Wednesday, January 15, 2020

အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွင် မိသားစုဝင်ဖြစ်နေသဖြင့် ပြည်ထောင်စုဝန်ကြီးအားဖြေရှင်းပေးနိုင်ရေး လမ်းညွှန်မှာကြား

Image may contain: one or more people and indoorImage may contain: one or more people and people sitting

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ထားရှိသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကိစ္စကို ပြေလည်ရန်အတွက် အမြန်ဆုံးညှိနှိုင်းဆွေးနွေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကရင်နီလူငယ်များနှင့် ယနေ့နေ့လည်ပိုင်းကတွေ့ဆုံမှုတွင် လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။

“ကြေးရုပ်ကိစ္စကို အမြန်ဆုံးဖြေရှင်းဖို့လိုတယ်။ တွေ့ဆုံညှိနှိုင်းဖို့ကိုပဲ ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာန ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ကရင်နီလူငယ်တွေ အမြန် ဆုံးတွေ့ဆုံပြီးဖြေရှင်းဖို့ ပြောပါတယ်”ဟု ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကရင်နီလူငယ်များ၏အဖွဲ့ခေါင်းဆောင် ခူးရီးရယ်ကပြောသည်။
ယနေ့ကျင်းပသည့် ကယားပြည်နယ်နေ့အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ်တက် ရောက်ခဲ့ပြီးနောက် ကရင်နီလူငယ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ကယားပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲတွင် ကရင်နီလူငယ်များဘက်က ကယားပြည်နယ်အတွင်းဖြစ်ပျက်လျက်ရှိ သည့် တပ်သိမ်းမြေတောင်သူများကိစ္စ၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကိစ္စနှင့် လူငယ်ရေးရာတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
“တရားစွဲခံတောင်သူတွေကိစ္စမှာတော့ သူနေပြည်တော်ပြန်ရောက်ရောက်ချင်း တပ်မတော်ဘက်နဲ့ရော တရားရေးဘက်က လူတွေကိုရောညှိနှိုင်းပြီး အမြန်ဆုံးဖြေရှင်းဖို့ ဂတိပေးခဲ့တယ်”ဟု ခူးရီးရယ်က ပြောသည်။
ပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် ပြည်နယ်အစိုးရက စတင်ခဲ့သည့်အချိန် မှစ၍ ကရင်နီလူငယ်အင်အားစုများက ကန့်ကွက်ခဲ့ကြပြီး လူထုသဘောထားဆန္ဒ ကောက်ခံခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းနှင့် သပိတ်စခန်းဖွင့်လှစ်၍ ရုပ်ထုရွှေ့ပြောင်းရေး အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ကြေးရုပ်ကိစ္စနှင့်ပတ်သတ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်က ဗိုလ်ချုပ်သည်သူ၏ဖခင်ဖြစ်ပြီး မိသားစုဝင်ဖြစ်သည့်အတွက် မဖြေရှင်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးထံသို့ အဆို ပါကိစ္စညှိနှိုင်းရန် လွှဲပေးခဲ့သည်ဟု ကရင်နီလူငယ်မျိုးလှိုင်ဝင်းက ဆိုသည်။
ဆန္ဒဖော်ထုတ်မှုများကို ပြည်နယ်အစိုးရက အင်အားသုံးဖြေရှင်းမှုပြုလုပ်ခဲ့ပြီး ကရင်နီ လူငယ်ခေါင်းဆောင်များကို ငြိမ်းစုစီဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ ၊ နိုင်လွတ်လုံဥပဒေတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။
Source : Fifthwave #Myanmar_Online_News
>>Zawgyi<<
အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွင် မိသားစုဝင်ဖြစ်နေသဖြင့် ပြည်ထောင်စုဝန်ကြီးအားဖြေရှင်းပေးနိုင်ရေး လမ်းညွှန်မှာကြား
Wednesday , January 15 , 2020

0 comments:

Post a Comment