Thursday, January 23, 2020

လုယက်မှုဖြင့် တရားရုံး အာမခံ ရရှိထားသည့် ကလေးသူငယ် အချို့ ထပ်မံ၍ ပြစ်မှုကျူးလွန်

Image may contain: one or more people and people standing

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ပေါ်တွင် မကြာခဏ လုယက်မှုများ ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ က ပြစ်မှုကျူးလွန်သူများကို ပိုက်စိပ်တိုက်၍ လိုက်လံဖမ်းဆီးပြီးနောက် အမှုဖြင့် တရားစွဲဆိုခဲ့သည်။ သို့သော် ၂၀၁၉ ကလေးသူငယ်ဆိုင်ရာ ဥပဒေများအရ တရားရုံး အာမခံ ရရှိထားသည့် ကလေးသူငယ် အချို့မှာ ထပ်မံ၍ ပြစ်မှုကျူးလွန်လျက်ရှိကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ထံမှ သိရသည်။
“ .. လုယက်မှုဖြင့် တရားရုံး အာမခံ ရရှိထားတဲ့ ကလေးသူငယ် ( အသက် ၁၈ နှစ်အောက် အရွယ်) အချို့ ထပ်မံပြီး ပြစ်မှုကျူးလွန်တာကြောင့် အမှုနဲ့ ထပ်ပြီးဖမ်းဆီးရတယ် …” မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ ပြောသည်။
မုံရွာမြို့ပေါ်တွင် အုပ်စုဖွဲ့ လူငယ်အချို့သည် လက်ကိုင် ပိုက်ဆံအိတ်နှင့် လက်ကိုင် ဖုန်းများကို မကြာခဏ အကြမ်းဖက် လုယက်လျက်ရှိသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ဥပဒေနှင့်အညီ တရားစွဲဆိုခဲ့ရာ ၂၀၁၉ ဇူ လိုင်လက ပြင်ဆင်သတ်မှတ်လိုက်သည့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများအရ အာမခံဖြင့် ပြန်လည်လွတ် မြောက်လာခဲ့ခြင်းဖြစ်သည်။
မုံရွာမြို့ပေါ်တွင် ဖြစ်ပွားလျက်ရှိသော မှုခင်းဆိုင်ရာ ကိစ္စရပ်များ၏ ခုနှစ်ဆယ် ရာခိုင်နှုန်းမှာ( ၇၀ % ) အသက် (၁၈) အောက် အိမ်ထောင်ရှိ လူငယ်များ အများစုပါဝင်လျက်ရှိပြီး ကျန် သုံးဆယ်ရာခိုင်နှုန်းမှာ စီးပွားရေးဆိုင်ရာ မှုခင်းကိစ္စရပ်များ အများဆုံ ပါဝင်လျက်ကြောင်း မှုခင်းဆိုင်ရာ လေ့လာစမ်းစစ်ချက် မှတ်တမ်းများ၏ အစီရင်ခံ စာတွင် ဖော်ပြထားသည်။
ထို့ကြောင့် လေလွင့် ဆိုးသွမ်းရမ်းကား လူငယ်များ လျော့ချနိုင်ရေး လုပ်ငန်းစဉ်သည် သက်ဆိုင်ရာမှ မဖြစ်မနေ ဦးစားပေး လုပ်ဆောင်ရမည့် တာဝန်တစ်ရပ် ဖြစ်လာကြောင်း ဒေသခံပြည်သူများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။ ထို့အပြင် လူငယ်များ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ရိုးသားစွာ ရပ်တည် နေထိုင်နိုင်ရန်အတွက် အသက်ဝမ်း မွေး စက်မှုလက်မှု အတတ်သင် ပညာရေးကျောင်းများ နှင့် လူငယ် စာရိတ္တ ပြုပြင်ရေး ဂေဟာများလည် ဖွင့်လှစ် ထားရှိပေးရန် ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။
Image may contain: 3 people, people standing
Image may contain: one or more people and people standing
Image may contain: 5 people, people standing

သတင်း- ကိုတိုးကြီး
>>Zawgyi<<
လုယက်မှုဖြင့် တရားရုံး အာမခံ ရရှိထားသည့် ကလေးသူငယ် အချို့ ထပ်မံ၍ ပြစ်မှုကျူးလွန်
Friday , January 24 , 2020

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ပေါ်တွင် မကြာခဏ လုယက်မှုများ ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ က ပြစ်မှုကျူးလွန်သူများကို ပိုက်စိပ်တိုက်၍ လိုက်လံဖမ်းဆီးပြီးနောက် အမှုဖြင့် တရားစွဲဆိုခဲ့သည်။ သို့သော် ၂၀၁၉ ကလေးသူငယ်ဆိုင်ရာ ဥပဒေများအရ တရားရုံး အာမခံ ရရှိထားသည့် ကလေးသူငယ် အချို့မှာ ထပ်မံ၍ ပြစ်မှုကျူးလွန်လျက်ရှိကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ထံမှ သိရသည်။
“ .. လုယက်မှုဖြင့် တရားရုံး အာမခံ ရရှိထားတဲ့ ကလေးသူငယ် ( အသက် ၁၈ နှစ်အောက် အရွယ်) အချို့ ထပ်မံပြီး ပြစ်မှုကျူးလွန်တာကြောင့် အမှုနဲ့ ထပ်ပြီးဖမ်းဆီးရတယ် …” မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ ပြောသည်။
မုံရွာမြို့ပေါ်တွင် အုပ်စုဖွဲ့ လူငယ်အချို့သည် လက်ကိုင် ပိုက်ဆံအိတ်နှင့် လက်ကိုင် ဖုန်းများကို မကြာခဏ အကြမ်းဖက် လုယက်လျက်ရှိသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ဥပဒေနှင့်အညီ တရားစွဲဆိုခဲ့ရာ ၂၀၁၉ ဇူ လိုင်လက ပြင်ဆင်သတ်မှတ်လိုက်သည့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများအရ အာမခံဖြင့် ပြန်လည်လွတ် မြောက်လာခဲ့ခြင်းဖြစ်သည်။
မုံရွာမြို့ပေါ်တွင် ဖြစ်ပွားလျက်ရှိသော မှုခင်းဆိုင်ရာ ကိစ္စရပ်များ၏ ခုနှစ်ဆယ် ရာခိုင်နှုန်းမှာ( ၇၀ % ) အသက် (၁၈) အောက် အိမ်ထောင်ရှိ လူငယ်များ အများစုပါဝင်လျက်ရှိပြီး ကျန် သုံးဆယ်ရာခိုင်နှုန်းမှာ စီးပွားရေးဆိုင်ရာ မှုခင်းကိစ္စရပ်များ အများဆုံ ပါဝင်လျက်ကြောင်း မှုခင်းဆိုင်ရာ လေ့လာစမ်းစစ်ချက် မှတ်တမ်းများ၏ အစီရင်ခံ စာတွင် ဖော်ပြထားသည်။
ထို့ကြောင့် လေလွင့် ဆိုးသွမ်းရမ်းကား လူငယ်များ လျော့ချနိုင်ရေး လုပ်ငန်းစဉ်သည် သက်ဆိုင်ရာမှ မဖြစ်မနေ ဦးစားပေး လုပ်ဆောင်ရမည့် တာဝန်တစ်ရပ် ဖြစ်လာကြောင်း ဒေသခံပြည်သူများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။ ထို့အပြင် လူငယ်များ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ရိုးသားစွာ ရပ်တည် နေထိုင်နိုင်ရန်အတွက် အသက်ဝမ်း မွေး စက်မှုလက်မှု အတတ်သင် ပညာရေးကျောင်းများ နှင့် လူငယ် စာရိတ္တ ပြုပြင်ရေး ဂေဟာများလည် ဖွင့်လှစ် ထားရှိပေးရန် ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

သတင်း- ကိုတိုးကြီး

0 comments:

Post a Comment