Tuesday, January 14, 2020

တရုတ်နိုင်ငံ လမ်းမတစ်ခုတွင် မြေကျွံမှုဖြစ်ကာ ဘတ်စ်ကားတစ်စီးပြုတ်ကျ၊ လူ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဆေးရုံတင်ထားရ

Image may contain: night and outdoorImage may contain: one or more people and outdoor

တရုတ်နိုင်ငံမှာ ဧရာမ မြေကျွံ့ပေါက်ကြီးတစ်ခုပေါ်ပေါက်ခဲ့ပြီး ဘတ်စ်ကားတစ်စီးနဲ့ လမ်းသွား လမ်းလာတွေ တွင်းပေါက်ထဲဆွဲချခံလိုက်ရကာ ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် လူ ၁၀ ဦးလောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ယနေ့ ဖော်ပြပါတယ်။
အခင်းဖြစ်နေရာမှာ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုအရ အခင်းဖြစ် လမ်းပေါ်က ဘတ်စ်ကားမှတ်တိုင် တစ်ခုမှာ လူများစွာရှိနေကြပြီး ဘတ်စ်ကားတစ်စီးဆိုက်ရောက်လာချိန်မှာ ရုတ်တရက်မြေကျွံ့မှုဖြစ်သွားခဲ့ကာ ဘတ်စ်ကားနဲ့အတူ မှတ်တိုင်ရှိ လူများစွာ တွင်းပေါက်ထဲပြုတ်ကျသွားခဲ့တာတွေ့ရပါတယ်။
ဘတ်စ်ကားဟာ တစ်ဝက်ကျော်လောက်က မြေကြီးထဲ စိုက်ဝင်နေပြီး မိုးပေါ်ထောင်နေခဲ့ပါတယ်။ လမ်းပေါ်မှာရှိနေခဲ့တဲ့ ကလေး တစ်ဦးအပါအဝင် လူများစွာ တွင်းပေါက်ကြီးထဲထပ်ပြုတ်ကျခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်သွားခဲ့ပါတယ်။
ဆေးရုံတစ်ခုရဲ့ ရှေ့ကလမ်းမမှာ ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး တွင်းပေါက်ထဲကနေ ပေါက်ကွဲသံ တစ်ခုလည်း ကြားခဲ့ရပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေဆဲဖြစ်ကာ မြေကျွံမှုဖြစ်ရတဲ့ အကြောင်းရင်း ကို စစ်ဆေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ယခုဖြစ်ခဲ့တဲ့နေရာဟာ ကွင်ဟိုင်ပြည်နယ် ရှင်းနင်းမြို့မှာ တနင်္လာနေ့ ညနေ ၅ နာရီခွဲလောက်က ဖြစ်ခဲ့ပြီး လူ ၁၆ ဦး ဆေးရုံတင်ထားရတယ်လို့ CCTV က ဆက်လက်ဖော်ပြပါတယ်။
Ref : The Straits Times #Myanmar_Online_News

<zawgyi>
တရုတ်နိုင်ငံ လမ်းမတစ်ခုတွင် မြေကျွံမှုဖြစ်ကာ ဘတ်စ်ကားတစ်စီးပြုတ်ကျ၊ လူ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဆေးရုံတင်ထားရ
Tuesday , January 14 , 2020

တရုတ်နိုင်ငံမှာ ဧရာမ မြေကျွံ့ပေါက်ကြီးတစ်ခုပေါ်ပေါက်ခဲ့ပြီး ဘတ်စ်ကားတစ်စီးနဲ့ လမ်းသွား လမ်းလာတွေ တွင်းပေါက်ထဲဆွဲချခံလိုက်ရကာ ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် လူ ၁၀ ဦးလောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ယနေ့ ဖော်ပြပါတယ်။
အခင်းဖြစ်နေရာမှာ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုအရ အခင်းဖြစ် လမ်းပေါ်က ဘတ်စ်ကားမှတ်တိုင် တစ်ခုမှာ လူများစွာရှိနေကြပြီး ဘတ်စ်ကားတစ်စီးဆိုက်ရောက်လာချိန်မှာ ရုတ်တရက်မြေကျွံ့မှုဖြစ်သွားခဲ့ကာ ဘတ်စ်ကားနဲ့အတူ မှတ်တိုင်ရှိ လူများစွာ တွင်းပေါက်ထဲပြုတ်ကျသွားခဲ့တာတွေ့ရပါတယ်။
ဘတ်စ်ကားဟာ တစ်ဝက်ကျော်လောက်က မြေကြီးထဲ စိုက်ဝင်နေပြီး မိုးပေါ်ထောင်နေခဲ့ပါတယ်။ လမ်းပေါ်မှာရှိနေခဲ့တဲ့ ကလေး တစ်ဦးအပါအဝင် လူများစွာ တွင်းပေါက်ကြီးထဲထပ်ပြုတ်ကျခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်သွားခဲ့ပါတယ်။
ဆေးရုံတစ်ခုရဲ့ ရှေ့ကလမ်းမမှာ ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး တွင်းပေါက်ထဲကနေ ပေါက်ကွဲသံ တစ်ခုလည်း ကြားခဲ့ရပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေဆဲဖြစ်ကာ မြေကျွံမှုဖြစ်ရတဲ့ အကြောင်းရင်း ကို စစ်ဆေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ယခုဖြစ်ခဲ့တဲ့နေရာဟာ ကွင်ဟိုင်ပြည်နယ် ရှင်းနင်းမြို့မှာ တနင်္လာနေ့ ညနေ ၅ နာရီခွဲလောက်က ဖြစ်ခဲ့ပြီး လူ ၁၆ ဦး ဆေးရုံတင်ထားရတယ်လို့ CCTV က ဆက်လက်ဖော်ပြပါတယ်။
Ref : The Straits Times #Myanmar_Online_News

0 comments:

Post a Comment