Monday, January 13, 2020

ဂျပန်ဘီလျံနာအမျိုးသားနှင့် လကမ္ဘာခရီးစဉ်အတူသွားရန် အမျိုးသမီးများ လျှောက်ထားနိုင်ပြီ

Image may contain: 1 person, smiling

ဂျပန်ဘီလျံနာသူဌေး ယူဆာကုမာအီဇာဝါသည် SpaceX ၏ လကမ္ဘာသို့ သွားမည့်ခရီးစဉ်အတွက် ၎င်းနှင့်အတူလိုက်ပါမည့် အာကာသ ခရီးသွားနိုင်သော အမျိုးသမီးအဖော်မွန်တစ်ဦးကို ရှာဖွေလျက်ရှိသည်။

အသက်၄၄နှစ်အရွယ် ဖက်ရှင်လုပ်ငန်းသူဌေး ယူဆာကုသည် Starship ဒုံးပျံဖြင့် လကမ္ဘာသို့ ပျံသန်းသွားရောက်မည့် ပထဆုံး အရပ်သား ခရီးသည်ဖြစ်လာတော့မည်ဖြစ်သည်။
၂၀၂၃တွင် သွားရောက်ရန်စီစဉ်ထားသော ယင်းခရီးစဉ်သည် ၁၉၇၂ခုနှစ် နောက်ပိုင်း လူသားများ၏ ပထမဆုံးလကမ္ဘာခရီးစဉ်လည်း ဖြစ်ပေလိမ့်မည်။
မစ္စတာမာအီဇာဝါသည် လကမ္ဘာခရီးစဉ်အတွက် အထူးသီးသန့် အဖော်မွန်အမျိုးသမီးတစ်ဦးနှင့်အတူ အတွေ့အကြုံများကို မျှဝေလိုကြောင်း အွန်လိုင်းမေတ္တာရပ်ခံချက်တစ်ခုတွင် ဖော်ပြထားသည်။
စီးပွါးရေးလုပ်ငန်းရှင်မစ္စတာမာအီဇာဝါသည် အသက်၂၇နှစ် အရွယ် ချစ်သူမင်းသမီး အေယာမီဂိုရီကီနှင့် မကြာသေးမီကမှ လမ်းခွဲခဲ့သူဖြစ်ပြီး စီစဉ်ထားသော ပူးတွဲအစီအစဉ်အတွက် အမျိုးသမီးများအနေဖြင့် ၎င်း၏ဝက်ဆိုက်ပေါ်တွင် လျှောက်ထားနိုင်ကြောင်း တိုက်တွန်း ပြောဆိုထားသည်။
မိမိအနေဖြင့် ဘဝလက်တွဲဖော်ကို ရှာဖွေလိုကြောင်း၊ အနာဂါတ် လက်တွဲဖော်နှင့်အတူ ချစ်ခြင်းမေတ္တာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အာကာသမှနေ၍ ကြွေးကြော်လိုကြောင်း မစ္စတာမာအီဇာဝါက ပြောဆိုထားသည်။
Ref: Yusaku Maezawa: Japanese billionaire seeks 'life partner' for Moon voyage
<zawgyi>
ဂျပန်ဘီလျံနာအမျိုးသားနှင့် လကမ္ဘာခရီးစဉ်အတူသွားရန် အမျိုးသမီးများ လျှောက်ထားနိုင်ပြီ
Tuesday , January 14 , 2020

ဂျပန်ဘီလျံနာသူဌေး ယူဆာကုမာအီဇာဝါသည် SpaceX ၏ လကမ္ဘာသို့ သွားမည့်ခရီးစဉ်အတွက် ၎င်းနှင့်အတူလိုက်ပါမည့် အာကာသ ခရီးသွားနိုင်သော အမျိုးသမီးအဖော်မွန်တစ်ဦးကို ရှာဖွေလျက်ရှိသည်။
အသက်၄၄နှစ်အရွယ် ဖက်ရှင်လုပ်ငန်းသူဌေး ယူဆာကုသည် Starship ဒုံးပျံဖြင့် လကမ္ဘာသို့ ပျံသန်းသွားရောက်မည့် ပထဆုံး အရပ်သား ခရီးသည်ဖြစ်လာတော့မည်ဖြစ်သည်။
၂၀၂၃တွင် သွားရောက်ရန်စီစဉ်ထားသော ယင်းခရီးစဉ်သည် ၁၉၇၂ခုနှစ် နောက်ပိုင်း လူသားများ၏ ပထမဆုံးလကမ္ဘာခရီးစဉ်လည်း ဖြစ်ပေလိမ့်မည်။
မစ္စတာမာအီဇာဝါသည် လကမ္ဘာခရီးစဉ်အတွက် အထူးသီးသန့် အဖော်မွန်အမျိုးသမီးတစ်ဦးနှင့်အတူ အတွေ့အကြုံများကို မျှဝေလိုကြောင်း အွန်လိုင်းမေတ္တာရပ်ခံချက်တစ်ခုတွင် ဖော်ပြထားသည်။
စီးပွါးရေးလုပ်ငန်းရှင်မစ္စတာမာအီဇာဝါသည် အသက်၂၇နှစ် အရွယ် ချစ်သူမင်းသမီး အေယာမီဂိုရီကီနှင့် မကြာသေးမီကမှ လမ်းခွဲခဲ့သူဖြစ်ပြီး စီစဉ်ထားသော ပူးတွဲအစီအစဉ်အတွက် အမျိုးသမီးများအနေဖြင့် ၎င်း၏ဝက်ဆိုက်ပေါ်တွင် လျှောက်ထားနိုင်ကြောင်း တိုက်တွန်း ပြောဆိုထားသည်။
မိမိအနေဖြင့် ဘဝလက်တွဲဖော်ကို ရှာဖွေလိုကြောင်း၊ အနာဂါတ် လက်တွဲဖော်နှင့်အတူ ချစ်ခြင်းမေတ္တာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အာကာသမှနေ၍ ကြွေးကြော်လိုကြောင်း မစ္စတာမာအီဇာဝါက ပြောဆိုထားသည်။
Ref: Yusaku Maezawa: Japanese billionaire seeks 'life partner' for Moon voyage

0 comments:

Post a Comment