Tuesday, January 14, 2020

တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ လူမှုရေးပြဿနာများစွာဖြစ်ပွားခဲ့သည့် မြဝတီတွင် တရုတ်နိုင်ငံသားများကို စတင်စစ်ဆေး

Image may contain: 4 people, people standing and outdoor

တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ လူမှုပြဿနာများစွာဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့၌ နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသားများကို ရဲတပ်ဖွဲ့၊ လဝက တို့ပါဝင်သော ပူးပေါင်းအဖွဲ့က စတင်စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

နေထိုင်နေမှုသည် တရားဝင်ခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေထိုင်နေခြင်းရှိ /မရှိ လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ကရင်ပြည်နယ် မြဝတီမြို့တွင် တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ လူမှုရေးပြဿနာများစွာဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများက ကန့်ကွက်မှုများပေါ်ပေါက်ခဲ့သည်။
တရုတ်နိုင်ငံသားများက မူးယစ်ကာ အုပ်စုဖွဲ့ လူမြင်ကွင်း အပေါ့သွားမှု၊ စာသင်ကျောင်းအတွင်းအုပ်စုလိုက်ဝင် မူးယစ်ကာ အပေါ့သွားမှု ၊ တရုတ်ဆိုင်းပုဒ်ပါချိတ်ထားသော ဆိုင်များ ပေါများလာမှု စသည့်ကိစ္စများဖြစ်ပွားခဲ့ပြီး ဒေသခံများက ကန့်ကွက်မှုများပြုလုပ်ခဲ့ကြသည်။
Image may contain: 3 people, people standing and outdoor
Image may contain: 3 people, people standing
Image may contain: one or more people
Source- ကိုဝင်းဇော် #Myanmar_Online_News

<zawgyi>
တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ လူမှုရေးပြဿနာများစွာဖြစ်ပွားခဲ့သည့် မြဝတီတွင် တရုတ်နိုင်ငံသားများကို စတင်စစ်ဆေး
Tuesday , January 14 , 2020

တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ လူမှုပြဿနာများစွာဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့၌ နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသားများကို ရဲတပ်ဖွဲ့၊ လဝက တို့ပါဝင်သော ပူးပေါင်းအဖွဲ့က စတင်စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
နေထိုင်နေမှုသည် တရားဝင်ခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေထိုင်နေခြင်းရှိ /မရှိ လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ကရင်ပြည်နယ် မြဝတီမြို့တွင် တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ လူမှုရေးပြဿနာများစွာဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများက ကန့်ကွက်မှုများပေါ်ပေါက်ခဲ့သည်။
တရုတ်နိုင်ငံသားများက မူးယစ်ကာ အုပ်စုဖွဲ့ လူမြင်ကွင်း အပေါ့သွားမှု၊ စာသင်ကျောင်းအတွင်းအုပ်စုလိုက်ဝင် မူးယစ်ကာ အပေါ့သွားမှု ၊ တရုတ်ဆိုင်းပုဒ်ပါချိတ်ထားသော ဆိုင်များ ပေါများလာမှု စသည့်ကိစ္စများဖြစ်ပွားခဲ့ပြီး ဒေသခံများက ကန့်ကွက်မှုများပြုလုပ်ခဲ့ကြသည်။
Source- ကိုဝင်းဇော် #Myanmar_Online_News

0 comments:

Post a Comment