Monday, January 6, 2020

မြန်မာနိုင်ငံသည် ၂၀၂၀ တွင်လည်း ပြည်တွင်း၊ ပြည်ပဘေးအန္တရာယ်တွေဖြင့် ရင်ဆိုင်ရဦးမည်ဟု သမ္မတဟောင်းဦးသိန်းစိန်ပြော

Image may contain: 1 person, standingImage may contain: 4 people, indoor

၂၀၂၀ ပြည့်နှစ်တွင်လည်း မြန်မာနိုင်ငံသည် ပြည်တွင်းပြည်ပဘေးအန္တရာယ်တွေဖြင့်ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်က ပြောကြားလိုက်သည်။
နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ခန်းမတွင် ဇန်နဝါရီလ ၅ ရက်ကကျင်းပသော ဂါရဝပြုပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ လွန်ခဲ့တဲ့ ၂၀၁၉ ကိုပြန်ကြည့်ရင် စစ်ပွဲတွေ၊အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ အနိုင်အထက်ပြုကျင့်မှုတွေအပြင် လုယက်ခိုးဆိုး၊ မုဒိမ်းမှုအမျိုးမျိုးတွေနဲ့ကြုံတွေ့ပြီး စိတ်မချမ်းသာစွာနဲ့ ၂၀၁၉ ကိုကျော်ဖြတ်ခဲ့ကြရတာဖြစ်တယ်။ အခု ၂၀၂၀ ခုနှစ်ကိုရောက်လာခဲ့ပြီဖြစ်တယ်။ ၂၀၂၀ မှာလည်း တို့နိုင်ငံမှာ ပြည်တွင်းပြည်ပဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရဦးမှာဖြစ်တယ်’’ဟု နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်က ပြောသည်။
နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အုပ်ချုပ်ရေးတာဝန်များကို ဆောင်ရွက်သွားခဲ့ပြီး ၎င်းတာဝန်ထမ်းဆောင်ချိန်တွင် မိုလ်ဘိုင်းဖုန်းဆင်းကတ်များကို ကျပ်ထောင်ဂဏန်းအထိကျဆင်းစေရန် ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အထိ NCA အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
“ တို့လိုဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်မှာ စိတ်ကောင်းစေတနာရှိတဲ့လူတွေ၊ အများအကျိုးကိုမျှဝေခံစားတတ်တဲ့ လူတွေများစွာလိုအပ်တယ်။ အတ္တကိုရှေ့တန်းတင်ပြီး ကိုယ်ကောင်းစားဖို့သာ ရှေ့တန်းတင် အလေးထားမယ်ဆိုရင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ အေးချမ်းမှု၊ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ကောင်းကျိုးချမ်းသာတွေကို ဘယ်နည်းနဲ့မရနိုင်ဘူး’’ဟု ဦးသိန်းစိန်ကဆက်လက်ပြောသည်။
သမ္မတဟောင်းဦးသိန်းစိန်ဂါရဝပြုပွဲသို့ ရွှေပြည်တော်ဆုံမှတ်အသင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် စုစုပေါင်း ၃၂၀၀ ဦးတက်ရောက်ခဲ့သည်။
Image may contain: 1 person, crowd
Ref ; AKonthi
<zawgyi>

0 comments:

Post a Comment