Tuesday, January 14, 2020

ကျောက်မဲမှာ ရာထူးတိုး ဖြေပီး ပြန်လာတဲ့ ကျောင်းဆရာမကား တိမ်းမှောက်၊ ၆ဦးဒဏ်ရာရ

Image may contain: 4 people, outdoorImage may contain: 5 people, people standing and outdoor

ဇန်နာဝါရီလ ၁၄ရ က်နေ့ ညနေ ၃နာရီခွဲမှာ ကျောက်မဲမြို့ပေါ်ကို ရာထူးတိုး လာရောက်ဖြေဆိုတဲ့ ကျောင်းဆ ရာမတွေ စီးနှင်းလာတဲ့ ကားဟာ ရွာသို့အပြန် ခုံငင်းတံတားအကျော်နားလေးမှာ တိမ်းမှောက်ခဲ့ပြီး ဆရာမ ၆ဦး ဒဏ်ရာရခဲ့ကြပါတယ်။

ဒဏ်ရာရတဲ့ထဲက ဆရာမ ၁ဦးဟာ ခါးကို ထိထားလို့ ဒဏ်ရာအနည်းငယ်ပြင်းထန်တယ်လို့ အိုမ်တမောဝ်လူမှုကူညီရေးအသင်း အဖွဲ့က မိုသ်းအဘမ်းက ပြောပါတယ်။
"ကားက ဖိုးဝီးကား။ အဲတောင်အတက်မှာ ဂီယာချိန်းဖို့ စပယ်ယာက ကျိုင်းတုံးခုတာ မသေသပ်လို့ နောက်ပြန်ဆုတ်ပြီး မှောက်သွားတာ။ စီးလာတဲ့ လူတွေကများတယ်။ ဒါမဲ့ ၆ယောက် ပဲ ဒဏ်ရာရတယ်။ ၁ယောက်ကတော့ ခါးထိလို့ မလှုပ်နိုင်သေးဘူး။ ကျန်တဲ့လူတွေက လက်တို့၊ ခြေထောက်တို့ နည်းနည်းစီ ထိထားတာ"လို့ မိုင်းအဘမ်းက ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ဆရာမတွေဟာ အာပြောင်ကျေးရွာက ၄ဦးနဲ့ မန်ကန်ကျေးရွာက ၂ဦးတို့ ဖြစ်ကြပါတယ်။
"အဲနေ့က ဆရာမတွေများတယ်။ အချို့က ဆိုင်ကယ်နဲ့။ ခုမှောက်သွားတာက ဒီလောက်ထိလို့ ‌ကံကောင်းတယ်လို့ ပြောရမယ်"လို့ မိုင်းအဘမ်းက ဆက်ပြောပါတယ်။
ဒဏ်ရာရရှိထားတဲ့ လူတွေကို အိုမ်တမောဝ်လူမှုကူညီရေးအသင်းနဲ့ ကြက်ခြေနီတို့က သွားရောက်ကယ်ဆယ်ထားပြီး ကျောက်မဲဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
Image may contain: 2 people, people standing, child and outdoor
သတင်း - မိုင်းအနိုင်
ဓာတ်ပုံ - အိုမ်တမောဝ်လူမှုကူညီရေးအသင်း
<zawgyi>
ကျောက်မဲမှာ ရာထူးတိုး ဖြေပီး ပြန်လာတဲ့ ကျောင်းဆရာမကား တိမ်းမှောက်၊ ၆ဦးဒဏ်ရာရ
Wednesday , January 15 , 2020

ဇန်နာဝါရီလ ၁၄ရ က်နေ့ ညနေ ၃နာရီခွဲမှာ ကျောက်မဲမြို့ပေါ်ကို ရာထူးတိုး လာရောက်ဖြေဆိုတဲ့ ကျောင်းဆ ရာမတွေ စီးနှင်းလာတဲ့ ကားဟာ ရွာသို့အပြန် ခုံငင်းတံတားအကျော်နားလေးမှာ တိမ်းမှောက်ခဲ့ပြီး ဆရာမ ၆ဦး ဒဏ်ရာရခဲ့ကြပါတယ်။
ဒဏ်ရာရတဲ့ထဲက ဆရာမ ၁ဦးဟာ ခါးကို ထိထားလို့ ဒဏ်ရာအနည်းငယ်ပြင်းထန်တယ်လို့ အိုမ်တမောဝ်လူမှုကူညီရေးအသင်း အဖွဲ့က မိုသ်းအဘမ်းက ပြောပါတယ်။
"ကားက ဖိုးဝီးကား။ အဲတောင်အတက်မှာ ဂီယာချိန်းဖို့ စပယ်ယာက ကျိုင်းတုံးခုတာ မသေသပ်လို့ နောက်ပြန်ဆုတ်ပြီး မှောက်သွားတာ။ စီးလာတဲ့ လူတွေကများတယ်။ ဒါမဲ့ ၆ယောက် ပဲ ဒဏ်ရာရတယ်။ ၁ယောက်ကတော့ ခါးထိလို့ မလှုပ်နိုင်သေးဘူး။ ကျန်တဲ့လူတွေက လက်တို့၊ ခြေထောက်တို့ နည်းနည်းစီ ထိထားတာ"လို့ မိုင်းအဘမ်းက ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ဆရာမတွေဟာ အာပြောင်ကျေးရွာက ၄ဦးနဲ့ မန်ကန်ကျေးရွာက ၂ဦးတို့ ဖြစ်ကြပါတယ်။
"အဲနေ့က ဆရာမတွေများတယ်။ အချို့က ဆိုင်ကယ်နဲ့။ ခုမှောက်သွားတာက ဒီလောက်ထိလို့ ‌ကံကောင်းတယ်လို့ ပြောရမယ်"လို့ မိုင်းအဘမ်းက ဆက်ပြောပါတယ်။
ဒဏ်ရာရရှိထားတဲ့ လူတွေကို အိုမ်တမောဝ်လူမှုကူညီရေးအသင်းနဲ့ ကြက်ခြေနီတို့က သွားရောက်ကယ်ဆယ်ထားပြီး ကျောက်မဲဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
သတင်း - မိုင်းအနိုင်
ဓာတ်ပုံ - အိုမ်တမောဝ်လူမှုကူညီရေးအသင်း

0 comments:

Post a Comment