Tuesday, January 14, 2020

သထုံမြို့နယ်တွင် ဆွမ်းခံကြွလာသော သံဃာနှစ်ပါးနှင့် ဆွမ်းလောင်းနေသူတစ်ဦး ကားတိုက်ခံရ၍‌ သေဆုံး

Image may contain: car, tree, outdoor and nature

မွန်ပြည်နယ် သထုံမြို့နယ် သု၀ဏ္ဏဝတီမြို့အနီး မိုးကောင်းကျေးရွာ အုပ်စု ပုတိမ်ရိုးကျေးရွာ၌ ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက်စောစောပိုင်းက ဆွမ်းခံကြွလာသော ရဟန်းသံဃာ နှစ်ပါးနှင့် ဆွမ်းလောင်းနေသူ လူတစ်ဦး အား ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိကာ ထွက်ပြေး တိမ်းရှောင်သွားကြောင်းသိရသည်။

အဆိုပါ အတိုက်ခံရသူများသည် နေရာတွင် သေဆုံးသွားခဲ့သည် ။
ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၃၅/၂ နှင့် ၁၃၅/၃ အကြားတွင် ယာဉ်တိုက်မှုသတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် သန့်ဇင်စိုး ၊ရဲတပ်ဖွဲ့ဝင်များ၊ မိုးကောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးဇေယျာ နှင့် အသိသက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ မိုးကောင်း ကျောင်းတိုက်မှ သံဃာတော်အပါး ၅၀ ခန့်သည် ဆွမ်းခံရန် ထွက်လာရာ ဦးအောင်ကျော်လွင် (၅၄) နှစ် ၊ပုတိမ်ရိုးကျေးရွာ) မှ ဆွမ်းလောင်းနေစဉ် ဦး‌ဇောတိက (၅၄) နှစ်၊ သိက္ခာတော်- ၅ ဝါ ၊မိုးကောင်းကျောင်းတိုက်) နှင့် ဦးဇင်းပေါက်ကျိုင်း(၆၆)နှစ်၊ သိက္ခာတော်- ၅ ဝါ ၊ ရွှေပြည်အေး ကျောင်းတိုက် ) တို့အား သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ယာဉ်မောင်း(အမည်မသိ) မောင်းနှင်လာသော ယာဉ်အမှတ်မသိ ၊ ဟွန်ဒါဖစ် အမျိုးအစား အပြာရောင် ( စုံစမ်းဆဲ)ဟု ထင်ရသည့် မော်တော်ယာဉ်က အနောက်မှ ဝင်ရောက် တိုက်မိ၍ နေရာတွင် ဒဏ်ရာ ရရှိ သေဆုံးသွားပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။
သိမ်ဆိပ်နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် အမည်မသိ ယာဉ် နှင့် ယာဉ်မောင်း အား ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည် ။
Image may contain: outdoor
Source- Myanmaalinn #Myanmar_Online_News

<zawgyi>
သထုံမြို့နယ်တွင် ဆွမ်းခံကြွလာသော သံဃာနှစ်ပါးနှင့် ဆွမ်းလောင်းနေသူတစ်ဦး ကားတိုက်ခံရ၍‌ သေဆုံး
Tuesday , January 14 , 2020

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး မိုးကောင်းကျေးရွာ အုပ်စု ပုတိမ်ရိုးကျေးရွာ၌ ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက်စောစောပိုင်းက ဆွမ်းခံကြွလာသော ရဟန်းသံဃာ နှစ်ပါးနှင့် ဆွမ်းလောင်းနေသူ လူတစ်ဦး အား ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိကာ ထွက်ပြေး တိမ်းရှောင်သွားကြောင်းသိရသည်။
အဆိုပါ အတိုက်ခံရသူများသည် နေရာတွင် သေဆုံးသွားခဲ့သည် ။
ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၃၅/၂ နှင့် ၁၃၅/၃ အကြားတွင် ယာဉ်တိုက်မှုသတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် သန့်ဇင်စိုး ၊ရဲတပ်ဖွဲ့ဝင်များ၊ မိုးကောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးဇေယျာ နှင့် အသိသက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ မိုးကောင်း ကျောင်းတိုက်မှ သံဃာတော်အပါး ၅၀ ခန့်သည် ဆွမ်းခံရန် ထွက်လာရာ ဦးအောင်ကျော်လွင် (၅၄) နှစ် ၊ပုတိမ်ရိုးကျေးရွာ) မှ ဆွမ်းလောင်းနေစဉ် ဦး‌ဇောတိက (၅၄) နှစ်၊ သိက္ခာတော်- ၅ ဝါ ၊မိုးကောင်းကျောင်းတိုက်) နှင့် ဦးဇင်းပေါက်ကျိုင်း(၆၆)နှစ်၊ သိက္ခာတော်- ၅ ဝါ ၊ ရွှေပြည်အေး ကျောင်းတိုက် ) တို့အား သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ယာဉ်မောင်း(အမည်မသိ) မောင်းနှင်လာသော ယာဉ်အမှတ်မသိ ၊ ဟွန်ဒါဖစ် အမျိုးအစား အပြာရောင် ( စုံစမ်းဆဲ)ဟု ထင်ရသည့် မော်တော်ယာဉ်က အနောက်မှ ဝင်ရောက် တိုက်မိ၍ နေရာတွင် ဒဏ်ရာ ရရှိ သေဆုံးသွားပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။
သိမ်ဆိပ်နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် အမည်မသိ ယာဉ် နှင့် ယာဉ်မောင်း အား ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည် ။
Source- Myanmaalinn #Myanmar_Online_News

0 comments:

Post a Comment