Tuesday, January 14, 2020

ချင်းမိုင်တွင် အလယ်တန်းကျောင်းသား ၁၀၀ ကျော် အစာအဆိပ်သင့်ပြီး ၆၀ ကျော် ဆေးရုံတက်ခဲ့ရ

Image may contain: one or more people, people sitting, living room and indoor

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြို့နယ်ထဲမှာ မနေ့ညနေပိုင်းက လေ့လာရေးခရီးထွက်တဲ့ အလယ်တန်းကျောင်းသား ၁၀၀ ကျော် အစာအဆိပ်သင့်ပြီး ၆၀ ကျော်လောက် ဆေးရုံတက်ရောက်ကုသခဲ့ရကြောင်း သိရပါတယ်။

အဆိုပါ ကျောင်းသူ ကျောင်းသားတွေဟာ ချင်းမိုင်မြို့ မုန်းဖော်တ် ပုဂ္ဂလိကအထက်တန်း ကျောင်းက ဖြစ်ပြီး ‌ ဒီလေ့လာရေးခရီးစဉ်မှာ ကျောင်းသား စုစုပေါင်း ၄၀၀ ကျော် ပါရှိကြောင်း၊ အစာအဆိပ်သင့်တဲ့ ကလေးတွေဟာ ကြက်ဥပြုတ်ကို အချဉ်ရည်နဲ့ တွဲစားပြီးတဲ့နောက် အော့အန်ဝမ်းလျှော ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အစာအဆိပ်သင့်ရတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ကလေးတွေကို ကျွေးတဲ့ အစားအစာနဲ့ အန်ဖတ်တွေကို ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးနေကာ ဆေးရုံတက်ရတဲ့ ကလေးတွေကိုတော့ ဓာတ်ဆားရည်တွေ ပေးထားပြီး အားလုံး အသက်ဘေးအန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေးဌာန ညွှန်မှူးက သတင်းထောက်တွေကို ပြောပါတယ်။
Source- ချင်းမိုင်နယူးစ် #Myanmar_Online_News

<zawgyi>
ချင်းမိုင်တွင် အလယ်တန်းကျောင်းသား ၁၀၀ ကျော် အစာအဆိပ်သင့်ပြီး ၆၀ ကျော် ဆေးရုံတက်ခဲ့ရ
Tuesday , January 14 , 2020

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြို့နယ်ထဲမှာ မနေ့ညနေပိုင်းက လေ့လာရေးခရီးထွက်တဲ့ အလယ်တန်းကျောင်းသား ၁၀၀ ကျော် အစာအဆိပ်သင့်ပြီး ၆၀ ကျော်လောက် ဆေးရုံတက်ရောက်ကုသခဲ့ရကြောင်း သိရပါတယ်။
အဆိုပါ ကျောင်းသူ ကျောင်းသားတွေဟာ ချင်းမိုင်မြို့ မုန်းဖော်တ် ပုဂ္ဂလိကအထက်တန်း ကျောင်းက ဖြစ်ပြီး ‌ ဒီလေ့လာရေးခရီးစဉ်မှာ ကျောင်းသား စုစုပေါင်း ၄၀၀ ကျော် ပါရှိကြောင်း၊ အစာအဆိပ်သင့်တဲ့ ကလေးတွေဟာ ကြက်ဥပြုတ်ကို အချဉ်ရည်နဲ့ တွဲစားပြီးတဲ့နောက် အော့အန်ဝမ်းလျှော ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အစာအဆိပ်သင့်ရတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ကလေးတွေကို ကျွေးတဲ့ အစားအစာနဲ့ အန်ဖတ်တွေကို ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးနေကာ ဆေးရုံတက်ရတဲ့ ကလေးတွေကိုတော့ ဓာတ်ဆားရည်တွေ ပေးထားပြီး အားလုံး အသက်ဘေးအန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေးဌာန ညွှန်မှူးက သတင်းထောက်တွေကို ပြောပါတယ်။
Source- ချင်းမိုင်နယူးစ် #Myanmar_Online_News

0 comments:

Post a Comment