ဗြိတိန်မှ Daily Mail သတင်း စာက ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်ကို ဓါတ်ခွဲစမ်းသပ်မှုများအရ ကော်ရိုနာဗိုင်းရပ်စ်အမျိုးအစားနှင့်ဆင်တူသည်ဟုလည်း ဆိုသည်။ မူလက တိရိစ္ဆန်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယခုအခါ လူမှလူအချင်းချင်းကူးစက်သည့်သက်သေများကို တွေ့ရှိထားပြီးဖြစ်သည်ဟုလည်း WHO ၏ အဆိုအရသိရသည်။
အဆိုပါဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံဝူဟန်မြို့တွင် ဒီဇင် ဘာလမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်း၌ လူပေါင်း ၄၁ ဦးဗိုင်းရပ်စ်ရှိနေပြီဟုသိရသည်။ ဗိုင်းရပ်စ်ကူးစက်ထားသူလူနာများထဲမှ ၁ ဦးမှာ အဆုတ်ယောင်မှုဖြင့် သေဆုံးသွားခဲ့သည်။
WHO ၌ ပေါ်ထွက်လာသည့်ရောဂါများဆိုင်ရာဌာနအကြီးအကဲအဖြစ်တာဝန်ယူထားသည့် ဒေါက်တာ Maria Van Kerkhove က ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် တစ်ကမ္ဘာလုံးမှ ဆေးရုံများသို့ လမ်းညွှန်မှု့များပေးထားပြီးဖြစ်သည်ဟု ဆိုသည်။ အဆိုပါလမ်းညွှန်မှုတွင် ဖျားနာသူအနည်းငယ်က တစ်ချိန်တည်းမှာပင် လူပေါင်းဒါဇင်ချီ၍ ကူးစက်သွားစေနိုင် သည့် အကြီးအကျယ်ပျံ့နှံ့မှု့ဆိုသော သတိပေးမှုလည်း ပါဝင်သည်ဟု သိရသည်။ အဆိုပါဗိုင်းရပ်စ်ကို WHO က စောင့်ကြည့်နေသလို ပျံ့နှံ့လာနိုင်သည့်အတွက် ကိုယ်တိုင်ပြင်ဆင်ထားကြရန်လည်း ဒေါက်တာ Maria Van Kerkhove ကပြောကြားသည်။
ဝူဟန်တွင် ဖြစ်ပွားနေသည့် အဆိုပါဗိုင်းရပ်စ် မကူးစက်လာစေရန် ရန်ကုန်နှင့်မန္တလေးလေဆိပ်များတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် တရုတ်ခရီးသည် များကို ပိုမိုစောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Image may contain: text
Image may contain: 1 person, text
Source - Daily Mail
<zawgyi>
ဝူဟန်အဆုတ်ယောင် ဗိုင်းရပ်စ် တစ်ကမ္ဘာလုံးသို့ ကူးစက် ပျံ့နှံ့နိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
Wednesday , January 15 , 2020

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာသည့် ထူးဆန်းသည့် ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို့ပျံ့နှံ့နိုင်ခြေရှိနေခြင်းနှင့်အတူ တစ်ကမ္ဘာလုံးမှ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ပြောကြားလိုက်ပြီဟု ဗြိတိန်မှ Daily Mail သတင်း စာက ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ဗိုင်းရပ်စ်ကို ဓါတ်ခွဲစမ်းသပ်မှုများအရ ကော်ရိုနာဗိုင်းရပ်စ်အမျိုးအစားနှင့်ဆင်တူသည်ဟုလည်း ဆိုသည်။ မူလက တိရိစ္ဆန်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယခုအခါ လူမှလူအချင်းချင်းကူးစက်သည့်သက်သေများကို တွေ့ရှိထားပြီးဖြစ်သည်ဟုလည်း WHO ၏ အဆိုအရသိရသည်။
အဆိုပါဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံဝူဟန်မြို့တွင် ဒီဇင် ဘာလမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်း၌ လူပေါင်း ၄၁ ဦးဗိုင်းရပ်စ်ရှိနေပြီဟုသိရသည်။ ဗိုင်းရပ်စ်ကူးစက်ထားသူလူနာများထဲမှ ၁ ဦးမှာ အဆုတ်ယောင်မှုဖြင့် သေဆုံးသွားခဲ့သည်။
WHO ၌ ပေါ်ထွက်လာသည့်ရောဂါများဆိုင်ရာဌာနအကြီးအကဲအဖြစ်တာဝန်ယူထားသည့် ဒေါက်တာ Maria Van Kerkhove က ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် တစ်ကမ္ဘာလုံးမှ ဆေးရုံများသို့ လမ်းညွှန်မှု့များပေးထားပြီးဖြစ်သည်ဟု ဆိုသည်။ အဆိုပါလမ်းညွှန်မှုတွင် ဖျားနာသူအနည်းငယ်က တစ်ချိန်တည်းမှာပင် လူပေါင်းဒါဇင်ချီ၍ ကူးစက်သွားစေနိုင် သည့် အကြီးအကျယ်ပျံ့နှံ့မှု့ဆိုသော သတိပေးမှုလည်း ပါဝင်သည်ဟု သိရသည်။ အဆိုပါဗိုင်းရပ်စ်ကို WHO က စောင့်ကြည့်နေသလို ပျံ့နှံ့လာနိုင်သည့်အတွက် ကိုယ်တိုင်ပြင်ဆင်ထားကြရန်လည်း ဒေါက်တာ Maria Van Kerkhove ကပြောကြားသည်။
ဝူဟန်တွင် ဖြစ်ပွားနေသည့် အဆိုပါဗိုင်းရပ်စ် မကူးစက်လာစေရန် ရန်ကုန်နှင့်မန္တလေးလေဆိပ်များတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် တရုတ်ခရီးသည် များကို ပိုမိုစောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Source - Daily Mail

0 comments:

Post a Comment