Wednesday, January 8, 2020

ရန်ကုန်မြို့တွင်း မြို့နယ်ထဲပါသည့် ဗိုလ်တစ်ထောင်တွင် မူးယစ်ဆေးပြား ၃ သိန်းကျော် အပါအဝင် မူးယစ်ဆေးထည့်သည့် ကွန်ပရက်ဆာလေအိုးများ သိမ်းဆည်းရမိ

No photo description available.

ရန်ကုန်မြို့တွင်း မြို့နယ်ထဲပါသည့် ဗိုလ်တစ်ထောင်တွင် မူးယစ်ဆေးပြား၃သိန်းကျော်အပါအဝင် မူးယစ်ဆေးထည့်သည့် ကွန်ပရက်ဆာလေအိုးများ ရဲက မနေ့က ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သတင်းအရဖြစ်ပြီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်၊ (၅)ရပ်ကွက်ရှိ အောင်နိုင်၏နေအိမ်ထဲဖြစ်သည်ဟု သိရသည်။
အဆိုပါနေအိမ်ထဲတွင် WY စိတ်ကြွဆေးပြား ၃၀၇၁၉၅ ပြား၊ ICE ဝ.၂ ကီလိုနှင့် မူးယစ်ဆေးဝါး ထည့်သွင်း သယ်ဆောင် ရာတွင် အသုံးပြုသည့် ကွန်ပရက်ဆာလေအိုး ၇ လုံးတွေ့ရှိခဲ့ကြောင်းရဲကပြောသည်။
ထိုနေ့တစ်နေ့ထဲမှာပင် မြောက်ဥက္ကလာပမြို့နယ်၊ (၆)ကွေ့မီးပွိုင့်အနီး ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးများ၊သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းပေါ်မောင်းနှင်နေသည့် ကားတစ်စီးပေါ်မှ မူးယစ်ဆေးများကိုပါ ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့သေးကြောင်းလည်းသိရသည်။
လက်ရှိတွင် ကျူးလွန်သူဟုယူဆရသူများကို ရဲက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကာ စစ်ဆေးနေကြောင်းသိရသည်။
Ref ; Myanmar Harp
<zawgyi>
ရန်ကုန်မြို့တွင်း မြို့နယ်ထဲပါသည့် ဗိုလ်တစ်ထောင်တွင် မူးယစ်ဆေးပြား ၃ သိန်းကျော် အပါအဝင် မူးယစ်ဆေးထည့်သည့် ကွန်ပရက်ဆာလေအိုးများ သိမ်းဆည်းရမိ
Wednesday , January 8 , 2020

ရန်ကုန်မြို့တွင်း မြို့နယ်ထဲပါသည့် ဗိုလ်တစ်ထောင်တွင် မူးယစ်ဆေးပြား၃သိန်းကျော်အပါအဝင် မူးယစ်ဆေးထည့်သည့် ကွန်ပရက်ဆာလေအိုးများ ရဲက မနေ့က ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
သတင်းအရဖြစ်ပြီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်၊ (၅)ရပ်ကွက်ရှိ အောင်နိုင်၏နေအိမ်ထဲဖြစ်သည်ဟု သိရသည်။
အဆိုပါနေအိမ်ထဲတွင် WY စိတ်ကြွဆေးပြား ၃၀၇၁၉၅ ပြား၊ ICE ဝ.၂ ကီလိုနှင့် မူးယစ်ဆေးဝါး ထည့်သွင်း သယ်ဆောင် ရာတွင် အသုံးပြုသည့် ကွန်ပရက်ဆာလေအိုး ၇ လုံးတွေ့ရှိခဲ့ကြောင်းရဲကပြောသည်။
ထိုနေ့တစ်နေ့ထဲမှာပင် မြောက်ဥက္ကလာပမြို့နယ်၊ (၆)ကွေ့မီးပွိုင့်အနီး ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးများ၊သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းပေါ်မောင်းနှင်နေသည့် ကားတစ်စီးပေါ်မှ မူးယစ်ဆေးများကိုပါ ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့သေးကြောင်းလည်းသိရသည်။
လက်ရှိတွင် ကျူးလွန်သူဟုယူဆရသူများကို ရဲက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကာ စစ်ဆေးနေကြောင်းသိရသည်။
Ref ; Myanmar Harp

0 comments:

Post a Comment