Wednesday, January 15, 2020

ကျောက်မဲမြို့တွင် မော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ(၂)ဦးအားဖမ်းဆီးရမိ

Image may contain: car and outdoorNo photo description available.

ကျောက်မဲမြို့တွင် မော်တော်ယာဉ်ဖြင့်မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ(၂)ဦးအား ဇန်နဝါရီ(၁၄)ရက်နေ့ ညက ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် (၁၄-၁-၂၀၂၀) ညက ကျောက်မဲတိုးဂိတ်အနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ ထွန်းလွင် မောင်းနှင်ပြီး ဗီသင်္ကြန်လွင်(ခ)သားငယ် လိုက်ပါလာသည့် Nissan Wingroad Y12 အမျိုးအစား ခဲရောင်မော်တော် ယာဉ် အား ရပ်တန့်စေပြီး သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ ကားကြမ်းခင်းအတွင်း အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာသည့် ဘိန်းဖြူဆပ်ပြာခွက်ရောင်စုံ(၂၅၉)ခွက် အလေးချိန်(၂.၅၉)ကီလိုဂရမ်ခန့်နှင့် စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀၀၀၀)ပြား အလေးချိန်(၁၈)ကီလိုဂရမ်ခန့် တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ထွန်းလွင်နှင့် ဗီသင်္ကြန်လွင် တို့နှစ်ဦးအား စစ်မေးချက်အရ အမည်နေရပ်လိပ်စာ မသိရှိပဲ လူမြင်လျင်မှတ်မိသည့် တရုတ်အမျိုးသားတစ်ဦးမှ ၎င်းတို့ နှစ်ဦးအား ငွေကျပ်(၃)သိန်းပေးကာ မူးယစ်ဆေးဝါးများသိုဝှက်သယ်ဆောင်လာသည့်ကားအား မိုင်းရယ်မြို့မှ မိုးကုတ်မြို့သို့ မောင်းနှင်ခိုင်းသည့်အတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
Ref : NayMyo #Myanmar_Online_News
<<Zawgyi>>
ကျောက်မဲမြို့တွင် မော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ(၂)ဦးအားဖမ်းဆီးရမိ
Wednesday , January 15 , 2020

0 comments:

Post a Comment