Wednesday, January 22, 2020

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းသာလမ်းခွဲတွင် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ယာဉ်မောင်းတစ်ဦးသေဆုံး

Image may contain: one or more people and outdoorImage may contain: outdoor

ဇန်နဝါရီလ (၂၂) ရက်နေ့ (၀၅:၃၀) အချိန်ခန့်၊ နေပြည်တော် ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ၊ ကင်းသာရွာလမ်းခွဲ ၊ မိုင်တိုင်အမှတ် (၂၄၅/၇)၊ အဆုံချောင်းတံတားအနီးတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော စိမ်းနုရောင် (၁၂) ဘီး ယာဉ်နှင့် မန္တလေး မှ ရန်ကုန် သို့ မောင်းနှင်လာသော အဝါရောင် (၂၂) ဘီး နောက်တွဲယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး (၁၂) ဘီးယာဉ်သည် အဆုံတံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း (၀၆:၃၀)အချိန် သတင်းရရှိသဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅) ဦး ၊ သူနာတင် ယာဉ်တို့ဖြင့် သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် စိမ်းနုရောင်၊ (၁၂) ဘီးယာဉ်၏ ခေါင်းခန်းတွင် ညပ်နေသော အကူယာဉ်မောင်းဖြစ်သူ(သေဆုံး) အား တပ်ကုန်း ကုတင်(၁၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
<zawgyi>
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းသာလမ်းခွဲတွင် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ယာဉ်မောင်းတစ်ဦးသေဆုံး
Wednesday , January 22 , 2020

ဇန်နဝါရီလ (၂၂) ရက်နေ့ (၀၅:၃၀) အချိန်ခန့်၊ နေပြည်တော် ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ၊ ကင်းသာရွာလမ်းခွဲ ၊ မိုင်တိုင်အမှတ် (၂၄၅/၇)၊ အဆုံချောင်းတံတားအနီးတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော စိမ်းနုရောင် (၁၂) ဘီး ယာဉ်နှင့် မန္တလေး မှ ရန်ကုန် သို့ မောင်းနှင်လာသော အဝါရောင် (၂၂) ဘီး နောက်တွဲယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး (၁၂) ဘီးယာဉ်သည် အဆုံတံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း (၀၆:၃၀)အချိန် သတင်းရရှိသဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅) ဦး ၊ သူနာတင် ယာဉ်တို့ဖြင့် သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် စိမ်းနုရောင်၊ (၁၂) ဘီးယာဉ်၏ ခေါင်းခန်းတွင် ညပ်နေသော အကူယာဉ်မောင်းဖြစ်သူ(သေဆုံး) အား တပ်ကုန်း ကုတင်(၁၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment