Thursday, January 16, 2020

တရုတ်သမ္မတခရီးစဉ်က မြန်မာနိုင်ငံအတွက် ထူးခြားမှုများရှိလာနိုင်ဟု နယ်ပယ်စုံမှ သုံးသပ်

Image may contain: outdoor

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးစတဲ့ ကဏ္ဍအတော်များများမှာ တရုတ်နိုင်ငံရဲ့ အရေးပါမှုတွေ ရှိနေတဲ့အတွက် တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ထူးခြားမှုတွေရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ သတင်းစာဆရာအချို့က သုံးသပ်ကြပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ သမိုင်းကြောင်းအရကော လက်ရှိမျက်မှောက်ကာလအထိပါ ဆက်ဆံရေးကြရှည်ခဲ့ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးမှာ သက်ရောက်မှုတွေ အများကြီးရှိတယ်လို့ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

" တရုတ်အစိုးရဆီက တစ်စုံတရာညှိနှိုင်းမှု ကတိကဝတ် ဒီဘက်ကလည်း မေတ္တာရပ်ခံမှု တစ်ခု ခုရှိလိမ့်မယ်လို့ ထင်တယ်။ အဲလို ရှိလာခဲ့ရင်လည်း တရုတ်ဘက် တောင်းဆိုမှုတွေရှိလိမ့်မယ်လို့ ထင်တယ်။ တရုတ်သမ္မတ ခရီးစဉ်ကတာ့ ၂၀၂၀ အတွက်ရော ငြိမ်းချမ်းရေးအတွက်ရော ရွေးကောက်ပွဲရော အရေးကြီးတယ်လို့ ထင်ပါတယ်" လို့ ဦးကျော်မင်းဆွေက သုံးသပ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ တရုတ်သမ္မတလာတာဟာ ယေဘုယျအားဖြင့် အကျိုးကျေးဇူးရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကိုလာတာဟာ သူတို့ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွေရဲ့ အစိတ်အပိုင်းတွေကြောင့် လာတာဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုပါတယ်။
" ပြဿနာက ကျွန်တော်တို့က ဘာလိုချင်တာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် မသိဘူး ဖြစ်နေတယ် " လို့ ပြောဆိုပါတယ်။

တရုတ်သမ္မတခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ခရီးစဉ် ဖြစ်ပြီး မြန်မာအစိုးရက ကြုံတွေနေရတဲ့ အခြေအနေတွေကိုပြောပြနိုင်ရင် မြန်မာနိုင်ငံအတွက် အကျိုးရှိတယ်လို့ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို မဟာဗျူဟာကျတဲ့ နိုင်ငံအဖြစ်သဘောထားတဲ့အတွက် အခုလာတာဟာ စီမံကိန်းတွေကို တွန်းတွန်းတိုက်တိုက် လုပ်ဖို့ဆိုတာထက် မြန်မာနိုင်ငံနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံရေးရအောင်လုပ်ဖို့ ပထမဆုံးခြေလှမ်းအဖြစ်လာတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
" ဆိုလိုတာကတော့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် မဟာဗျူဟာ ကျကျစဉ်းစားထားတဲ့ အခြေခံပေါ်မှာ မြန်မာပြည်ကို ဆက်ဆံတာဖြစ်ပါတယ်" လို့ ပြောပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကိုဇန်နဝါရီ (၁၇)နဲ့ (၁၈) ရက်တွေမှာ နှစ်ရက်ကြာခရီးစဉ်အဖြစ် လာရောက်မှာ ဖြစ်ပါတယ်။ ချစ်ကြည်ရေးခရီး လာရောက်မယ့် တရုတ်သမ္မရှိကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို (၂၀၀၉)ခုနှစ်က ဒုတိယသမ္မတအနေနဲ့ လာရောက်ခဲ့ပြီး (၁၀)နှစ်အကျော်အကြာမှာ သမ္မတတစ်ဦးအနေနဲ့ လာရောက်ခဲ့တာဖြစ်ပါတယ်။
သတင်း- မိုးမြင့်ဇော်
<zawgyi>
တရုတ်သမ္မတခရီးစဉ်က မြန်မာနိုင်ငံအတွက် ထူးခြားမှုများရှိလာနိုင်ဟု နယ်ပယ်စုံမှ သုံးသပ်
Thursday , January 16 , 2020

0 comments:

Post a Comment