Thursday, January 23, 2020

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအရ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး ထုတ်ပြန်

Image may contain: text

ပြီးခဲ့သည့်ရက်ပိုင်းက တရားဝင် ထုတ်ပြန်လိုက်သည့် ရခိုင်ပြည်နယ်အရေး လွတ်လပ်သောစုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ ရာဇဝတ် မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရေးနှင့် အထောက်အထားများ ခိုင်လုံပါက တရားစွဲဆိုမှုများပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အရေး လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးနေသည့် အဆိုပါ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE) ၏ နောက်ဆုံးအပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီလ ၂၀ ရက် နေ့က အစိုးရထံ တရားဝင်ပေးအပ်ခဲ့သည်။
၂၀၁၇ သြဂုတ်လအတွင်း အာဆာ (ARSA) အကြမ်းဖက် တိုက်ခိုက်မှုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တန်ပြန်လုံခြုံရေးလုပ်ငန်းစဉ်များကြောင့် ပဋိပက္ခဒေသများမှာ စစ်တလင်းဖြစ်ခဲ့ကာ အစုလိုက် သတ်ဖြတ်မှု၊ အိုးအိမ်စည်းစိမ်ဖျက်ဆီးမှု စသည့် ဆိုးရွားသည့်ရာဇဝတ်မှုများကို ICOE တိုက်ခိုက်ရေးသမားများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ အရပ်သား လူရမ်းကားများနှင့် လူအုပ်စုများ စသည့်အဖွဲ့ပေါင်းစုံက ကျူးလွန်ခဲ့ပြီး ယင်းပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ကာ တရားဥပဒေအရ အရေးယူရန် ICOE အစီရင်ခံစာတွင် တိုက်တွန်းထားသည်။
ICOE အစီရင်ခံစာအရ လူပုဂ္ဂိုလ် တစ်ဦးချင်းစီအလိုက် ကျူးလွန်ခဲ့သည့် ပြစ်မှုများ၊ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွေ့ရှိရသော်လည်း နိုင်ငံတကာအစီရင်ခံစာများက စွပ်စွဲချက်များကဲ့သို့ ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျကျူးလွန်သည့်အထောက်အထားများ မတွေ့ရကြောင်းလည်း ဖော်ပြထားသည်။
စာမျက်နှာ ၄၅၀ ကျော်ပါဝင်သည့် အဆိုပါအစီရင်ခံစာကို နိုင်ငံတော်သမ္မတ မှတစ်ဆင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေနှင့်လည်း အစီရင်ခံစာပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို စုံစမ်းစစ်ဆေး တရားစွဲဆို အရေးယူမှုအခြေအနေကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီး သတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်ကလည်း သဘောထားထုတ်ပြန်ချက်တစ်စောင် ကို ထုတ်ပြန်ခဲ့ပြီး တပ်မတော်အနေနှင့် ICOE ၏ အစီရင်ခံစာပါ တပ်မတော်နှင့် စပ်လျဉ်းသည့် အကြုံပြုချက်များကို လေ့လာသွားမည့်အပြင် စစ်ဥပဒေချုပ်ရုံးကလည်း အစီရင်ခံစာတစ်ခုလုံးကို အသေးစိတ်လေ့လာသွားမည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တပ်မတော်အနေနှင့် ကြိုတင်ကြံရွယ်ချက်မရှိဘဲ ARSA အဖွဲ့များနှင့် ဒေသရှိသူများ၏ အကြမ်းဖက် တိုက်ခိုက်မူများကြောင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ဒေသခံတိုင်းရင်းသားများ၏အသက် အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ကွပ်ကဲမှုအဆင့် ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံး၏ တွေ့ရှိချက်အရ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်သည်ဟု ခိုင်လုံသည့် သက်သေအထောက်အထားတွေ့ရှိခဲ့ပါက စစ်ဘက်တရားစီရင်ရေး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သတင်းထုတ် ပြန်ခဲ့သည်။
အဆိုပါ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ သြဂုတ်လပိုင်း က မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်စလင်၊ ရခိုင်၊ မြိုနှင့် ဒိုင်းနက်အပါအဝင် လူမှုအသိုင်းအဝိုင်း အသီးသီးကို စုံစမ်းမေးမြန်းကာ ပြုစုခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE) က သတင်းထုတ် ပြန်ခဲ့သည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလိုနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇို အိုရှီးမား၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အစိုးရအနေနှင့် ကော်မတီ၊ ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် အဖွဲ့များဖွဲ့စည်းထားပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ၂ ခု ဖွဲ့စည်းထားကာ တပ်မတော်ကလည်း ဂူတာပြင်အရေးနှင့်ပတ်သက်ကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၁ ခု ဖွဲ့စည်း၍ စစ်တရားရုံးဖွင့်ကာ ဆောင်ရွက်နေသည်။
Image may contain: outdoor
Source : Office of the Attorney General #Myanmar_Online_News
>>Zawgyi<<
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအရ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး ထုတ်ပြန်
Thursday , January 23 , 2020

0 comments:

Post a Comment