Wednesday, January 22, 2020

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဝက်အူလှည့်ကိုင်ဆောင်ရမ်းကား ခဲ့သူ အငှားယာဉ်မောင်းအား ဖမ်းဆီးရမိ

Image may contain: one or more people, people standing and car

အမှုမှာ ၁၉-၁-၂၀၂၀ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် တရားလို ဦး----- သည် မိသားစုနှင့်အတူ နေအိမ်သို့ Toyota Ractis အမျိုးအစားယာဉ်ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပင်လုံလမ်းအတိုင်းမောင်းနှင်၍ပြန်လာစဉ် မန္တလေးဈေးအနီးအရောက် YGN 1H/---- Colt အမျိုးအစား ခဲရောင်အငှားယာဉ်မောင်းမှာ ဖုန်းပြောရင်းမောင်းနှင်နေသဖြင့် ကျော်တက်ခဲ့ကြောင်း၊ ကျောင်းလမ်းမီးပွိုင့်အနီးသို့ရောက်ချိန်တွင် အဆိုပါအငှားယာဉ်မှာ နောက်မှအရှိန်ပြင်းစွာမောင်းနှင်လိုက်ပါလာပြီး တရားလို၏ ယာဉ်ရှေ့တွင်ပိတ်ရပ်ခဲ့ကြောင်း၊ ယာဉ်ပေါ်မှ ယာဉ်မောင်းဖြစ်သူ အမည်မသိအမျိုးသားမှာ ဝက်အူလှည့် တစ်ခုအားကိုင်ဆောင်၍ ဆင်းလာပြီး တရားလို၏ကားတံခါးအား လက်သီးဖြင့်ထု၍ အတင်းဆွဲဖွင့်ခဲ့ရာ တရားလိုမှ တံခါးအားလော့ချလိုက်ရာ ဖွင့်မရသောကြောင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် တရားလို၏ ယာဉ်နောက်သို့ထပ်မံလိုက်လာခဲ့ပြီး ဝက်အူလှည့်အားကိုင်ဆောင်ကာ ဆဲဆိုခြိမ်းခြောက်၍ တရားလို၏ယာဉ်နောက်ဖုံးသို့ ဝက်အူလှည့်ဖြင့်ပစ်ပေါက်ခဲ့သဖြင့် ယာဉ်နောက်ဖုံးပျက်စီးသွားသောကြောင့် YGN 1H/---- Colt အမျိုးအစား ခဲရောင်အငှားယာဉ်မောင်းနှင်သူ အမည်မသိအမျိုးသားအား ဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။

အမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ တင့်လွင်(ခ)ညမင်းသား ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရှာဖွေ ဖမ်းဆီးခဲ့ရာ ၂၁-၁-၂၀၂၀ ရက်နေ့ ၁၇၃၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် အမှုဖြင့်ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ တင့်လွင်(ခ)ညမင်းသား အား စစ်ဆေးခဲ့ရာ အဆိုပါပြစ်မှုအားကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံပစ္စည်းများအားသိမ်းဆည်း၍ ပြစ်မှုကျူးလွန်သူ တင့်လွင်(ခ)ညမင်းသား ကို ဥပဒေနှင့်အညီအမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Image may contain: 1 person, outdoor
Image may contain: car and outdoor
Source : Yangon Police #Myanmar_Online_News
>>Zawgyi<<
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဝက်အူလှည့်ကိုင်ဆောင်ရမ်းကား ခဲ့သူ အငှားယာဉ်မောင်းအား ဖမ်းဆီးရမိ
Thursday , January 23 , 2020

အမှုမှာ ၁၉-၁-၂၀၂၀ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် တရားလို ဦး----- သည် မိသားစုနှင့်အတူ နေအိမ်သို့ Toyota Ractis အမျိုးအစားယာဉ်ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပင်လုံလမ်းအတိုင်းမောင်းနှင်၍ပြန်လာစဉ် မန္တလေးဈေးအနီးအရောက် YGN 1H/---- Colt အမျိုးအစား ခဲရောင်အငှားယာဉ်မောင်းမှာ ဖုန်းပြောရင်းမောင်းနှင်နေသဖြင့် ကျော်တက်ခဲ့ကြောင်း၊ ကျောင်းလမ်း မီးပွိုင့် အနီးသို့ရောက်ချိန်တွင် အဆိုပါအငှားယာဉ်မှာ နောက်မှအရှိန်ပြင်းစွာမောင်းနှင်လိုက်ပါလာပြီး တရားလို၏ ယာဉ်ရှေ့တွင်ပိတ်ရပ်ခဲ့ကြောင်း၊ ယာဉ်ပေါ်မှ ယာဉ်မောင်းဖြစ်သူ အမည်မသိအမျိုးသားမှာ ဝက်အူလှည့် တစ်ခုအားကိုင်ဆောင်၍ ဆင်းလာပြီး တရားလို၏ကားတံခါးအား လက်သီးဖြင့်ထု၍ အတင်းဆွဲဖွင့်ခဲ့ရာ တရားလိုမှ တံခါးအားလော့ချလိုက်ရာ ဖွင့်မရသောကြောင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် တရားလို၏ ယာဉ်နောက်သို့ထပ်မံလိုက်လာခဲ့ပြီး ဝက်အူလှည့်အားကိုင်ဆောင်ကာ ဆဲဆိုခြိမ်းခြောက်၍ တရားလို၏ယာဉ်နောက်ဖုံးသို့ ဝက်အူလှည့်ဖြင့်ပစ်ပေါက်ခဲ့သဖြင့် ယာဉ်နောက်ဖုံးပျက်စီးသွားသောကြောင့် YGN 1H/---- Colt အမျိုးအစား ခဲရောင်အငှားယာဉ်မောင်းနှင်သူ အမည်မသိအမျိုးသားအား ဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။
အမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ တင့်လွင်(ခ)ညမင်းသား ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရှာဖွေ ဖမ်းဆီးခဲ့ရာ ၂၁-၁-၂၀၂၀ ရက်နေ့ ၁၇၃၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် အမှုဖြင့်ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ တင့်လွင်(ခ)ညမင်းသား အား စစ်ဆေးခဲ့ရာ အဆိုပါပြစ်မှုအားကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံပစ္စည်းများအားသိမ်းဆည်း၍ ပြစ်မှုကျူးလွန်သူ တင့်လွင်(ခ)ညမင်းသား ကို ဥပဒေနှင့်အညီအမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source : Yangon Police #Myanmar_Online_News

0 comments:

Post a Comment