Monday, January 13, 2020

တက္ကသိုလ်ဆရာ၊ဆရာမများအား လုံခြုံရေးတာဝန်ပေးခြင်းကို မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကန့်ကွက်ခြင်း

Image may contain: one or more people, people standing, hat and outdoor

မန္တလေးတက္ကသိုလ်တွင် ကျွန်ုပ်တို့ ကျောင်းသားသပိတ်ပြန်လည်စတင်သည့်အချိန်မှစ၍ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းတံခါးများအား မတရားပိတ်ပင်ခြင်းများအပြင် "တက္ကသိုလ်ဆရာ၊ဆရာမများအား လုံခြုံရေးတာဝန်ကို အတင်းအကျပ်ခိုင်းစေခြင်း"များ ပြုလုပ်လျက်ရှိပါသည်။

ဆရာ၊ဆရာမများအား လုံခြုံရေးတာဝန်ပေးသော လုပ်ရပ်သည် တက္ကသိုလ်၏ အသက်မှာ သုတေသနဖြစ်သည်ဟု ကြွေးကြော်နေသော ပညာရေးဝန်ကြီးအား ပျက်ရယ်ပြုသောလုပ်ရပ် ဖြစ်ပေသည်။ထိုလုပ်ရပ်သည် ဆရာ၊ဆရာမများ၏ ဂုဏ်သိက္ခာအား ထိခိုက်စေခြင်း၊ တက္ကသိုလ်ကျောင်းသားများအား လုံခြုံရေးကို ခြိမ်းခြောက်သည့် အကြမ်းဖက်သမားများသဖွယ် ပုံရိပ်ဖော်နေခြင်းများကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ ဆရာ၊ ဆရာမများ အနေဖြင့်လည်း သင်ကြားရေးနှင့် မသက်ဆိုင်သော လုံခြုံရေးတာဝန်​ပေးခြင်းများသည် ဆရာ၊ဆရာမများ၏ ဂုဏ်သိက္ခာအား ချိုးနှိမ်ခြင်း ဖြစ်သောကြောင့် ကျွန်တော်၊ ကျွန်မတို့သမဂ္ဂနှင့်အတူ ဝိုင်းဝန်းကန့်ကွက်ကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
"တက္ကသိုလ်ဆရာ၊ ဆရာမများသည် ဂိတ်စောင့်မဟုတ်"
Image may contain: one or more people and outdoor
Image may contain: people sitting, tree, table, plant, outdoor and nature
သတင်း - မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
<zawgyi>
တက္ကသိုလ်ဆရာ၊ဆရာမများအား လုံခြုံရေးတာဝန်ပေးခြင်းကို မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကန့်ကွက်ခြင်း
Tuesday , January 14 , 2020

မန္တလေးတက္ကသိုလ်တွင် ကျွန်ုပ်တို့ ကျောင်းသားသပိတ်ပြန်လည်စတင်သည့်အချိန်မှ စ၍ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းတံခါးများအား မတရားပိတ်ပင်ခြင်းများအပြင် "တက္ကသိုလ်ဆရာ၊ဆရာမများအား လုံခြုံရေးတာဝန်ကို အတင်းအကျပ်ခိုင်းစေခြင်း"များ ပြုလုပ်လျက်ရှိပါသည်။
ဆရာ၊ဆရာမများအား လုံခြုံရေးတာဝန်ပေးသော လုပ်ရပ်သည် တက္ကသိုလ်၏ အသက်မှာ သုတေသနဖြစ်သည်ဟု ကြွေးကြော်နေသော ပညာရေးဝန်ကြီးအား ပျက်ရယ်ပြုသောလုပ်ရပ် ဖြစ်ပေသည်။ထိုလုပ်ရပ်သည် ဆရာ၊ဆရာမများ၏ ဂုဏ်သိက္ခာအား ထိခိုက်စေခြင်း၊ တက္ကသိုလ်ကျောင်းသားများအား လုံခြုံရေးကို ခြိမ်းခြောက်သည့် အကြမ်းဖက်သမားများသဖွယ် ပုံရိပ်ဖော်နေခြင်းများကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ ဆရာ၊ ဆရာမများ အနေဖြင့်လည်း သင်ကြားရေးနှင့် မသက်ဆိုင်သော လုံခြုံရေးတာဝန်ပေးခြင်းများသည် ဆရာ၊ဆရာမများ၏ ဂုဏ်သိက္ခာအား ချိုးနှိမ်ခြင်း ဖြစ်သောကြောင့် ကျွန်တော်၊ ကျွန်မတို့သမဂ္ဂနှင့်အတူ ဝိုင်းဝန်းကန့်ကွက်ကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
"တက္ကသိုလ်ဆရာ၊ ဆရာမများသည် ဂိတ်စောင့်မဟုတ်"
သတင်း - မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

0 comments:

Post a Comment