Wednesday, January 15, 2020

မက်လုံးပေးမဲဆွယ်သည့် မမှန်ကန်သည့်နိုင်ငံရေးမျိုးကို ချေဖျက်ပစ်ရမည်ဖြစ်ပြီး ကောင်းမွန်မှန်ကန်စွာဆောင်ရွက်မည့်သူများကို ရွေးချယ်ပေးရန် ပျော်ဘွယ်ဒေသခံများအား ဦးသောင်းအေးတိုက်တွန်း

Image may contain: 2 people, people smiling, people sitting, child and outdoor

မက်လုံးပေးမဲဆွယ်သည့် မမှန်ကန်သည့်နိုင်ငံရေးမျိုးကို ချေဖျက်ပစ်ရမည်ဖြစ်ပြီး ကောင်းမွန်မှန်ကန်စွာဆောင်ရွက်မည့်သူများကို ရွေးချယ်ပေးရန် ပျော်ဘွယ်ဒေသခံများအား ဦးသောင်းအေးတိုက်တွန်းခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံစဉ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးသောင်းအေးက''နိုင်ငံရေးသမားဆိုတာ ကျောက်ဆစ်ရုပ်တောင် ခေါင်းညိတ်အောင်ပြောတာတဲ့။ကျွန်တော်လည်းနိုင်ငံရေးသမားဆိုတော့ ကျွန်တော်ပြောတာလည်း သိပ်မယုံနဲ့။ နိုင်ငံရေးသမားဆိုတာ အင်မတန်မှ ဗလောင်းဗလဲပြောတတ်တယ်။ ဒီအထဲက အသက်ကြီးတဲ့သူတွေ သိပါတယ်။ ပါလီမန်ခေတ်တုန်းက ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာ။ ကိုယ်မဲရဖို့အရေးကို မျိုးစုံလုပ်ခဲ့ကြတာဖြစ်တယ်။ အလှအပနဲ့ပြပြီးမဲဆွယ်တယ်။ ငွေကြေးဓနပြပြီး မဲဆွယ်တယ်။ လူတွေရဲ့ လိုအင်ဆန္ဒကိုကြည့်ပြီး မက်လုံးတွေနဲ့မဲဆွယ်တယ်။ဒါဟာ မမှန်ကန်တဲ့ နိုင်ငံရေးပါ။ ဒီလိုနိုင်ငံရေးမျိုးကို ကျွန်တော်တို့နိုင်ငံမှာ ချေဖျက်ပစ်ရမယ်။ ပါးစပ်ကတော့ ဘယ်လိုပြောပြော ပြောလို့ရတယ်" ဟု မဲဆန္ဒရှင်ပြည်သူများအား ပြောကြားခဲ့သည်။
ဒါ့အပြင် ''ကျွန်တော်တို့တိုင်းပြည်မှာ ပါတီပေါင်း ရာချီတယ်။ သူတို့ရဲ့ ရင်ထဲမှာလည်း တိုင်းပြည်ကိုကောင်းအောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့ဖြစ်ကောင်းဖြစ်လိမ့်မယ်။သို့သော် တကယ်လုပ်နိုင်ရဲ့လား၊ လုပ်ရောလုပ်တတ်ရဲ့လား၊ လုပ်ခဲ့တဲ့အတွေ့အကြုံရောရှိရဲ့လား။ အရေးကြီးတာက သူ့မှာ စိတ်ရင်းစေတနာကောင်း ရှိဖို့လိုတယ်။ပြည်သူတွေကို ချစ်ဖို့လိုတယ်။ ပြည်သူ့ဘ၀၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး မပျောက်ပျက်သွားဖို့လိုတယ်။ ပဲ့မသွားဖို့လိုတယ်။ ပြည်သူတွေဘဝအေးချမ်းအောင်၊ လုံခြုံအောင် လုပ်ပေးမယ်ဆိုတဲ့ စိတ်ရင်းစေတနာကို မြင်အောင်ကြည့်ကြပါ။ အဲ့လိုတွေကို ရွေးမှ ပြည်သူတွေအားလုံး အေးအေးချမ်းချမ်း နေရမယ်။ ဒီရမည်းသင်းခရိုင်က ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီက အနိုင်ရထားတယ်။ တစ်တိုင်းပြည်လုံးမှာတော့ နိုင်တဲ့နေရာနည်းခဲ့တယ်။ ဒါကြောင့်လည်းမဲဆွယ်တဲ့အခါမှာအစိုးရဖွဲ့နိုင်ရင် လုပ်ပေးမယ်ဆိုပြီး မဲဆွယ်ကြတာပေါ့။ နေရာအနည်းငယ်ပဲနိုင်တော့ ကျွန်တော်တို့က ဥပဒေပြုရေးကဏ္ဍမှာပဲရှိနေတယ်။ သို့သော် အဲ့လိုရှိနေသော်လည်း လွှတ်တော်ထဲမှာ ကျွန်တော်တို့ ဘာပဲတင်တင် ရှုံးတာကြချည်းပဲ။လူနည်းစုပဲရှိတော့လေ။ ဒီမိုကရေစီကျင့်စဉ်မှာ ဒီလိုမဟုတ်ဘူး။ အများစုရဲ့ဆန္ဒကို လက်ခံရမှာဖြစ်သလို အနည်းစုရဲ့ဆန္ဒကိုလည်း ပစ်ပယ်လို့မရဘူး။ ဒါကြောင့် အများစုအနိုင်ရထားတဲ့သူတွေက မှန်မှန်ကန်ကန် မျှမျှတတလုပ်မှဖြစ်မှာပေါ့။ အခုလက်ရှိအခြေအနေတွေကို သုံးသပ်ပါ။လာမယ့်ကာလမှာတော့ တကယ်ကောင်းမွန်မှန်ကန်တဲ့ကောင်းမွန်တဲ့လူတွေ၊ တကယ်တော်တဲ့လူတွေအစောကနေရာတွေကို ရောက်ဖို့အတွက် ကြိုးစားပေးကြပါ။ ဒါကြောင့် ကောင်းမွန်စွာ လုပ်ပေးနိုင်မယ့်သူတွေကို ရွေးချယ်ပေးဖို့ တိုက်တွန်းပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
"၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသုံးရပ်ကို ပိုင်းခြားသုံးပြုရတယ်။ ဒီအာဏာသုံးရပ်ကလည်း ပြည်သူတွေဆီကလာတာ။ ဒါကြောင့် အုပ်ချုပ်တဲ့သူတွေ၊ဥပဒေပြုတဲ့အဆင်မပြေဘူးလား၊ အဲဒီ အုပ်ချုပ်၊ ဥပဒေပြု တရားစီရင်တဲ့သူတွေကောင်းတယ်ဆိုရင် ကောင်းမယ်။ ဆိုလိုတာက ပြည်သူတွေက လူကောင်းသူကောင်းတွေ ရွေးပေးလိုက်ရင် ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ကောင်းမွန်တဲ့တရားစီရင်မှု၊ ကောင်းမွန်တဲ့ ဥပဒေပြုမှုတွေဖြစ်လာမယ်။ လူမကောင်းသူမကောင်းတွေကို ရွေးပေးလိုက်ရင်တော့ အုပ်ချုပ်ရေးလည်းကောင်းမွန်မှာမဟုတ်ဘူး။ တရားစီရင်ရေးလည်းကောင်းမွန်မှာမဟုတ်ဘူး။ ဥပဒေပြုရေးလည်း ကောင်းမွန်မှာ မဟုတ်ဘူး။ အဲဒီသုံးရပ်လုံး မကောင်းရင် ပြည်သူပဲခံစားရတယ်။ ကောင်းမွန်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားရင်တော့ ပြည်သူတွေလည်း လုံခြုံမယ်။ညသန်းခေါင်လည်းသွားလို့ရမယ်။ တံခါးဖွင့်ပြီး အိပ်လို့ရမယ်။ အဲ့ဒီလို ဥပဒေတွေက အကာအကွယ်ပေးတယ် မပေးဘူးဆိုတာ ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့သူတွေအပေါ်မှာ မူတည်တယ်။
ပြည်သူတွေကရွေးပေးလိုက်ရင်တော့ အဲ့ဒီလူတွေက သူတို့ဆန္ဒရှိသလို လုပ်ကြမှာပဲ။ ပြည်သူက အရေးကြီးတယ်ဆိုတာ အဲ့ဒါကိုပြောတာ။ ပြည်သူကကောင်းမွန်တဲ့လူတွေကို ရွေးပေးနိုင်မှဒီမိုကရေစီခေတ်မှာ အဲ့ဒီတိုင်းပြည်ကကောင်းမှာ။ ပြည်သူတွေ ဘ၀င်တွေ့မယ့်ဟာတွေပဲပြောပြီးတော့ စည်းရုံးသိမ်းသွင်းသွားတာနဲ့ နားယောင်ပြီးတော့ ရွေးမိလိုက်လို့ ဒီလူတွေဟာမင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေဆိုရင် တစ်ချိန်မှာ ဘီလူးရုပ်ပေါ်လာမှာပဲ။ အဲ့ဒီအချိန်ကျရင်တော့ ဘာမှလုပ်လို့မရတော့ဘူး။ ဒါကြောင့် ကောင်းမွန်မှန်ကန်စွာ လုပ်မယ့်လူတွေကိုရွေးချယ်ပေးဖို့လိုပါတယ် ဟု ဒေသခံပြည်ူများအား ပြောကြားခဲ့သည်။

