Wednesday, January 15, 2020

တရုတ်သမ္မတခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနှင့် မြန်မာ့သယံဇာတများ မထုတ်ယူရေး တရုတ်သံရုံးရှေ့ ဆန္ဒပြမည်

Image may contain: 4 people, crowd and outdoor

မြန်မာနိုင်ငံသို့ ၂ ရက်တာ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ပင် ခရီးစဉ်အချိန်နှင့်တိုက်ဆိုင်၍ မြစ်ဆုံစီမံကိန်း အပြီးတိုင်းဖျက်သိမ်းရေးနှင့် မြန်မာ့သယံဇာတများ ပရမ်းပတာ မထုတ်ယူရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲကို ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီ အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒပြပွဲကို ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေး အဖွဲ့ ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး လူမှုအဖွဲ့အစည်း တို့က ဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒပြပွဲကို တရားဝင် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ ထံ အကြောင်းကြားပြီးဖြစ်ကြောင်း ဦးအောင်စိုးက ပြောသည်။
တရုတ်သမ္မတရှီကျင့်ပင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၇ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ ၂ ရက်တာ လာရောက်လည်ပတ်မည်ဖြစ်သည်။
Source - Khithit
<zawgyi>
တရုတ်သမ္မတခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနှင့် မြန်မာ့သယံဇာတများ မထုတ်ယူရေး တရုတ်သံရုံးရှေ့ ဆန္ဒပြမည်
Thursday , January 16 , 2020

မြန်မာနိုင်ငံသို့ ၂ ရက်တာ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ပင် ခရီးစဉ်အချိန်နှင့်တိုက်ဆိုင်၍ မြစ်ဆုံစီမံကိန်း အပြီးတိုင်းဖျက်သိမ်းရေးနှင့် မြန်မာ့သယံဇာတများ ပရမ်းပတာ မထုတ်ယူရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီ အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒပြပွဲကို ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေး အဖွဲ့ ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး လူမှုအဖွဲ့အစည်း တို့က ဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒပြပွဲကို တရားဝင် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ ထံ အကြောင်းကြားပြီးဖြစ်ကြောင်း ဦးအောင်စိုးက ပြောသည်။
တရုတ်သမ္မတရှီကျင့်ပင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၇ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ ၂ ရက်တာ လာရောက်လည်ပတ်မည်ဖြစ်သည်။
Source - Khithit

0 comments:

Post a Comment