Tuesday, January 21, 2020

မုဒုံမြို့နယ် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ချက်ကြောင့် ဗျိုင်းနှစ်ကောင်ပွဲတော် (၃) ရက်အတွင်း ခါးပိုက်နှိုက်များ စံချိန်တင်ဖမ်းဆီးရမိ

Image may contain: 1 person, sittingImage may contain: 3 people, people sitting

မွန်ပြည်နယ် မုဒုံမြို့၌ အစည်ကားဆုံပွဲတော်တစ်ခုဖြစ်သည့် ဝင်းစိန်(ဗျိုင်းနှစ်ကောင်)ဆရာတော်ဘုရားကြီး၏သက်တော် ၉၉ နှစ်ပြည့်မွေးနေ့ပွဲတော် (၃) ရက်အတွင်း မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးအသစ် ရဲမှူး ဝင်းဇော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ဇင်မင်း ၊ မြို့မရဲစခန်းမှူးအသစ် ဒုရဲမှူးအောင်မျိုးထွန်း၊ ဒုစခန်းမှူး ရဲအုပ်ဇော်မင်းအောင်၊ နယ်ထိန်းခေါင်းဆောင်ရဲအုပ်ငြိမ်းချမ်းနှင့် ရဲတပ်ဖွဲဝင်များ၏ စွမ်းဆောင်ချက်ကြောင့် ပွဲတော်အတွင်းစတုဒီသာနှင့် လူစည်ကားသောနေရာများ၌ လက်ကိုင်အိတ်များအား ဓားဖြင့်ခွဲခြင်း ခါးပိုက်နှိုက်ခြင်းများလုပ်ဆောင်နေကြသည့် ပြစ်မှုကျူးလွန်သည်ဟု အမျိုးသမီး (၁၀ )ဦး အမျိုးသား ( ၂ ) ဦးဖမ်းဆီးရမိပြီး ၎င်းတို့အနက်မှ ပြစ်မှုကျူးလွန်ကြောင်းစစ်ဆေးပေါ်ပေါက်သည့် အမျိူးသမီး (၆) ဦး အမျိူးသား(၂) ဦးတို့အား စုစုပေါင်း ၈ ဦးတို့အား မုဒုံမြို့မရဲစခန်း၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် (၅၄) ၊ ၃၇၉ တို့ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အဆိုပါ ဗျိုင်းနှစ်ကောင်ပွဲတော်သည် ဝင်းစိန်ဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇော်ပွဲဖြစ်ပြီး နှစ်စဉ် ပြာသို လဆုပ် (၉/၁၀/၁၁) ရက်နေ့ ၃ ရက်တိုင်တိုင် ဘုရားဖူးဦးရေ ထောင် သောင်းချီဖြင့် နှစ်စဉ် စည်းကားသိုက်မြိုက်စွာကျင်းပနေပြီး မွန်ပြည်နယ်နှင့် မုဒုံမြို့နယ်အတွင်း အစည်းကားဆုံးပွဲတော်များအနက်မှ တစ်ခုဖြစ်ပါသည်။
Image may contain: 2 people, people standing
Image may contain: 3 people, people sitting
Image may contain: one or more people and people sitting
သတင်း - အမွှာညီနောင်
<zawgyi>
မုဒုံမြို့နယ် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ချက်ကြောင့် ဗျိုင်းနှစ်ကောင်ပွဲတော် (၃) ရက်အတွင်း ခါးပိုက်နှိုက်များ စံချိန်တင်ဖမ်းဆီးရမိ
Tuesday , January 21 , 2020

မွန်ပြည်နယ် မုဒုံမြို့၌ အစည်ကားဆုံပွဲတော်တစ်ခုဖြစ်သည့် ဝင်းစိန်(ဗျိုင်းနှစ်ကောင်)ဆရာတော်ဘုရားကြီး၏သက်တော် ၉၉ နှစ်ပြည့်မွေးနေ့ပွဲတော် (၃) ရက်အတွင်း မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးအသစ် ရဲမှူး ဝင်းဇော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ဇင်မင်း ၊ မြို့မရဲစခန်းမှူးအသစ် ဒုရဲမှူးအောင်မျိုးထွန်း၊ ဒုစခန်းမှူး ရဲအုပ်ဇော်မင်းအောင်၊ နယ်ထိန်းခေါင်းဆောင်ရဲအုပ်ငြိမ်းချမ်းနှင့် ရဲတပ်ဖွဲဝင်များ၏ စွမ်းဆောင်ချက်ကြောင့် ပွဲတော်အတွင်းစတုဒီသာနှင့် လူစည်ကားသောနေရာများ၌ လက်ကိုင်အိတ်များအား ဓားဖြင့်ခွဲခြင်း ခါးပိုက်နှိုက်ခြင်းများလုပ်ဆောင်နေကြသည့် ပြစ်မှုကျူးလွန်သည်ဟု အမျိုးသမီး (၁၀ )ဦး အမျိုးသား ( ၂ ) ဦးဖမ်းဆီးရမိပြီး ၎င်းတို့အနက်မှ ပြစ်မှုကျူးလွန်ကြောင်းစစ်ဆေးပေါ်ပေါက်သည့် အမျိူးသမီး (၆) ဦး အမျိူးသား(၂) ဦးတို့အား စုစုပေါင်း ၈ ဦးတို့အား မုဒုံမြို့မရဲစခန်း၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် (၅၄) ၊ ၃၇၉ တို့ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အဆိုပါ ဗျိုင်းနှစ်ကောင်ပွဲတော်သည် ဝင်းစိန်ဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇော်ပွဲဖြစ်ပြီး နှစ်စဉ် ပြာသို လဆုပ် (၉/၁၀/၁၁) ရက်နေ့ ၃ ရက်တိုင်တိုင် ဘုရားဖူးဦးရေ ထောင် သောင်းချီဖြင့် နှစ်စဉ် စည်းကားသိုက်မြိုက်စွာကျင်းပနေပြီး မွန်ပြည်နယ်နှင့် မုဒုံမြို့နယ်အတွင်း အစည်းကားဆုံးပွဲတော်များအနက်မှ တစ်ခုဖြစ်ပါသည်။
သတင်း - အမွှာညီနောင်

0 comments:

Post a Comment