''ကျွန်တော်ကတော့ မိဘပြည်သူတွေကို အားကိုးတယ်။ယုံကြည်တယ်။ မိဘပြည်သူတွေက ကိုယ့်ကိုယ်စား ပြည်သူကိုယ်စားလှယ်တွေရွေးပြီး အုပ်ချုပ်တာ။ ဒီလူတွေက ကောင်းကောင်းမွန်မွန် အုပ်ချုပ်မှ ကိုယ်လည်း ကောင်းကောင်းမွန်မွန်နဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ အကုန်အဆင်ပြေမယ်။ အဲ့တော့ သူတို့မဟုတ်တရုတ်ဖြစ်နေရင် ကိုယ်လည်းအဆင်ပြေမှာမဟုတ်ဘူး။တိုင်းပြည်လည်း တိုးတက်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် တိုင်းပြည်နဲ့လူမျိုး၊ ဘာသာ၊ သာသနာအပေါ် တကယ့်မေတ္တာ၊ စေတနာရှိတဲ့ တကယ်လုပ်နိုင်ကိုင်နိုင်၊လုပ်ချင်ကိုင်ချင်တဲ့ပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး မဲပေးမှရမယ်" လို့လည်း ဒေသခံမဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံစဉ် ဦးသောင်းအေးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Image may contain: 4 people, people smiling, people standing
Image may contain: 2 people, people standing, child and outdoor
Image may contain: 25 people, crowd
Image may contain: 2 people, people sitting and indoor
Image may contain: 1 person, standing
Image may contain: 1 person, outdoor
Image may contain: 1 person
Image may contain: 16 people, people sitting, table and child
Source : U Thaung Aye'Fb #Myanmar_Online_News
<<Zawgyi>>
မက်လုံးပေးမဲဆွယ်သည့် မမှန်ကန်သည့်နိုင်ငံရေးမျိုးကို ချေဖျက်ပစ်ရမည်ဖြစ်ပြီး ကောင်းမွန်မှန်ကန်စွာဆောင်ရွက်မည့်သူများကို ရွေးချယ်ပေးရန် ပျော်ဘွယ်ဒေသခံများအား ဦးသောင်းအေးတိုက်တွန်း
Wednesday , January 15 , 2020

မက်လုံးပေးမဲဆွယ်သည့် မမှန်ကန်သည့်နိုင်ငံရေးမျိုးကို ချေဖျက်ပစ်ရမည်ဖြစ်ပြီး ကောင်းမွန်မှန်ကန်စွာဆောင်ရွက်မည့်သူများကို ရွေးချယ်ပေးရန် ပျော်ဘွယ်ဒေသခံများအား ဦးသောင်းအေးတိုက်တွန်းခဲ့သည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံစဉ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးသောင်းအေးက''နိုင်ငံရေးသမားဆိုတာ ကျောက်ဆစ်ရုပ်တောင် ခေါင်းညိတ်အောင်ပြောတာတဲ့။ကျွန်တော်လည်းနိုင်ငံရေးသမားဆိုတော့ ကျွန်တော်ပြောတာလည်း သိပ်မယုံနဲ့။ နိုင်ငံရေးသမားဆိုတာ အင်မတန်မှ ဗလောင်းဗလဲပြောတတ်တယ်။ ဒီအထဲက အသက်ကြီးတဲ့သူတွေ သိပါတယ်။ ပါလီမန်ခေတ်တုန်းက ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာ။ ကိုယ်မဲရဖို့အရေးကို မျိုးစုံလုပ်ခဲ့ကြတာဖြစ်တယ်။ အလှအပနဲ့ပြပြီးမဲဆွယ်တယ်။ ငွေကြေးဓနပြပြီး မဲဆွယ်တယ်။ လူတွေရဲ့ လိုအင်ဆန္ဒကိုကြည့်ပြီး မက်လုံးတွေနဲ့မဲဆွယ်တယ်။ဒါဟာ မမှန်ကန်တဲ့ နိုင်ငံရေးပါ။ ဒီလိုနိုင်ငံရေးမျိုးကို ကျွန်တော်တို့နိုင်ငံမှာ ချေဖျက်ပစ်ရမယ်။ ပါးစပ်ကတော့ ဘယ်လိုပြောပြော ပြောလို့ရတယ်" ဟု မဲဆန္ဒရှင်ပြည်သူများအား ပြောကြားခဲ့သည်။
ဒါ့အပြင် ''ကျွန်တော်တို့တိုင်းပြည်မှာ ပါတီပေါင်း ရာချီတယ်။ သူတို့ရဲ့ ရင်ထဲမှာလည်း တိုင်းပြည်ကိုကောင်းအောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့ဖြစ်ကောင်းဖြစ်လိမ့်မယ်။သို့သော် တကယ်လုပ်နိုင်ရဲ့လား၊ လုပ်ရောလုပ်တတ်ရဲ့လား၊ လုပ်ခဲ့တဲ့အတွေ့အကြုံရောရှိရဲ့လား။ အရေးကြီးတာက သူ့မှာ စိတ်ရင်းစေတနာကောင်း ရှိဖို့လိုတယ်။ပြည်သူတွေကို ချစ်ဖို့လိုတယ်။ ပြည်သူ့ဘဝ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး မပျောက်ပျက်သွားဖို့လိုတယ်။ ပဲ့မသွားဖို့လိုတယ်။ ပြည်သူတွေဘဝအေးချမ်းအောင်၊ လုံခြုံအောင် လုပ်ပေးမယ်ဆိုတဲ့ စိတ်ရင်းစေတနာကို မြင်အောင်ကြည့်ကြပါ။ အဲ့လိုတွေကို ရွေးမှ ပြည်သူတွေအားလုံး အေးအေးချမ်းချမ်း နေရမယ်။ ဒီရမည်းသင်းခရိုင်က ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီက အနိုင်ရထားတယ်။ တစ်တိုင်းပြည်လုံးမှာတော့ နိုင်တဲ့နေရာနည်းခဲ့တယ်။ ဒါကြောင့်လည်းမဲဆွယ်တဲ့အခါမှာအစိုးရဖွဲ့နိုင်ရင် လုပ်ပေးမယ်ဆိုပြီး မဲဆွယ်ကြတာပေါ့။ နေရာအနည်းငယ်ပဲနိုင်တော့ ကျွန်တော်တို့က ဥပဒေပြုရေးကဏ္ဍမှာပဲရှိနေတယ်။ သို့သော် အဲ့လိုရှိနေသော်လည်း လွှတ်တော်ထဲမှာ ကျွန်တော်တို့ ဘာပဲတင်တင် ရှုံးတာကြချည်းပဲ။လူနည်းစုပဲရှိတော့လေ။ ဒီမိုကရေစီကျင့်စဉ်မှာ ဒီလိုမဟုတ်ဘူး။ အများစုရဲ့ဆန္ဒကို လက်ခံရမှာဖြစ်သလို အနည်းစုရဲ့ဆန္ဒကိုလည်း ပစ်ပယ်လို့မရဘူး။ ဒါကြောင့် အများစုအနိုင်ရထားတဲ့သူတွေက မှန်မှန်ကန်ကန် မျှမျှတတလုပ်မှဖြစ်မှာပေါ့။ အခုလက်ရှိအခြေအနေတွေကို သုံးသပ်ပါ။လာမယ့်ကာလမှာတော့ တကယ်ကောင်းမွန်မှန်ကန်တဲ့ကောင်းမွန်တဲ့လူတွေ၊ တကယ်တော်တဲ့လူတွေအစောကနေရာတွေကို ရောက်ဖို့အတွက် ကြိုးစားပေးကြပါ။ ဒါကြောင့် ကောင်းမွန်စွာ လုပ်ပေးနိုင်မယ့်သူတွေကို ရွေးချယ်ပေးဖို့ တိုက်တွန်းပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
"၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသုံးရပ်ကို ပိုင်းခြားသုံးပြုရတယ်။ ဒီအာဏာသုံးရပ်ကလည်း ပြည်သူတွေဆီကလာတာ။ ဒါကြောင့် အုပ်ချုပ်တဲ့သူတွေ၊ဥပဒေပြုတဲ့အဆင်မပြေဘူးလား၊ အဲဒီ အုပ်ချုပ်၊ ဥပဒေပြု တရားစီရင်တဲ့သူတွေကောင်းတယ်ဆိုရင် ကောင်းမယ်။ ဆိုလိုတာက ပြည်သူတွေက လူကောင်းသူကောင်းတွေ ရွေးပေးလိုက်ရင် ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ကောင်းမွန်တဲ့တရားစီရင်မှု၊ ကောင်းမွန်တဲ့ ဥပဒေပြုမှုတွေဖြစ်လာမယ်။ လူမကောင်းသူမကောင်းတွေကို ရွေးပေးလိုက်ရင်တော့ အုပ်ချုပ်ရေးလည်းကောင်းမွန်မှာမဟုတ်ဘူး။ တရားစီရင်ရေးလည်းကောင်းမွန်မှာမဟုတ်ဘူး။ ဥပဒေပြုရေးလည်း ကောင်းမွန်မှာ မဟုတ်ဘူး။ အဲဒီသုံးရပ်လုံး မကောင်းရင် ပြည်သူပဲခံစားရတယ်။ ကောင်းမွန်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားရင်တော့ ပြည်သူတွေလည်း လုံခြုံမယ်။ညသန်းခေါင်လည်းသွားလို့ရမယ်။ တံခါးဖွင့်ပြီး အိပ်လို့ရမယ်။ အဲ့ဒီလို ဥပဒေတွေက အကာအကွယ်ပေးတယ် မပေးဘူးဆိုတာ ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့သူတွေအပေါ်မှာ မူတည်တယ်။
ပြည်သူတွေကရွေးပေးလိုက်ရင်တော့ အဲ့ဒီလူတွေက သူတို့ဆန္ဒရှိသလို လုပ်ကြမှာပဲ။ ပြည်သူက အရေးကြီးတယ်ဆိုတာ အဲ့ဒါကိုပြောတာ။ ပြည်သူကကောင်းမွန်တဲ့လူတွေကို ရွေးပေးနိုင်မှဒီမိုကရေစီခေတ်မှာ အဲ့ဒီတိုင်းပြည်ကကောင်းမှာ။ ပြည်သူတွေ ဘဝင်တွေ့မယ့်ဟာတွေပဲပြောပြီးတော့ စည်းရုံးသိမ်းသွင်းသွားတာနဲ့ နားယောင်ပြီးတော့ ရွေးမိလိုက်လို့ ဒီလူတွေဟာမင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေဆိုရင် တစ်ချိန်မှာ ဘီလူးရုပ်ပေါ်လာမှာပဲ။ အဲ့ဒီအချိန်ကျရင်တော့ ဘာမှလုပ်လို့မရတော့ဘူး။ ဒါကြောင့် ကောင်းမွန်မှန်ကန်စွာ လုပ်မယ့်လူတွေကိုရွေးချယ်ပေးဖို့လိုပါတယ် ဟု ဒေသခံပြည်ူများအား ပြောကြားခဲ့သည်။

''ကျွန်တော်ကတော့ မိဘပြည်သူတွေကို အားကိုးတယ်။ယုံကြည်တယ်။ မိဘပြည်သူတွေက ကိုယ့်ကိုယ်စား ပြည်သူကိုယ်စားလှယ်တွေရွေးပြီး အုပ်ချုပ်တာ။ ဒီလူတွေက ကောင်းကောင်းမွန်မွန် အုပ်ချုပ်မှ ကိုယ်လည်း ကောင်းကောင်းမွန်မွန်နဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ အကုန်အဆင်ပြေမယ်။ အဲ့တော့ သူတို့မဟုတ်တရုတ်ဖြစ်နေရင် ကိုယ်လည်းအဆင်ပြေမှာမဟုတ်ဘူး။တိုင်းပြည်လည်း တိုးတက်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် တိုင်းပြည်နဲ့လူမျိုး၊ ဘာသာ၊ သာသနာအပေါ် တကယ့်မေတ္တာ၊ စေတနာရှိတဲ့ တကယ်လုပ်နိုင်ကိုင်နိုင်၊လုပ်ချင်ကိုင်ချင်တဲ့ပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး မဲပေးမှရမယ်" လို့လည်း ဒေသခံမဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံစဉ် ဦးသောင်းအေးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : U Thaung Aye'Fb #Myanmar_Online_News

0 comments:

Post a Comment